နေပြည်တော်၊ ၁၀.၁၀.၂၀၁၈ ဝန်ကြီးဌာန၏ Research and Development Center က ဦးဆောင်၍ မြန်မာနိုင်ငံတွင် မြေငလျင်၊ မြေပြိုမှု၊ ရေဘေးအန္တရာယ်ဆန်းစစ်လေ့လာချက်များနှင့် ပတ်သက်သည့် ဒသမ အကြိမ်မြောက် စာတမ်းဖတ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေး ခန်းမ၌ ကျင်းပရာ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ၁၀.၁၀.၂၀၁၈ ၂၀၁၈ခုနှစ်၊အောက်တိုဘာ(၅)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရ အဖွဲ့မှ အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်အဖြစ် မြောင်းမြမြို့ရှိ အသက်အကြီးဆုံး အဘိုးနှင့် အဘွားအား ဂုဏ်ပြုငွေပေးအပ်ခြင်းကို ဆောင်ရွက်ခဲ့ရာ မြောင်းမြမြို့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ဇင်ဦး ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဦးအောင်ကျော်ဇေယျ နှင့် မြောင်းမြခရိုင် လူမှုဝန်ထမ်းရုံးမှ တာဝန်ရှိသူ(၂)ဦးတို့က ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ကိုယ်စား ကြပ်ခိုးကျေးရွာအုပ်စု၊ လေးကြီးကျေးရွာမှ အဘိုး ဦးမန်းစံကြွက် (၁၀၅)နှစ် နှင့် မြောင်းမြမြို့ အမှတ်(၈)ရပ်ကွက် မှ အဘွားဒေါ်စော (၁၀၅)နှစ်တို့အား တစ်ဦးလျှင် ၁၀ဝ၀ဝ၀ိ/-(ကျပ်တစ်သိန်းတိတိ)ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
ကော့ကရိတ်၊ ၉.၁၀.၂၀၁၈ ကရင်ပြည်နယ်၊ မြ၀တီမြို့တွင် ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် မြ၀တီခရိုင်၊ စုကလိမြို့၊ ဆုံဆည်းမြိုင်ကျေးရွာ၌ လူငယ်များအတွက် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကွန်ပျူတာသင်တန်း ဖွင့်လှစ်ရန် ကွန်ပျူတာအစုံ (၂၀) ပေးအပ်လှူဒါန်းပွဲ အခမ်းအနား တက်ရောက်ခြင်းနှင့် မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း ဖွင့်လှစ်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးညိုနှိုင်းခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
မြ၀တီ၊ ၈.၁၀.၂၀၁၈ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် ပြည်နယ်အစိုးရ အဖွဲ့တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ကရင်ပြည်နယ်အတွင်း လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများ အကောင်ထည်ဖော်ဆောင်ရွက်ခြင်း၊ ဘားအံမြို့နှင့်မြဝတီမြို့များတွင် မူးယစ်ဆေး ဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေး စခန်းများ၊ ရပ်ရွာအခြေပြု ပြန်လည်ထူထောင်ခြင်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန် လုပ်ငန်းစဉ် ညှိနှိုင်းဆွေးနွေးခြင်း အစည်းအဝေးကို ကရင်ပြည်နယ် အစိုးရအဖွဲ့ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
နေပြည်တော်၊ ၄.၁၀.၂၀၁၈ (၆၉)ကြိမ်မြောက် Executive Committee of the High Commissioner’s Programme (Ex-COM) တက်ရောက်ရန် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့သို့ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ UEHRD ဒုတိယ ဥက္ကဌ ဒေါက်တာ ၀င်းမြတ်အေးသည် ယမန်နေ့ ဒေသစံတော်ချိန် (၁၈း၃၀) အချိန် တွင် ကုလသမဂ္ဂရုံး၌ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီး Mr. Fillippo Grandi နှင့် တွေ့ဆုံပြီး မြန်မာနိုင်ငံတွင် UNHCR မှဆောင်ရွက်နေသည့်လုပ်ငန်းများနှင့်စပ်လျဉ်း၍ အမြင်ခြင်း ဖလှယ်ဆွေးနွေးခဲ့ကြပါသည်။
နေပြည်တော်၊ ၅.၁၀.၂၀၁၈ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး၊ UEHRD ဒုတိယဥက္ကဌ ဒေါက်တာဝင်းမြတ်အေးသည် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် အောက်တိုဘာ ၁ ရက်မှ ၅ ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့သော (၆၉) ကြိမ်မြောက် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး၏ အမှုဆောင်ကော်မတီ အစည်းအဝေးပိတ်ပွဲအခမ်းအနားသို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာကိုယ်စားလှယ်အဖွဲ့ရုံးမှ အဖွဲ့ရုံး ယာယီတာဝန်ခံ ဦးအောင်မျိုးမြင့်၊ တာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့ပါသည်။
