မွန်ပြည်နယ် လူမှုဝန်ထမ်းရုံးအစည်းအဝေးခန်းမ၌ ကျား/ မရေးရာ အမြင်ထည့်သွင်းစဉ်းစားမှု (Gender Mainstreaming) အသိပညာပေးဆွေးနွေးပွဲကျင်းပပြုလုပ်ခြင်း

    မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးအစီအစဉ်ဖြင့် ကျား/ မရေးရာအမြင်ထည့်သွင်းစဉ်းစားမှု (Gender Mainstreaming) အသိပညာပေးဆွေးနွေးပွဲကို (၂၀-၁၂-၂၀၂၃) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ 
    အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် မွန်ပြည်နယ်လူမှုဝန်ထမ်းရုံး၊ ညွှန်ကြားရေးမှူး ဒေါ်လဲ့ယဉ်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး၊ ပြည်နယ်လူမှုဝန်ထမ်းရုံးမှ ဒေါ်ဝင်းဝင်းမာ (လက်ထောက်ညွှန်ကြားရေးမှူး) က ကျား၊ မရေးရာ (Gender)နှင့် ကျား၊ မ ရေးရာ အမြင်ထည့်သွင်းစဉ်းစားမှု (Gender Mainstreaming) ကို လူမှုဝန်ထမ်းဦးစီးဌာနမှ ပေးပို့ထားသည့် Power Point ဖြင့် အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းပြီး အသိပညာပေးဆွေးနွေးပွဲကို နေ့လယ် (၁၂:၀၀) နာရီတွင် ရုပ်သိမ်းလိုက်ပါသည်။
    အသိပညာပေး ဆွေးနွေးပွဲသို့ ခရိုင်/ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာအသီးသီးမှ ခရိုင်/ မြို့နယ်ဦးစီးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ ကျား (၁၀) ဦး၊ မ (၂၅) ဦး၊ စုစုပေါင်း (၃၅) ဦး တက်ရောက်ခဲ့ကြပါသည်။

FacebookTwitter