၂၀၂၄ခုနှစ်၊ အပြည်ပြည်ဆိုင်ရာမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပခြင်း (ရန်ကုန်တိုင်းဒေသကြီး)

၂၀၂၄ခုနှစ်၊ မတ်လ(၈)ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားအား ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးကော်မတီမှကြီးမှူး၍ (၈.၃.၂၀၂၄) ရက်နေ့ နံနက်(၀၉:၀၀)နာရီတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ မင်္ဂလာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားကျင်းပခြင်း ( တနင်္သာရီတိုင်းဒေသကြီး)

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမတွင် “အရှိန်အဟုန်ဖြင့် တိုးတက်ရေး အမျိုးသမီးများတွင် မြှပ်နှံပေး” ဟူသော ဆောင်ပုဒ်နှင့်အညီ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အခမ်းအနားကို(၈.၃.၂၀၂၄)ရက်နေ့ နံနက် (၉:၃၀)အချိန်၌ ကျင်းပဆောင်ရွက်ခဲ့ပါသည်။

Gender,CEDAW,NSPAW ဆိုင်ရာ အသိပညာပေးသင်တန်းပြုလုပ် (၂၅.၂.၂၀၂၄)

လူမှုဝန်ထမ်းဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ ဦးဆောင်၍ ပုသိမ်ခရိုင်အတွင်းရှိ တိုင်းရင်းသားအမျိုးသမီးစာပေ/ ယဉ်ကျေးမှုအဖွဲ့အစည်းများမှ အဖွဲ့ဝင်များအား Gender, CEDAW, NSPAW ဆိုင်ရာအသိပညာပေးသင်တန်းကို (၂၅.၂.၂၀၂၄) ရက်နေ့တွင် ကန်ကြီးထောင့်မြို့နယ်၊ ဝါးဒူးကျေးရွာအုပ်စု၊ အနောက်စုကြီးကျေးရွာ၌ တရားဝင်မှတ်ပုံတင်ထားသော တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့အစည်းများမှ သင်တန်းသား(၅၀)ဦးဖြင့် ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး၊ ဒေါ်မြမာလာစိုးက NSPAW နှင့်ပတ်သက်၍ ဒုတိယ(၁၀)နှစ်တာကာလအတွင်း ရေး...

မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဟောပြောပွဲနှင့် မီးငြိမ်းသတ်ရေး သရုပ်ပြခြင်း

(၂၂-၂-၂၀၂၄) ရက်နေ့၊ နံနက်(၉း၀၀) နာရီအချိန်တွင် အောင်မြေသာစံမြို့နယ် မီးသတ်ဦးစီး ဌာနမှ ဒုတိယဦးစီးမှူး ဦးဇေကိုကိုပိုင်နှင့် အဖွဲ့ဝင်(၅)ဦးမှ လူမှုဝန်ထမ်းဦးစီးဌာန၊ မန္တလေးလူငယ် သင်တန်းကျောင်း၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဟောပြောပွဲနှင့် မီးငြိမ်းသတ်ရေး သရုပ်ပြခြင်းအား...

မြန်မာနိုင်ငံကလေးများနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပခြင်း (မန္တလေး)

မန္တလေးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးမှူးရုံး ကြီးကြပ်မှုအောက်ရှိ ဌာနငယ်/ သင်တန်းကျောင်းများ၊ မူလတန်းကြိုကျောင်းများတွင် (၁၃.၂.၂၀၂၄) ရက်နေ့တွင်ကျရောက်သော မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ်လှုပ်ရှားမှုအဖြစ် မန္တလေးကလေးပြုစုရေးဌာနမှ (၄၅)ဦး၊ မန္တလေးလူငယ်သင်တန်းကျောင်းမှ (၃၇၀)ဦး၊ အမျိုးသမီးသက်မွေးအတတ်ပညာသင်ကျောင်းမှ (၈၁)ဦး၊ အမှတ်(၂)မူလတန်းကြို‌ကျောင်း...

မန္တလေးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၏ သင်တန်းအပတ်စဉ် (၇/၂၃-၂၄)သင်တန်းဆင်းပွဲ

မန္တလေးတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးမှူးရုံး ကြီးကြပ်မှုအောက်ရှိ မန္တလေးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၏ သင်တန်းအပတ်စဉ်(၇/၂၃-၂၄)ကို(၈.၁.၂၀၂၄)ရက် နေ့မှ (၁၆.၂.၂၀၂၄)ရက်နေ့အထိ (၁)လခွဲကြာသင်တန်းကို အခြေခံအဆင့်တွင်...

မြိတ်ခရိုင်အမျိုးသမီးကော်မတီ၏ အသိပညာပေးဆောင်ရွက်ခြင်း

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် ၊ လူမှုဝန်ထမ်းရုံးမှ (၂၁.၂.၂၀၂၄) ရက်နေ့ နံနက်(၉:၃၀) နာရီတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနလက်အောက်ရှိ အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းတွင် အခြေခံ/အဆင့်မြင့် စက်ချုပ်သင်တန်းသူများအား အမျိုးသမီးများအခွင့်အရေး၊ ကျား/မအခြေပြုအကြမ်းဖက်မှု (GVB) အသိပညာပေးဟောပြောခဲ့ပါသည်။

မြိတ်မြို့၊ အမျိုးသမီးသက်မွေးအတတ်ပညာသင်ကျောင်း၏(၃၁)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားသတင်းလွှာ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့၊ အမျိုးသမီးသက်မွေးအတတ်ပညာသင်ကျောင်း၏ (၃၁)နှစ်မြောက် ကျောင်းနှစ်ပတ်လည်နေ့အခမ်းအနားကို (၁၈.၂.၂၀၂၄) ရက်နေ့၊ နံနက် (၀၉:၀၀)နာရီအချိန်တွင် အဆိုပါကျောင်းခန်းမ၌ သံဃာတော်များ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပြီး ကျောင်းသူများမှအကများဖြင့် ဖျော်ဖြေတင်ဆက်၍...

ထားဝယ်မြို့၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၏ ကျောင်းအခြေပြု စက်ချုပ်သင်တန်း ဆင်းပွဲအခမ်းအနား

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် ကျောင်းအခြေပြုစက်ချုပ်သင်တန်း(၇/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနားကို ဖေဖော်ဝါရီလ(၁၈)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ထားဝယ်မြို့၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် တိုင်းဒေသကြီးဦးစီးမှူးမှ သင်တန်းသူများအနေဖြင့် သင်တန်းမှရရှိသော ပညာရပ်များကို အမျိုးသမီးများ၏ဘဝရပ်တည်မှု၊ ကိုယ်ပိုင်ဝင်ငွေ၊ မိသားစုဝင်ငွေများကို တစ်ပိုင်တစ်နိုင်ရရှိမှုတွင်...

အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမြို့တွင် အာဆီယံဩစတြေးလျ အကြမ်းဖက်တန်ပြန်ရေး အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်

အွန်လိုင်းမဟုတ်မမှန်သတင်းများနှင့် အကြမ်းဖက်အစွန်းရောက် အမုန်းစကားများအပေါ် တန်ပြန်ရန် အလေ့အကျင့်ကောင်းများဆိုင်ရာ အာဆီယံဩစတြေးလျ အကြမ်းဖက်တန်ပြန်ရေး အလုပ်ရုံဆွေးနွေးပွဲကို ဇန်နဝါရီလ၊ ၃၀ ရက်နေ့မှ ၃၁ ရက်နေ့အထိ...