ကာယစွမ်းရည်ပြိုင်ပွဲနှင့်ဆုပေးပွဲအခမ်းအနားကျင်းပခြင်း

ရခိုင်ပြည်နယ်၊စစ်တွေ ၊ ၂၀၁၈၊ဇန်နဝါရီ ၁၇ လူမှုဝန်ထမ်းဦးစီးဌာန၊ကလေးပြုစုရေးဌာန၊စစ်တွေမြို့တွင်ြပုစုစောင့်ရှောက်လျက်ရှိသောကလေးများ၏ကာယစွမ်းရည်ပြိုင်ပွဲနှင့်ဆုပေးပွဲအခမ်း အနားအား (၁၄.၁.၂၀၁၈) ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့ရာ ရခိုင်ပြည်နယ်လူမှုဝန်ထမ်းရုံး မှပြည်နယ်ဦးစီးမှူးနှင့် ၀န်ထမ်းများ တက်ရောက်အားပေး၍

မူးယစ်ဆေးသုံးစွဲသူများအားကုသစောင့်ရှောက်မှုပေးရေး၊လူထုအခြေပြုလုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အကြိုအသိပေးညှိနှိုင်းဆွေးနွေးပွဲများကျင်းပခြင်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ၂၀၁၈၊ဇန်နဝါရီ ၁၇ စစ်ကိုင်းတိုင်းဒေသကြီးကသာခရိုင်၊ဝန်းသိုမြို့နယ်တွင် မူးယစ်ဆေးသုံးစွဲသူများအား ကုသစောင့်ရှောက်မှုပေးရေး၊ လူထုအခြေပြု လုပ်ငန်းများ အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန် အကြိုအသိပေးညှိနှိုင်းဆွေးနွေးပွဲများကို (၁ဝ၁၂ဝ၁၈)ရက်နေ့တွင် ဝန်းသိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အပန်းဖြေခရီးနှင့်ပတ်ဝန်းကျင်လေ့လာရေးခရီးသွားရောက်ခြင်း

မန္တလေးတိုင်းဒေသကြီး၊ ၂၀၁၈၊ဇန်နဝါရီ ၁၇ လူမှုဝန်ထမ်းဦးစီးဌာန၊ကလေးပြုစုရေးဌာန၊ မန္တလေးမြို့တွင်ပြုစုစောင့်ရှောက်လျက်ရှိသော ကလေး(၂၂)ဦးအား (၁၄.၁.၂၀၁၈) ရက်နေ့တွင်ကျောင်းအုပ် ဆရာမကြီးဦးဆောင်၍ အုပ်ချုပ်သူ ၀န်ထမ်း ဆရာမ(၈)ဦး၊ ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် အထက်တန်းသူနာပြုဆရာမ(၂)ဦး လိုက်ပါ၍ (၅)မိုင် ၊ပြည်သူ့ဦးယျာဉ် အပန်းဖြေစခန်းသို့သွားရောက် ပို့ဆောင်ကာ အပန်းဖြေခရီးနှင့် ပတ်ဝန်းကျင်လေ့လာရေး ခရီးအဖြစ်

စစ်တွေမြို့ရှိ အစ္စလာမ်ဘာသာဝင်ရေလုပ်သားများအား (NV) ကတ် ထုတ်ပေးနေမှု ကြည့်ရှုအားပေး

