သင်တန်းကျောင်းအခြေပြုစောင့်ရှောက်ရေးလုပ်ငန်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှု   ဝန်ထမ်းဦးစီးဌာနသည် ကာကွယ်စောင့်ရှောက်ရန်လိုအပ်သော ကလေးနှင့်လူငယ်များအတွက် အောက်ပါလူငယ်သင်တန်းကျောင်း(၁၁)ကျောင်း ဖွင့်လှစ်၍ မိမဲ့၊ ဘမဲ့၊ မိဘမဲ့၊ ခိုကိုးရာမဲ့ကလေးသူငယ်များ၊ လေလွင့်ကလေးသူငယ်များ၊ လမ်းပေါ်နေကလေးသူငယ်များ၊ ကလေးသူငယ်တရားရုံးမှ အမိန့်ချမှတ်၍ အကျင့်စာရိတ္တပြုပြင်ရန် ပို့အပ်လာသော ကလေး သူငယ်များ၊ ကလေးသူငယ်တရားရုံးတွင် ပြစ်မှုရင်ဆိုင်ဆဲ ကလေးသူငယ်များ၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေ ပုဒ်မ ၅၇ အရ ကာကွယ်စောင့်ရှောက်ရန် လိုအပ်သူများအား လက်ခံ၍ အခြေခံစားဝတ်နေရေး ဖြည့်ဆည်းပေးခြင်း၊ စိတ်ပိုင်း၊ ရုပ်ပိုင်း၊ အကျင့်စာရိတ္တပိုင်း ဆိုင်ရာဖွံ့ဖြိုးတိုးတက်လာရေးအတွက် လူမှုဝန်ထမ်းနည်းလမ်းများဖြင့် ဆောင်ရွက်ပေးခြင်း၊ အတန်းပညာ၊ သက်မွေးပညာများသင်ကြားပေးခြင်းနှင့် သင်ကြားနိုင်ရေးအတွက် ချိတ်‌ဆက် ပေးခြင်း၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားရရှိရေး၊ ကျန်းမာရေး စောင့်ရှောက်မှုရရှိနိုင်ရေး အတွက် ဆောင်ရွက်ပေးခြင်းနှင့် အလုပ်အကိုင်ရရှိရေးအတွက် သက်ဆိုင်ရာ ဌာနများ၊ ပြင်ပ လုပ်ငန်းရှင်များနှင့်ချိတ်ဆက်ပေးခြင်းများကို ဆောင်ရွက်ပေးခြင်းဖြင့် စောင့်ရှောက်ပေး လျက်ရှိပါသည်-    

စဉ် ကျောင်းအမည် လိပ်စာ
၁။ ငှက်အော်စမ်းလူငယ်သင်တန်းကျောင်း ငှက်အော်စမ်းကျေးရွာ၊ ကော့မှူးမြို့နယ်၊ တောင်ပိုင်းခရိုင်၊ ရန်ကုန်တိုင်းဒေသကြီး
၂။ သန်လျင်လူငယ်သင်တန်းကျောင်း
 
လူငယ်သင်တန်းကျောင်း
၃။ ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်း အမှတ်(၆၅)၊ ကျိုက်ဝိုင်းဘုရားလမ်း၊ မရမ်းကုန်း မြို့နယ်၊ အနောက်ပိုင်းခရိုင်၊ ရန်ကုန်တိုင်းဒေသကြီး
၄။ ထောက်ကြန့်အမျိုးသမီးကလေးများသင်တန်းကျောင်း ထောက်ကြန့်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ မြောက်ပိုင်းခရိုင်၊ ရန်ကုန်တိုင်းဒေသကြီး
၅။ ရန်ကုန်အမျိုးသမီးကလေးများသင်တန်းကျောင်း အမှတ်(၄၉)၊ မလိခလမ်း၊ မရမ်းကုန်းမြို့နယ်၊ အနောက်ပိုင်းခရိုင်၊ ရန်ကုန်တိုင်းဒေသကြီး
၆။ မန္တလေးလူငယ်သင်တန်းကျောင် ၁၂ x ၃၇ လမ်းထောင့်၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး
၇။ ပုသိမ်ကြီးလူငယ်သင်တန်းကျောင်း အင်ကျယ်ကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေးတိုင်း ဒေသကြီး
၈။ မန္တလေးအမျိုးသမီးကလေးများသင်တန်းကျောင်း ၃၀ x ၆၄ လမ်းထောင့်၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေး တိုင်းဒေသကြီး
၉။ မော်လမြိုင်လူငယ်သင်တန်းကျောင်း စမ်းကြီးရပ်၊ မော်လမြိုင်မြို့၊ မွန်ပြည်နယ်
၁၀။ လားရှိုးလူငယ်သင်တန်းကျောင်း (၁၀)ရပ်ကွက်၊ လားရှိုးမြို့၊ ရှမ်းပြည်နယ်
၁၁။ လပွတ္တာလူငယ့်အားမာန်သင်တန်းကျောင်း လပွတ္တာမြို့သစ်၊ ဧရာဝတီတိုင်းဒေသကြီး

