ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား NBC ၊ MSNBC သတင်းဌာနနှင့် Japan Heart တို့မှ အသီးသီးလာရောက်တွေ့ဆုံ

ဇန်နဝါရီလ ၁၄၊ နေပြည်တော်
    လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား NBC၊ MSNBC သတင်းဌာန  မှ Mr. Benjamin Rhodes  နှင့်  Japan Heart မှ Mr. Yuta Momose တို့ ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာနရှိ မေခလာခန်းမ၌ အသီးသီး လာရောက်တွေ့ဆုံခဲ့ပါသည်။
    ထိုသို့တွေ့ဆုံရာတွင်Mr. Benjamin Rhodes က ယခင်အမေရိကန်သမ္မတဟောင်း Barack Obama  ၏  Deputy National Security Adviser အဖြစ်ဆောင်ရွက်ခဲ့ပြီး မြန်မာ နိုင်ငံနှင့်များစွာရင်းနှီးကျွမ်းဝင်မှုရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံအရေးကိစ္စနှင့်ပတ်သက်၍ Atlantic Magazine တွင် ဆောင်းပါးရှည်တစ်ခုရေးရန်ရှိရာ ဘက်လိုက်မူကင်းသော သတင်းအချက် အလက်များရရှိရေးအတွက် လာရောက်တွေ့ဆုံခြင်းဖြစ်ကြောင်း၊ နိုင်ငံတကာ အသိုင်းအဝန်း အနေဖြင့် ရခိုင်အရေးကိစ္စတစ်ခုတည်းကို အာရုံစိုက်၍မရဘဲ ပိုမိုကျယ်ပြန်သည့် ဒီမိုကရေစီ အကူးအပြောင်း၊ ငြိမ်းချမ်းရေး၊ တိုင်းရင်းသားအရေးကိစ္စများကိုပါ ကျယ်ကျယ်ပြန့်ပြန့် သိရှိ နားလည်ရန်လိုကြောင်းပြောကြား၍ သိရှိလိုသည်များကို မေးမြန်းရာ ဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသော လူမူကာကွယ်စောင့်ရှောက်ရေး၊ ကလေးသူငယ်အခွင့်အရေး ဆိုင်ရာကိစ္စရပ်များ၊ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုတားဆီးကာကွယ်ရေးဆိုင်ရာကိစ္စရပ် များ၊ လူငယ်မူဝါဒရေးဆွဲအကောင်အထည်ဖော်ခြင်းဆိုင်ရာကိစ္စများ၊ မူးယစ်ဆေးဝါးသုံးစွဲသူ များပြန်လည်ထူထောင်ရေးကိစ္စ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များ၊ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်များနှင့် ၂၁ရာစုပင်လုံညီလာခံကျင်းပမှုဆိုင်ရာကိစ္စရပ်များ၊ ရခိုင်ပြည်နယ် ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေများနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု အခြေအနေများ၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးဆိုင်ရာကိစ္စများ၊ ရခိုင်ပြည်နယ်ရှိ လူ့အသိုင်းအဝန်းနှစ်ခုအကြား လူမှု သဟဇာတမျှတရေးအတွက် ဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသော စီမံချက်ဆိုင်ရာ ကိစ္စများ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများအား နိုင်ငံတကာအဖွဲ့ အစည်းများ၊ ကြက်ခြေနီလှုပ်ရှားမူ၊ UEHRD လူငယ်လုပ်အားပေး စသည့် အစီအစဉ် များဖြင့် ပေးအပ်နေမှုများ၊ အမှန်တကယ်ပြောင်းလဲမူများဖြစ်ပေါ်လာရေး၊ ပြည်သူအားလုံး၏ လူမှု စီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။
    ထို့နောက် Japan Heart မှ Mr. Yuta Momose နှင့် ဆက်လက်တွေ့ဆုံရာ မြန်မာနိုင်ငံတွင် မျက်မမြင်ဆေးဘက်ဆိုင်ရာအနှိပ်ပညာရပ်( Blind Medical Massage ) ဖွံ့ဖြိုးတိုးတက်လာရေးနှင့် အမြင်အာရုံချို့ယွင်းသူများအနေဖြင့် အနှိပ်ပညာကို စနစ်တကျ သင်ယူပြီး အလုပ်အကိုင်အခွင့်အလမ်းများရရှိရေးအတွက် ဝန်ကြီးဌာနနှင့် Japan Heart အဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစီမံချက်ဆိုင်ရာကိစ္စရပ်များ၊ မျက်မမြင်အနှိပ်ပညာ အား စနစ်တကျသင်ကြားနိုင်ရေးအတွက် သင်ရိုးညွှန်းတမ်းရေးဆွဲဆောင်ရွက်နိုင်ရေးကိစ္စ ရပ်များ၊ သင်တန်းအား အခြေခံအဆင့် (၁)နှစ်သင်တန်း၊ အဆင့်မြင့် (၁)နှစ်ခွဲ သင်တန်း စသည်ဖြင့် သတ်မှတ်၍ Certificate ထုတ်ပေးနိုင်ရေး ဆက်စပ်ဝန်ကြီးဌာနများနှင့် ညှိနှိုင်း ဆွေးနွေးနိုင်ရေးနှင့် ရှေ့ဆက်ဆောင်ရွက်မည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သတင်း ရရှိပါသည်။

FacebookTwitter