သောက်သုံးရေ အလွန်လိုအပ်လျက်ရှိသည့် ကျေးရွာများသို့ စက်ရေတွင်းနှင့်‌ ရေသန့်စင်စက် ထောက်ပံ့ပေးအပ်

နေပြည်တော်၊ ဧပြီလ ၁၁ -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ၁၁.၄.၂၀၁၆ ရက်နေ့ နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ဖြူးမြို့ ဘိုးဘွား ရိပ်သာသို့ရောက်ရှိပြီး နှစ်သစ်ကူးကုသိုလ်အဖြစ် ဘိုးဘွား(၃၅)ဦးတို့အား အဝတ်အထည် အသုံးအဆောင်နှင့်‌ ငွေများ လှူဒါန်းပေးအပ်ခဲ့ပြီး ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ပါသည်။

အယ်နီညိုကြောင့် သောက်သုံးရေ အလွန်လိုအပ်လျက်ရှိသော ကျေးရွာများသို့ ကွင်းဆင်း၍ အလှူငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်း

နေပြည်တော်၊ ဧပြီ ၈ -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ၈.၄.၂၀၁၆ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့သို့ ရောက်ရှိပြီး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးနှင့် သိုလှောင်ရုံတို့အား ကြည့်‌ရှုပြီး သဘာဝဘေးအန္တရာယ်ကျရောက်ပါက ချက်ချင်းတုန့်ပြန် ဆောင်ရွက်မှုပြုနိုင်ရန်နှင့် ဘေးဒုက္ခ ကျရောက်နေသော ပြည်သူများအတွက် ထိရောက်စွာ အကူအညီပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေးအား ကုလသမဂ္ဂအဖွဲ့အစည်းများမှ လာရောက်တွေ့ဆုံခြင်းနှင့် အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှု ဗဟိုဌာန(Emergency Operation Centre-EOC)ရှိ စက်ပစ္စည်းကိရိယာများ အသုံးပြုခြင်း

ရန်ကုန်၊ ဧပြီ (၆) -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မေခလာခန်းမတွင် ဧပြီလ(၆) ရက်နေ့ နံနက် (၁၀း၀၀)နာရီအချိန်က ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား UNOCHA အဖွဲ့အစည်းမှ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူး Ms.Renata Lok-Dessallien ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံခဲ့ပါသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို (၄.၄.၂၀၁၆)ရက်နေ့ နံနက်(၀၉း၃၀)နာရီတွင် အဆိုပါဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ပါသည်။

မီးဘေးသင့်ပြည်သူများအတွက် အလှူငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်

နေပြည်တော်၊ ဧပြီ ၃ -

      လယ်ဝေးမြို့နယ်၊ အမှတ်(၁)ရပ်ကွက်တွင် (၂.၄.၂၀၁၆)ရက်နေ့၊(၁၅း၃၀)နာရီတွင် မီးဘေးဖြစ်ပွားခဲ့ရာ သွပ်မိုး၊ ထရံကာနေအိမ်(၂)လုံး၊ သက်ကယ်မိုးထရံကာ နေအိမ်(၅)လုံး၊ စုစုပေါင်းနေအိမ်(၇)လုံး မီးလောင်ကျွမ်းခဲ့ပြီး အိမ်ထောင်စု(၇)စုမှ လူကြီး(၂၂)ဦး၊ ကလေး(၈)ဦး စုစုပေါင်း(၃၀)ဦး ဘေးဒုက္ခကြုံ တွေ့ခဲ့ရပါသည်။

ပြည်ထောင်စုဝန်ကြီးအား သက်ဆိုင်ရာဦးစီးဌာနများမှ လုပ်ငန်းဆောင်ရွက်မှုကိစ္စများ ရှင်းလင်းတင်ပြ

      နေပြည်တော်၊ ဧပြီ ၁ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးထံသို့ ဦးစီးဌာနများမှ လုပ်ငန်းဆောင်ရွက်မှုများ ရှင်းလင်းတင်ပြသည့် အစည်းအဝေးကို ယနေ့နံနက် (၁၀း၀၀)နာရီတွင် နေပြည်တော်၊ ရုံးအမှတ်(၂၃)ရှိ အဆိုပါဝန်ကြီးဌာန၊ ၀န်ကြီးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်၊၊

