မြို့နယ်​က​လေးသူငယ်​အခွင့်​အ​ရေးဆိုင်​ရာ ​ကော်​မတီ လုပ်​ငန်းညှိနှိုင်းအစည်းအ​ဝေးကျင်းပပြုလုပ်ခြင်း

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ၂၀၁၈ခုနှစ်၊ ဇွန်လ ၂၁ရက်

(၁၈.၆.၂၀၁၈)ရက်​​နေ့၊နံနက်(၁၀း၀၀)နာရီတွင်မိုးမောက်မြို့နယ်ထွေထွေအုပ်ချုပ်​​ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်​​ရေးမှူးရုံးခန်း၌ ပြုလုပ်​​သော မြို့နယ်ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုကျင်းပခဲ့ပါသည်။မြို့နယ်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီဝင်(၁၅)ဦးတက်​​ရောက်ခဲ့ပါသည်အဆိုပါအစည်းအဝေးတွင်ဗန်မော်ခရိုင်လူမှုဝန်ထမ်းရုံးလက်​​ထောက်ညွန်ကြားရေးမှူး ဦးသန်းထွန်အောင်ကဗန်မော်ခရိုင်ကလေးသူငယ်အခွင်အရေးများဆိုင်ရာကော်မတီ၏ ၂၀၁၇ ခုနှစ် လုပ်ငန်းဆာင်ရွက်ပြီးစီးမှု နှင့်ရှေ့လုပ်ငန်း စဉ်များကိုရှင်းလင်းတင်ပြခဲ့ပါသည်။ထို့နောက်ကော်မတီဝင်များ၏မေးမြန်းချက်များကိုရှင်းလင်ဖြေဆိုပြီးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုနံနက်(၁၁း၀၀)နာရီတွင်အောင်မြင်စွာပြီးစီးခဲ့ပါသည်

FacebookTwitter