လူမှုဝန်ထမ်းဦးစီးဌာန၊ မန်္တလေးတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးမှူးရုံး၊ တိုင်းဒေသကြီးဦးစီးမှူးမှ (၁၄)နှစ်အောက်အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်မည့် ကလေးသူငယ်များအား အားပေးနှစ်သိမ့်ခြင်းများဆောင်ရွက်ခဲ့

၂၀၁၈ ခုနှစ်၊ ပညာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် အသက်(၁၄)နှစ်အောက် အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲတွင် လူမှုဝန်ထမ်းဦးစီးဌာန၊ မန်္တလေးတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးမှူးရုံး ကြီးကြပ်မှုအောက်ရှိ လူငယ်သင်တန်းကျောင်းနှင့် အသိအမှတ်ပြုပရဟိတဂေဟာများမှ အမျိုးသားကလေးသူငယ်(၂၀)ဦးဖြင့် ၀င်ရောက်ယှဉ်ပြိုင

ရင်ခွင်မဲ့ကလေးငယ်များလျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းသို့ အလှူငွေပေးအပ်ပွဲကျင်းပပြုလုပ်

ရင်ခွင်မဲ့ကလေးငယ်များလျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းအတွက်အလှူငွေပေးအပ်ပွဲအား(၅-၈-၂၀၁၈)ရက်နေ့တွင်အမှတ်(၆၄)၊ကကမ္ဘာအေးဘုရားလမ်း၊ မရမ်းကုန်းမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးတွင်ကျင်းပပြုလုပ်

မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အကောင်အထည်ဖော်မှုဆိုင်ရာ ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသည့် ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး အတွက် အမျိုးသားမူးယစ်ဆေးဝါး မူဝါဒကို ထုတ်ပြန်ကြေညာပြီးဖြစ်သဖြင့် မူးယစ်ဆေးဖြတ်ပြီး သူများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ စနစ်တကျဆောင်ရွက် အကောင်အထည်ဖော်နိုင် ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ လူမှုဝန်ထမ်း ဦးစီးဌာန၊ တိုင်းဦးစီးမှူးရုံးအစည်းအဝေးခန်းမတွင်ကျင်းပရာ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက် အမှာစကားပြောကြားပါသည်။

မူကြိုဆရာမများ စွမ်းဆောင်ရည်မြှင့်တင်ခြင်းသင်တန်း ဖွင်လှစ်ပို့ချခြင်း

ရခိုင်ပြည်နယ်၊ ၂၀၁၈ခုနှစ်၊ဇွန်လ ၂၈ရက် ရခိုင်ပြည်နယ်လူမှုဝန်ထမ်းရုံး၏ဦးဆောင်ကြီးကြပ်မှုဖြင့်CFSIအဖွဲ့တို့ပူးပေါင်း၍မူကြိုဆရာမများစွမ်း ဆောင်ရည်မြှင့်တင်ခြင်းသင်တန်း ကို (၁၁.၆.၂၀၁၈) ရက်နေ့မှ (၁၆.၆.၂၀၁၈)ရက်နေ့အထိ စစ်တွေမူလတန်းကြိုကျောင်းတွင် ဖွင့်လှစ်ဆောင်ရွက်ခဲ့ရာ

ရခိုင်ပြည်နယ်အတွင်းရှိ လူကုန်ကူးခံရသူများအား ဒုတိယအကြိမ် နောက်ဆက်တွဲ စောင့်ရှောက် ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း

