ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးမူဝါဒနှင့် ကလေးသူငယ်များအပေါ် အကြမ်းဖက်မှုမှ တားဆီးရေးကာကွယ်ရေး အမျိုးသားအဆင့်လုပ်ငန်းစဉ်များ ရေးဆွဲချမှတ်ရန် ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး မှာကြား

နေပြည်တော်၊ ၂၀၁၇၊ဒီဇင်ဘာ ၂၈ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီအစည်းအဝေး(၁/၂၀၁၇)ကို(၂၇.၁၂.၂၀၁၇)ရက်နေ့၊နံနက်ပိုင်းကလူမှုဝန်ထမ်း ၊ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ကလေး သူငယ် အခွင့်အရေးများ ဆိုင်ရာ အမျိုးသား ကော်မတီဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက် အမှာစကား ပြောကြားပါသည်။

အားကစားပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပခြင်း

မန္တလေးတိုင်းဒေသကြီး၊၂၀၁၇၊ဒီဇင်ဘာ ၂၇ လူမှုဝန်ထမ်းဦးစီးဌာန၊အမျိုးသမီးကလေးများသင်တန်းကျောင်း၊မန္တလေးမြို့တွင်(၂၆.၁၂.၂၀၁၇)ရက်နေ့၌သင်တန်းကျောင်းသူများ၏အားကစားပြိုင် ပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာမန္တလေးတိုင်းလူမှုဝန်ထမ်းရုံးမှတိုင်းဒေသကြီးဦးစီးမှူးနှင့်ဌာနငယ်သင်တန်းကျောင်းများမှကျောင်းအုပ် များနှင့်မူလတန်းကြိုကျောင်းများမှကျောင်းအုပ်များ၊အငြိမ်းစားဆရာမကြီးများတက်ရောက်အားပေးချီးမြှင့်ခဲ့ကြပါသည်။

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့၊ စည်ပင်သာယာရေးခန်းမ၌ ကျင်းပသည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ကျောက်တံခါးမြို့နယ်တွင် မိခင်ဝိုင်းများ ဖွင့်လှစ်နိုင်ရေး ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ၂၀၁၇၊ဒီဇင်ဘာ ၂၇ ပဲခူးတိုင်းဒေသကြီး၊ကျောက်တံခါးမြို့နယ်တွင်မိခင်ဝိုင်းများဖွင့်လှစ်နိုင်ရေးရှင်းလင်းဆွေးနွေးပွဲကို(၂၄.၁၂.၂၀၁၇)ရက်၊တနင်္ဂနွေနေ့၊နံနက်(၁၀:၀၀) နာရီချိန်တွင်ပဲခူးတိုင်းဒေသကြီးကျောက်တံခါးမြို့၊စည်ပင်သာယာရေးခန်းမတွင်ကျင်းပခဲ့ရာ

ရခိုင်ပြည်နယ်အတွင်းရှိကိုယ်ဝန်ဆောင်မိခင်များနှင့် ၄င်းတို့မှ မွေးဖွားလာသောအသက်(၂)နှစ်အောက် ကလေး သူငယ်များအားငွေကြေးထောက်ပံ့ပေးခြင်းအစီအစဉ် (Maternal and Child Cash Transfer- MCCT Program) အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးညှိနှိုင်းစည်းဝေး

နေပြည်တော်၊ ၂၀၁၇ ၊ဒီဇင်ဘာ ၂၇ လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့်ကလေးသူငယ်များ၏အာဟာရအညွှန်းကိန်းများမြင့်မားတိုးတက်လာစေရန်နှင့်ကျန်းမာကြံ့ခိုင်ပြီး ဥာဏ်ရည်မြင့် မားသောအနာဂတ်မျိုးဆက်သစ် သားကောင်း ရတနာလေးများအားမွေးထုတ်ပေးနိုင်ရန် ရည်ရွယ်၍ အမျိုးသားလူမှု ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းစီမံချက်ပါMaternal and Child Cash Transfer Program ကိုမြန်မာနိုင်ငံတွင် ထုတ်ပြန်ထားသော စစ်တမ်း အချက်အလက်များအရ အဓိ ကဆောင်ရွက်ရန်လိုအပ်လျက် ရှိသော ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီး၊ လဟယ်နှင့် နန်းယွန်းမြို့နယ် တို့တွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

လုပ်ငန်းဆောင်ရွက်နေမှုများအားကြည့်ရှုစစ်ဆေးခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ ၂၀၁၇၊ဒီဇင်ဘာ ၂၇ (၂၇.၁၂.၂၀၁၇)ရက်နေ့၊နံနက်(၉း၀၀)နာရီအချိန်တွင်ရန်ကုန်တိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးမှတိုင်းဒေသကြီးဦးစီးမှူးဒေါက်တာကေသီကျော်သည် လူမှုဝန်ထမ်းဦးစီးဌာန၊သက်ကြီးရွယ်အိုများနေ့ပိုင်းစောင့်ရှောက်ရေးဂေဟာ၊ရန်ကုန်မြို့မှဘိုးဘွားများအားလာရောက်တွေ့ဆုံ၍အားပေးစ ကားပြောကြားခြင်း

