နိုင်ငံတစ်ဝန်းလုံးရှိ လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲရေး လုပ်ငန်းများကြီးကြပ်ရေးအဖွဲ့(Nationwide Case Management Supervision Unit-NCMSU) Working Group လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခြင်း

နိုင်ငံတစ်ဝန်းလုံးရှိလူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲရေး လုပ်ငန်းများကြီးကြပ်ရေးအဖွဲ့(Nationwide Case Management Supervision Unit-NCMSU) Working Group တတိယ(၃)လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို လူမှုဝန်ထမ်းဦးစီးဌာနရှိ အစည်းအဝေးခန်းမတွင် (၂၈.၁၂.၂၀၂၃) ရက်နေ့ နံနက်(၁၀:၀၀)နာရီက ကျင်းပရာ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ ဌာနခွဲများရှိ ညွှန်ကြားရေးမှူးများနှင့်တာဝန်ရှိသူများက (Inperson)ဖြင့်တက်ရောက်ကြပြီး တိုင်းဒေသကြီး/ပြည်နယ်များရှိ ဦးစီးမှူးများက (Online) ဖြင့်တက်ရောက်ကြပါသည်။

အစည်းအဝေးတွင် ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာ နိုင်ငံတစ်ဝန်းလုံးတွင် လူမှုရေးရာဖြစ်ရပ်များဖြေရှင်းဆောင်ရွက်နေတဲ့ Supervisorနဲ့ Case managerများအနေဖြင့် စဉ်ဆက်မပြတ် အရည်အသွေးပြည့်ဝနေရန် အရေးကြီးကြောင်း၊ ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်အတွင်း စီမံကိန်းလုပ်ငန်းများအားလုံးပြီးစီးအောင်မြင်စေရန် ဆောင်ရွက်ပေးစေလိုကြောင်း၊ လူမှုဖြစ်ရပ်စီမံခန့်ခွဲမှု လုပ်ငန်းဆောင်ရွက်ရာတွင် လူမှုဝန်ထမ်းဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ လူမှုဖြစ်ရပ်စီမံခန့်ခွဲမှု သတင်းအချက်အလက် လက်အောက်ရှိ Case Management Information System- CMIS Software Digital Platform တွင်လည်း သက်ဆိုင်ရာ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်အလိုက် အချိန်နှင့်တစ်ပြေးညီ ထည့်သွင်းပေးရန်  လိုအပ်ကြောင်း လမ်းညွှန်ပြောကြားခဲ့ပါသည်။ ၎င်းနောက် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများက လက်ရှိဆောင်ရွက်နေသော လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုလုပ်ငန်းနှင့်ပတ်သက်သည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြကြပါသည်။ 
ဆက်လက်ပြီး အထွေထွေဆွေးနွေးရာတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပေးပြီး လူမှုဝန်ထမ်းဦးစီးဌာနခွဲများရှိ ညွှန်ကြားရေးမှူးများကလုပ်ငန်းရပ်နှင့်ပတ်သက်၍ ထပ်မံဆွေးနွေးတင်ပြကြပါသည်။ ထို့နောက်ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ် အမှာစကားပြောကြားပြီး အစည်းအဝေးကို နေ့လယ် (၁၂:၀၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
 

FacebookTwitter