ရခိုင်ပြည်နယ်၊ စစ်တွေ၊၂၀၁၈၊ဇန်နဝါရီ ၁၇ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ်အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီအနေဖြင့်နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်ကို အရှိန်မြှင့်ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာကော်မတီဝင် များဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ ထိုလုပ်ငန်းစဉ်တွင်NationalVerificationCard(NVC)ကိုင်ဆောင်ခြင်း၏အကျိုးကျေးဇူးများကိုလည်းပြည်သူများသိရှိရန်ကျယ်ကျယ်ပြန့်ပြန့် ပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး အစ္စလာမ်ဘာသာဝင် ရေလုပ်သားများအနေဖြင့် (NV)ကတ်ကိုင်ဆောင်ထားပြီး ပင်လယ်ပြင်တွင် ရေလုပ်ငန်း လုပ်ဆောင်ပါက စိစစ်မှုခံယူရာတွင် ခိုင်လုံသောအထောက်အထား ပြသနိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့်ရေလုပ်သားများ (NV)ကတ် ကိုင်ဆောင်နိုင်ရန် အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနက ဆောင်ရွက်ပေးလျက်ရှိရာ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် (၁၄-၁-၂၀၁၈)ရက်နေ့ နံနက်ပိုင်းက စစ်တွေမြို့စုပေါင်းရုံးတွင် အစ္စလာမ်ဘာသာဝင်ရေလုပ်သားများကို (NV)ကတ် ပြုလုပ်ဆောင်ရွက်ပေးနေမှုများအား သွားရောက်ကြည့်ရှု၍ ဌာဆိုင်ရာဝန်ထမ်းများကို လုပ်ငန်း ဆောင်ရွက်နေမှုအပေါ် အားပေးစကား ပြောကြားပါသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူများအား ပြန်လည်လက်ခံရေးနှင့် UEHRD လုပ်ငန်းတိုးတက်မှုအခြေအနေများကိုဆွေးနွေးရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား နယူးဇီလန်နှင့်နယ်သာလန်နိုင်ငံသံအမတ်ကြီးများက သီးခြားစီလာရောက်တွေ့ဆုံ

နေပြည်တော် ၊၂၀၁၈၊ဇန်နဝါရီ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအားနယူးဇီလန်နိုင်ငံ သံအမတ်ကြီး H.E Mr .Stevemarshallနှင့် နယ်သာလန်နိုင်ငံ သံအမတ်ကြီးH.E Mr. Wouter Jurgens တို့က (၁၆.၁.၂၀၁၈)ရက်နေ့၊ နံနက်ပိုင်း တွင် အဆိုပါ ဝန်ကြီးရုံး၊ မေခလာခန်းမ၌ သီးခြားစီ လာရောက်တွေ့ဆုံပါသည်။

ရပ်ရွာအခြေပြု အခြေခံဇာထိုး၊ပန်းထိုးသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပခြင်း

စစ်ကိုင်းတိုင်းဒေသကြီး၊၂၀၁၈၊ဇန်နဝါရီ ၁၇ စစ်ကိုင်းတိုင်းဒေသကြီးယင်းမာပင်ခရိုင်၊ကနီမြို့နယ်၊ချောင်းပေါက်ကျေးရွာတွင်ရပ်ရွာအခြေပြုအခြေခံဇာထိုး၊ ပန်းထိုးသင်တန်း ဖွင့်ပွဲ အခမ်းအနားကို သင်တန်းသား(၃ဝ)ဦးဖြင့်(၁၅.၁.၂ဝ၁၈)ရက်နေ့၊ နံနက် (၁ဝးဝဝ)နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ စစ်ကိုင်း တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံး၊ တိုင်းဒေသကြီး ဦးစီးမှူးမှ အဖွင့်အမှာ စကားပြောကြားခဲ့

သက်ကြီးရွယ်အိုစောင့်ရှောက်မှုလုပ်ငန်းများ၊သက်ကြီးရွယ်အိုများအတွက်ပြဌာန်းထားသောဥပဒေ၊ နည်းဥပဒေများနှင့်သက်ကြီးလူမှုရေးပင်စင်အစီအစဉ်များရှင်းလင်းခြင်း

ရန်ကုန်တိုင်းဒေသကြီး၊၂၀၁၈၊ဇန်နဝါရီ ၁၇ မြန်မာနိုင်ငံဆေးပညာရှင်များအဖွဲ့မှ(၁၃.၁.၂၀၁၈)ရက်နေ့၌ကြီးမှူး ကျင်းပသည့် Symposium on Active Ageing and Geriatric Care Myanmar Perspectives အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၊ တိုင်းဒေသကြီးဦးစီးမှူးဒေါက်တာကေသီကျော် မှမြန်မာနိုင်ငံနှင့် နိုင်ငံတကာ တွင်ဆောင်ရွက်လျက်ရှိသော သက်ကြီးရွယ်အိုစောင့်ရှောက်မှုလုပ်ငန်းများ အကြောင်းကို လည်းကောင်း၊ လူမှုဝန်ထမ်း ဦးစီးဌာန(ရုံးချုပ်) မှ ညွှန်ကြားရေမှူး ဦးကျော်လင်းထင်မှ သက်ကြီးရွယ်အိုများ အတွက်ပြဌာန်းထားသောဥပဒေ၊ နည်းဥပဒေများအကြောင်း၊ သက်ကြီးလူမှုရေးပင်စင်အစီ အစဉ်ကိုလည်းကောင်းအသီးသီးရှင်းလင်းတင်ပြ

