မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှအဖွဲ့ဝင်များ လာရောက် ကြည့်ရှုစစ်ဆေးခြင်း

မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံး ကြီးကြပ်မှုအောက်ရှိ မန္တလေးလူငယ် သင်တန်းကျောင်းသို့ (၅.၃.၂၀၂၄)ရက်နေ့၊ နံနက် (၉:၀၀)နာရီအချိန်မှ နေ့လည် (၃:၀၀)နာရီ အချိန်တွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှအဖွဲ့ဝင် ဦးကျော်စိုး၊ ဒေါက်တာသန်းမြင့်၊ ဒေါက်တာတင်မောင်မောင်သန်း၊ ဦးတင်အောင် တို့ဦးဆောင်၍ ရုံးအဖွဲ့(၃)ဦးတို့မှ လာရောက်ကြည့်ရှုစစ်ဆေးမှုများပြုလုပ်ခဲ့ပါသည်။ တိုင်းဒေသကြီးဦးစီးမှူး ဦးသက်လှိုင်ထွန်းနှင့် မန္တလေးလူငယ်သင်တန်းကျောင်းမှ ဒုတိယညွှန်ကြားရေးမှူး ဦးအေးကျော်တို့မှ သင်တန်းကျောင်း၏ လုပ်ငန်းဆောင်ရွက်မှုများအား အစီရင်ခံတင်ပြခြင်း၊ ဆပ်ပြာခဲသင်တန်း၊ ဆပ်ပြာဆီသင်တန်း၊ ဆံသသင်တန်း၊ “အ”သုံးလုံးသင်ကြားမှုနှင့် ကျောင်းစာကြည့်တိုက်၊ လက်ဝှေ့သင်တန်း၊ ကျောင်းသားများအိပ်ဆောင်၊ ထမင်းစားဆောင်၊ မီးဖိုဆောင်၊ ရေသန့်စက်၊ CCTVခန်းများအား ကြည့်ရှုစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

FacebookTwitter