နေပြည်တော်၊ ၃.၁၀.၂၀၁၈ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေး ဦးစီးဌာန သည် UNICEF, Mines Advisory Group (MAG) တို့နှင့်ပူးပေါင်း၍ မိုင်းအန္တရာယ် အသိပညာပေး သင်္ကေတများ ပြန်လည်ဆန်းစစ်ခြင်း အလုပ်ရုံ ဆွေးနွေးပွဲကို (၃.၁၀.၂၀၁၈) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီတွင် ကျင်းပခဲ့ပါသည်။ အဆိုပါအလုပ်ရုံ ဆွေးနွေးပွဲ သို့ ပြန်လည်ထူထောင်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်း တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။ အလုပ်ရုံဆွေးနွေးပွဲသို့ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထဲရေး ဝန်ကြီးဌာနတို့မှ ကိုယ်စားလှယ်များ၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်နှင့် ညွှန်ကြားရေးမှူးများ၊ UNICEF နှင့် မိုင်းအန္တရာယ်အသိပညာပေးရေး လုပ်ငန်း ဆောင်ရွက်နေသည့် အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြပြီး၊ မိုင်းဒဏ်ကြောင့် ပြည်သူလူထုထိခိုက်ဒဏ်ရာရရှိမှုနှင့် အသက်ဆုံးရှုံးရခြင်း များဖြစ်ပွားမှု လျော့နည်းပပျောက်ရေးတို့ကို ဦးတည်၍ မိုင်းအန္တရာယ်အသိပညာပေး သင်္ကေတ များ ပြန်လည်ဆန်းစစ်ခြင်း၊ ပိုမိုကောင်းမွန်စေသည့် အကြံဉာဏ်များတင်ပြ ဆွေးနွေးခြင်းနှင့် ရှေ့လုပ်ငန်းစဉ် များချမှတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။
ကယားပြည်နယ်၊ ၁၀.၃.၂၀၁၈ ၂၀၁၈ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့၊ နေ့လည် (၁၃:၀၀)နာရီအချိန်တွင် "အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ " အခမ်းအနားကိုလွိုင်ကော်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ လွိုင်ကော်မြို့ပေါ် ရပ်ကွက်(၁၉)ရပ်ကွက်တို့ရှိအသက်(၈၅)နှစ်နှင့်အထက် အဘိုးအဘွား(၂၂၀)ဦးတို့အနက်မှ (၈၅)ဦးတက် ရောက်ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုမှ ဂုဏ်ပြုအဖွင့်အမှာစကားပြောကြားပြီးနောက် အဘိုးအဘွားများအား ကယားပြည်နယ်အစိုးရအဖွဲ့မှ ဘိုးဘွား (၁)ဦးလျှင် (၂ဝဝဝဝိ/-)နှုန်းဖြင့် ငွေကျပ်(၄၆၄၂ဝဝဝိ/-)သိန်း၊ ပြည်နယ်လူမှုဝန်ထမ်းရုံးမှ မျက်နှာသုတ်ပုဝါနှင့် ပဲနို့အချိုရည် စုစုပေါင်းတန်ဖိုးငွေကျပ် (၃ဝဝဝဝဝိ/-) နှင့် ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအသီးသီးမှ ငွေကျပ်(၁၂၁၈၅ဝဝိ/-)စုစုပေါင်း (၆၁၆၀၅ဝဝိ/-) လှူဒါန်းခဲ့ပါသည်။
နေပြည်တော်၊ အောက်တိုဘာ ၂ ရက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးစိုးအောင်အား ဂျာမနီနိုင်ငံလွှတ်တော်၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကော်မတီမှ ဒုတိယဥက္ကဌ Mr. Uwe Kekeritz ဦးဆောင်သော လွှတ်တော်အမတ်များနှင့်ကိုယ်စားလှယ်အဖွဲ့က အဆိုပါဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းတွင် လာရောက်တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံရာတွင် မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသော ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာကိစ္စရပ်များ၊ ဝန်ကြီးဌာနမှဆောင်ရွက်လျက်ရှိသော လူမှုကာကွယ်စောင့် ရှောက်ရေး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းနှင့်ပတ်သက်သော ကိစ္စရပ်များ၊ ရခိုင် ပြည်နယ်အတွင်း လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုသဟဇာတရှိစေရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုအခြေအနေများ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ရောက်ရှိနေသော
နေပြည်တော်၊ ၂.၁၀.၂၀၁၈ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် (၁-၁၀-၂၀၁၈) ရက်မှ (၅-၁၀-၂၀၁၈) ရက်အထိ ကျင်းပနေသည့် (၆၉)ကြိမ်မြောက် Executive Committee of the High Commissioner’s Programme (Ex-COM) သို့ တက်ရောက်နေသည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ UEHRD ဒုတိယဥက္ကဌ ဒေါက်တာဝင်းမြတ်အေး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့သည် (၁-၁-၂၀၁၈) ရက်နေ့၊ ဒေသ စံတော်ချိန်၊ (၁၀၀၀) နာရီတွင် ကုလသမဂ္ဂ အဆောက်အအုံ၊ Assembly Hall ၌ကျင်းပသည့် ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်ခဲ့ပါသည်။ ကိုယ်စားလှယ်အဖွဲ့နှင့်အတူ ဂျီနီဗာမြို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံးမှ အဖွဲ့ရုံးယာယီတာဝန်ခံ ဦးအောင်မျိုးမြင့်နှင့် တာဝန်ရှိသူများလည်းလိုက်ပါ တက်ရောက်ခဲ့ကြပါသည်။