ရခိုင်ပြည်နယ်၊ ၂၀၁၈ခုနှစ်၊ ဇွန်လ ၂၈ရက် ရခိုင်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့်IOM အဖွဲ့တို့ ပူးပေါင်း၍ ရခိုင်ပြည်နယ်အတွင်းရှိ တရုတ်နိုင်ငံနှင့်ထိုင်းနိုင်ငံသို့လူကုန်ကူးခြင်းခံရပြီး မိဘရပ်ထံအပ်နှံခြင်း ပထမအကြိမ်နောက်ဆက်တွဲစောင့်ရှောက်ခြင်းများဆောင်ရွက်ခဲ့ပြီးသော စစ်တွေမြို့နယ်မှ အမျိုးသမီး(၁)ဦး၊ပေါက်တောမြို့နယ်မှအမျိုးသား(၂)ဦး ၊မြောက်ဦး ခရိုင်၊မြောက်ဦးမြို့နယ်မှ အမျိုးသား(၂)ဦးမြေပုံမြို့နယ်မှ အမျိုးသား(၁)ဦး၊ကျောက်တောမြို့နယ်မှအမျိုးသား(၆)ဦး၊ကျောက်ဖြူခရိုင်ကျောက်ဖြူ မြို့နယ်မှ အမျိုးသား(၁)ဦးနှင့် အမ်းမြို့နယ်မှ အမျိုးသမီး(၁)ဦး၊ သံတွဲခရိုင်၊ဂွမြို့နယ်မှအမျိုးသမီး(၂)ဦး၊ စုစုပေါင်း (၁၆)ဦးတို့ အားပြန်လည် ထူထောင်ရေး လုပ်ငန်းအ နေဖြင့်အသက်မွေးဝမ်းကျောင်းလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် ထောက်ပံ့မှု ပေးအပ်

အသက်(၉၀)နှစ် နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ခြင်း

ရှမ်းပြည်နယ်၊ ၂၀၁၈ခုနှစ်၊ ဇွန်လ ၂၈ရက် ၂၀၁၈-၂၀၁၉ Mini-Budget ( ဧပြီ ၊ မေ ၊ ဇွန်)ပထမသုံးလပတ်အတွက်ရှမ်းပြည်နယ်(တောင်ပိုင်း)၊တောင်ကြီးခရိုင်၊ဟိုပုံးမြို့နယ်အတွင်းအသက်(၉၀)နှစ် နှင့်အထက်ဘိုးဘွားများအား (၂၆.၆.၂၀၁၈) ရက်နေ့တွင် ရှမ်းပြည်နယ်လူမှုဝန်ထမ်းရုံးမှ တာဝန်ရှိဝန်ထမ်းများနှင့်နှင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ သည် အိမ်တိုင်ရာရောက်သွားရောက်၍ လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ခဲ့

စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးပေးခြင်းနှင့် လိုအပ်ချက်များစာရင်းကောက်ယူခြင်း

ရခိုင်ပြည်နယ်၊ ၂၀၁၈ခုနှစ်၊ ဇွန်လ ၂၇ရက် ရခိုင်ပြည်နယ်လူမှုဝန်ထမ်းရုံးမှညွှန်ကြားရေးမှူးနှင့်အဖွဲ့ဝင်များသည်(၂၆.၅.၂၀၁၈)ရက်နေ့တွင်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှမိမိသဘောဆန္ဒ အလျောက်ရောက်ရှိ လာသူ (၆၂)ဦးအနက်မှစစ်တွေမြို့နယ်၊ အုန်းတောကြီးရပ်ကွက်တွင် ရောက်ရှိနေသော နေရပ်စွန့်ခွာသူ (၁)ဦးအား သွားရောက်တွေ့ဆုံ၍ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးပေးကာ လိုအပ်ချက်များစာရင်းကောက်ယူခဲ့

ရသေ့တောင်မြို့နယ်၊အောင်ဗလချောင်းဝတွင်တွေ့ရှိသောလှေစီးဒုက္ခသည်များအားတွေ့ဆုံ၍လူမှုရေးလိုအပ်ချက်များကောက်ယူခြင်း