 

၂။           လူမှုဝန်ထမ်းဦးစီးဌာနသည်  Tdh-l နှင့်ပူးပေါင်း၍ သင်တန်းကျောင်းများရှိ ကလေးများနှင့် လမ်းပေါ်နေကလေးများအား  မိသားစုနှင့် ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေး လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။ ၂၀၂၀ ပြည့်နှစ်တွင် မိသားစုထံပြန်လည် အပ်နှံပေးနိုင်ခဲ့သည့် ကလေးဦးရေ(၄၄၆) ဦး၊ အခြေခံပညာနှင့်အဆင့်မြင့်ပညာ သင်ကြားသူ ကလေးဦးရေ(၄၄၉)ဦး၊ ကျောင်းပြင်ပ ပညာရေးသင်ကြားသူ ကလေးဦးရေ(၅၁)ဦး၊ သက်မွေး ပညာသင်ကြားသူ(၉၉၁)ဦး၊ အလုပ်ရကလေးဦးရေ(၁၁၇)ဦးရှိပါသည်။ သက်မွေးသင်တန်း များအဖြစ် စက်ချုပ်သင်တန်း၊ ဆံသသင်တန်း၊ ပန်းချီသင်တန်း၊ လက်မှုပန်းထိုးသင်တန်း၊ ကွန်ပျူတာသင်တန်း၊ ဆပ်ပြာသင်တန်း၊ ရေဆေးဆီလိုက်သင်တန်း၊ လျှပ်စစ်မီးပြင်သွယ် တန်းသင်တန်း၊ လျှပ်စစ်ဝရိန်သင်တန်း၊ အဲကွန်းတပ်ဆင်ပြုပြင်သင်တန်း၊ ဆိုင်ကယ်ပြုပြင် သင်တန်း၊ ပန်းရံသင်တန်းတို့အား သင်ကြားပေးလျက်ရှိပါသည်။  

    အဆိုပါ လူငယ်သင်တန်းကျောင်းများတွင် ကလေးသူငယ်များ၏ အခြေခံ လိုအပ် ချက်များဖြစ်သည့် စားဝတ်နေရေး၊ ကျန်းမားရေး၊ ပညာရေး၊ အားကစားလှုပ်ရှားမှု၊ အသက် မွေးဝမ်းကျောင်းပညာသင်ကြားခြင်း၊ ကျောင်းပြင်ပ ပညာရေးသင်ကြားပေးခြင်းအပြင် ယဉ်ကျေးလိမ္မာသင်တန်းများဖွင့်လှစ်ခြင်း၊ တရားထိုင်စေခြင်း၊ အပန်းဖြေလေ့လာရေး ခရီး များထွက်ခြင်း၊ လူမှုရေးပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးပေးခြင်းများ ဆောင်ရွက်ပေးခြင်းဖြင့် ကလေးသူငယ်များ၏ စိတ်ခံစားမှု၊ ဖိစီးမှုများအား ပြေလျော့စေပြီး၊ စိတ်ပိုင်းဆိုင်ရာနှင့် စာရိတ္တပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများရှိအောင် ဆောင်ရွက်ပေးလျက်ရှိပါသည်။