ရပ်ရွာအခြေပြုစက်ချုပ်အခြေခံပညာသင်တန်းဆင်းပွဲအခမ်းအနားကျင်းပခြင်း

စစ်ကိုင်းတိုင်းဒေသကြီး၊၂၀၁၈၊ဇန်နဝါရီ ၁၇ စစ်ကိုင်းတိုင်းဒေသကြီးမုံရွာခရိုင်၊မုံရွာမြို့နယ်၊ကြာပိုင်ကျေးရွာတွင်ရပ်ရွာအခြေပြုစက်ချုပ်အခြေခံပညာသင်တန်းကိုသင်တန်းသား(၂၁)ဦးဖွင့်လှစ်ခဲ့ ရာ သင်တန်းဆင်းပွဲအခမ်းးအနားကို (၁၃-၁-၂ဝ၁၈) ရက်နေ့၊ နံနက်(၁ဝးဝဝ)နာရီတွင် ကျင်းပပြုလုပ်ခဲ့ပြီး

ရပ်ရွာအခြေပြု မူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည်ထူထောင်ရေးသင်တန်းကျင်းပခြင်း

စစ်ကိုင်းတိုင်းဒေသကြီး၊၊ ၂၀၁၈၊ဇန်နဝါရီ ၁၆ စစ်ကိုင်းတိုင်းဒေသကြီး၊ကသာခရိုင်၊ဗန်းမောက်မြို့နယ်၊ပင်ဟင်းခါးကျေးရွာတွင်ရပ်ရွာအခြေပြု မူးယစ်ဆေးဖြတ် ကုသရေးနှင့်ပြန်လည် ထူထောင်ရေး သင်တန်းကို သင်တန်းသား (၃၆)ဦးဖြင့် ယင်းကျေးရွာဓမ္မာရုံ၌ သင်တန်း ဖွင့်ပွဲအခမ်းအနားကို (၇.၁.၂ဝ၁၈) ရက်နေ့၊နံနက်(၁ဝးဝဝ) နာရီတွင် ကျင်းပပြု လုပ်ခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၊ တိုင်းဒေသကြီးဦးစီးမှူးမှ အဖွင့်အမှာစကားပြောကြားခဲ့

မြန်မာနိုင်ငံရှိ ကျား၊ မ အခြေုပြု အကြမ်းဖက်မှု ခံစားနေရသည့် မိန်းကလေးငယ်များ၊ အမျိုးသမီးငယ်များ၏ လက်ရှိ အခြေအနေ ဆန်းစစ်လေ့လာသည့် သုတေသနတွေ့ရှိချက်များအား ရှင်းလင်းတင်ပြသည့် အလုပ်ရုံ ဆွေးနွေးပွဲကျင်းပခြင်း

နေပြည်တော်၊၂၀၁၈ ၊ဇန်နဝါရီ ၁၆ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် Korea Women’s Development Institute (KWDI) တို့ ပူးပေါင်းပြုလုပ်ခဲ့သောမြန်မာနိုင်ငံရှိ ကျား၊မအခြေုပြုအကြမ်းဖက်မှုခံစားနေရသည့် မိန်းကလေးငယ်များ၊ အမျိုးသမီးငယ်များ၏ လက်ရှိအခြေအနေ ဆန်းစစ်လေ့လာသည့် သုတေသနတွေ့ရှိချက်များအား ရှင်းလင်းတင်ပြသည့် အလုပ်ရုံ ဆွေးနွေးပွဲကို (၂၇-၁၂-၂၀၁၇)ရက်နေ့၊ နံနက် ( ၈ : ၃၀)တွင် နေပြည်တော်ရှိ လူမှုဝန်ထမ်းဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။