၂၀၁၆ ခုနှစ်၊ ဧပြီလ (၂)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့အော်တစ်ဇင် အထိမ်းအမှတ်နေ့ (World Autism Awarness Day)တွင် ကမ္ဘာ့နိုင်ငံများ၌ အပြာရောင်ဖြင့် ဂုဏ်ပြုခြင်းအစီအစဉ် ဆောင်ရွက်မည်ဖြစ်ပါသဖြင့် အထင်ကရအဆောက်အဦများတွင် အပြာရောင်မီးများ ထွန်းညှိခြင်းဖြင့် ဂုဏ်ပြုကြ

၂၀၁၆ ခုနှစ်၊ ဧပြီလ (၂)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့အော်တစ်ဇင် အထိမ်းအမှတ်နေ့ (World Autism Awarness Day)တွင် ကမ္ဘာ့နိုင်ငံများ၌ အပြာရောင်ဖြင့် ဂုဏ်ပြုခြင်းအစီအစဉ် ဆောင်ရွက်မည်ဖြစ်ပါသဖြင့် အထင်ကရအဆောက်အဦများတွင် အပြာရောင်မီးများ ထွန်းညှိခြင်းဖြင့် ဂုဏ်ပြုကြိုဆိုပေးပါရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက တိုက်တွန်း နှိုးဆော်ထားပါသည်။

ဒေးဒရဲမြို့ စံပြမူလတန်းကြိုကျောင်းဖွင့်လှစ်

ဧရာဝတီတိုင်း၊ မတ်လ (၂၆) -

    လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်သည် တာဝန်ရှိသူများ လိုက်ပါလျှက် မတ်လ(၂၆)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့သို့ရောက်ရှိပြီး ဝန်ကြီးဌာနမှ (၃၀)သိန်းကျပ်ဖြင့် ထောက်ပံ့ထားသည့် ကျောက်စိမ်းလမ်းတွင် ကျန်ရှိသည့် ကွန်ကရစ်လမ်းနှင့် ပတ္တမြားလမ်း ကွန်ကရစ်လမ်း ဖွင့်ပွဲအခမ်းအနားများသို့ တက်ရောက်ကာ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး၍ ကမ္ဗည်းမော်ကွန်းကို နံ့သာရည်ပက်ဖျန်းပေးပါသည်။

ရွာငံမြို့ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း ဖွင့်လှစ်

       မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်သည် မတ်လ(၁၈)ရက်နေ့တွင် ရှမ်းပြည်နယ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့သို့ ရောက်ရှိပြီး ၀န်ကြီးဌာနမှ (၂၀၀)သိန်းကျပ်၊ ဦးအောင်ဇော်မြင့်+ပြည်ထောင်စုဝန်ကြီး မိသားစုမှ(၁၀)သိန်းကျပ်ဖြင့် ဆောက်လုပ်လှူဒါန်းခဲ့သည့် ဓနုမြေ ဘိုးဘွားရိပ်သာ၊ ဓမ္မာရုံ၌ အဘိုး၊ အဘွားများအား အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ကန်တော့ပြီး သက်ဆိုင်သူများထံ မိသားစုသုံးပစ္စည်းများ ထောက်ပံ့ပေးကာ ၀န်ကြီးဌာနမှ(၃၀၀)သိန်းကျပ်ဖြင့် လှူဒါန်းထား ခဲ့သည့် ဘိုးဘွားရိပ်သာဆောင်ကို လှည့်လည်ကြည့်ရှုပါသည်။

ခန္တီးမြို့ဘိုးဘွားရိပ်သာနှင့်‌ လဟယ်မြို့မူကြိုကျောင်းများ ဖွင့်လှစ်

စစ်ကိုင်းတိုင်း၊ မတ်လ (၁၂) -

     လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်သည် မတ်လ(၁၂)ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့သို့ ရောက်ရှိပြီး အမှတ်(၅၂) ခြေလျင်တပ်ရင်း၊ မူလတန်းကြိုကျောင်း၌ မူကြိုကလေးများ၏ ပြုစုစောင့်ရှောက်‌ရေးနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများကို ကြည့်ရှု၍ လိုအပ်သည်များ မှာကြားကာ မိသားစုသုံးပစ္စည်းများ ထောက်ပံ့ပေးပါသည်။