ရခိုင်ပြည်နယ်၊ ၂၀၁၈ခုနှစ်၊ဇွန် လ၂၇ရက် ရခိုင်ပြည်နယ်လူမှုဝန်ထမ်းရုံးမှဒုတိယညွှန်ကြားရေးမှူး ဦးကျော်သူနိုင် ဦးဆောင်၍ အဖွဲ့ဝင်(၃)ဦးနှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ ငါးခူရ ကယ်ဆယ်ရေးစခန်း တွင် တာဝန်ချထားပေးသောဝန်ထမ်း(၂)ဦးတို့သည်(၁၃.၆.၂၀၁၈)ရက်နေ့မှ (၁၆.၆.၂၀၁၈)ရက်နေ့အထိ ငါးခူရကယ်ဆယ်ရေးပြန်လည်လက်ခံရေးစခန်း တွင်ေ ရာက်ရှိလာသောလှေစီး ဒုက္ခသည်အမျိုးသား(၂၇)ဦး၊အမျိုးသမီး(၂၈)ဦး ၊ကလေး(၁၇)ဦး၊စုစုပေါင်း(၁၀၄)ဦးအားတစ်ဦးချင်းတွေ့ဆုံ၍လူမှုရေးလို အပ်ချက်များအား အချက်အလက်ကောက်ယူခြင်း ၊ လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဦးဆောင် ၍မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ အသုံးအဆောင်ပစ္စည်းများ၊ အဝတ်အထည်များပေးအပ်မှု တွင်ဝိုင်းဝန်းဆောင်ရွက်ပေးခြင်းနှင့်ပြန်လည် ဝင်ရောက်လာ သူများ၏ ယခင်နေထိုင်ခဲ့သည့် ကျေးရွာများမှ အုပ်ချုပ်ရေးမှူး များနှင့် တွေ့ဆုံဆွေးနွေးပွဲအား တက်ရောက်ခြင်းတို့အား ဆောင်ရွက်

မသန်စွမ်းသက်ငယ်သင်တန်းကျောင်း၊(မန္တလေး)သို့လာရောက်လေ့လာခြင်း

မန္တလေးမြို့၊၂၀၁၈ခုနှစ်၊ဇွန်လ ၂၆ရက် (၂၅.၆.၂၀၁၈)ရက်နေ့၊ညနေပိုင်းတွင်သူနာပြုသင်တန်းကျောင်း၊မန္တလေးမြို့မှနောက်ဆုံးနှစ် သင်တန်းသား/သူ(၈၄)ဦးတို့သည် အုပ်ချုပ်သူဆရာမ(၃)ဦး လိုက်ပါ၍ လူမှုဝန်ထမ်းဦးစီးဌာန၊ မသန်စွမ်းသက်ငယ်သင်တန်းကျောင်း၊ မန္တလေးမြို့၊တွင်တက်ရောက်လျှက်ရှိသော ကလေးငယ်များအားလေ့ကျင့် သင်ကြားပေးနေမှုများကို ရင်းရင်းနှီးနှီး လာရောက်လေ့လာ

ကလေးသူငယ်အခွင့်အရေးများနှင့်ကာကွယ်စောင်ရှောက်ရေးဆိုင်ရာအသိပညာပေးဟောပြောခြင်း

ဧရာဝတီတိုင်းဒေသကြီး၊ ၂၀၁၈ခုနှစ်၊ ဇွန်လ ၂၅ရက် (၂၂.၆.၂၀၁၈)ရက်နေ့တွင်ဖျာပုံခရိုင်၊ဖျာပုံမြို့နယ်၊အောင်သာယာကျေးရွာအုပ်စု၊အချာကြီးကျေးရွာရှိခေတ်သစ်ရောင်ခြည်ကိုယ့်အားကိုယ်ကိုးမူလ တန်းကြိုကျောင်း၌ကျေးရွာအုပ်ချုပ်ရေးမှူး၊ရပ်မိရပ်ဖများနှင့်ပြည်သူများစုစုပေါင်း(၅၀)ဦးတို့အားဖျာပုံခရိုင်လူမှုဝန်ထမ်းရုံးမှဒေါ်သင်းသင်းဆွေ (ဒုဦးစီးမှူး)နှင့်ဒေါ်ယုဇာလင်း(အကြီးတန်းစာရေး)တို့သည် ဖျာပုံခရိုင်ရဲတပ်ဖွဲ့မှဒုခရိုင်ရဲမှူးဦးဘချစ်နှင့်ခရိုင်မိခင်နှင့်ကလေးမှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ ကလေးသူငယ် အခွင့်အရေးများနှင့်ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အသိပညာပေး