ကာယစွမ်းရည်ပြိုင်ပွဲနှင့်ဆုပေးပွဲအခမ်းအနားကျင်းပခြင်း

တနင်္သာရီတိုင်းဒေသကြီး၊ ၂၀၁၇၊ဒီဇင်ဘာ ၂၇ လူမှုဝန်ထမ်းဦးစီးဌာန၊တနင်္သာရီတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးကွပ်ကဲမှုအောက်ရှိလောင်းလုံမြို့နယ်၊မောင်းမကန်(လောင်းလုံ) မူလတန်းကြိုကျောင်း တွင် ကာယစွမ်းရည်ပြိုင်ပွဲနှင့်ဆုပေးပွဲအခမ်းအနားအား(၂၇.၁၂.၂၀၁၇)ရက်နေ့တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြု ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ၏ ၆/ ၂၀၁၇ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊၂၀၁၇၊ဒီဇင်ဘာ ၂၇ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ်အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ၏၆/၂၀၁၇လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာလ (၂၆)ရက်နေ့(၁၄း၀၀)နာရီက လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ တွင် ကျင်းပရာ ၊ရခိုင်ပြည်နယ် ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီဥက္ကဌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အဖွင့်အမှာစကား ပြောကြားရာတွင်

CEDAW၊ NSPAW၊ GENDER အသိပညာပေးလုပ်ငန်းအစီအစဉ်များဆောင်ရွက်ခြင်း

နေပြည်တော်၊၂၀၁၇၊ဒီဇင်ဘာ ၂၇ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနသည်UNFPA၊သင်္ဂဟ Gender အဖွဲ့အစည်း များနှင့် ပူးပေါင်း၍ CEDAW NSPAW၊ GENDER အသိပညာပေး လုပ်ငန်းရပ်များနှင့် စပ်လျဉ်း၍ အကောင်အထည်ဖော် မှုအခြေအနေများကို (၅.၁၂.၂၀၁၇)ရက်နေ့တွင်ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနသိုလည်းကောင်း၊(၆.၁၂.၂၀၁၇)ရက်နေ့တွင်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာနသို့လည်းကောင်း၊(၇.၁၁.၂၀၁၇)ရက်နေ့တွင်စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသို့လည်းကောင်း၊(၈.၁၂.၂၀၁၇)ရက်နေ့တွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနသို့လည်းကောင်း၊(၁၁.၁၂.၂၀၁၇)ရက်နေ့တွင်နယ်စပ်ရေးရာဝန်ကြီးဌာနသို့ လည်းကောင်း အသိပညာပေးလုပ်ငန်းအစီ အစဉ်များကို ဆောင်ရွက်ခဲ့ပါသည်။

ကလေးများအပန်းဖြေ ခရီးများပို့ဆောင်ပေးခြင်း

ရခိုင်ပြည်နယ်၊၂၀၁၇၊ဒီဇင်ဘာ ၂၆ လူမှုဝန်ထမ်းဦးစီးဌာန၊ရခိုင်ပြည်နယ်၊စစ်တွေမြို့၊ကလေးပြုစုရေးဌာနတွင်ပြုစုစောင့်ရှောက်လျက်ရှိသော ကလေးငယ်များအား (၂၅.၁၂.၂၀၁၇) ရက်နေ့တွင် စစ်တွေမြို့ရှိ ကစားကွင်း၊ ပွိုင့်အပန်းဖြေစခန်းနှင့် စစ်တွေကမ်းခြေသို့ တာဝန်ရှိ ၀န်ထမ်းများလိုက်ပါ ကြီးကြပ်စောင့်ရှောက် ၍

ဒုတိယဝန်ကြီး ဦးစိုးအောင် တောင်ငူမြို့၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းတွင် ပြုလုပ်သည့် အခြေခံစက်ချုပ်သင်တန်းအမှတ်စဉ် (၁/၂၀၁၇) သို့ သွားရောက်ကြည့်ရှုအားပေး

နေပြည်တော်၂၀၁၇၊ဒီဇင်ဘာ ၂၆ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးစိုးအောင်သည်(၂၄၁၂၂၀၁၇)ရက်နေ့မွန်းလွဲပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းသို့ သွားရောက်ပြီး ကျေးလက် ဒေသဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် ပူးပေါင်း ဖွင့်လှစ်သည့် အခြေခံစက်ချုပ်သင်တန်းအမှတ်စဉ် (၁/၂၀၁၇) သင်တန်း ဖွင့်လှစ်ပို့ချနေမှုများ ကိုကြည့်ရှုအားပေးကာ လိုအပ်သည် များ ပေါင်းစပ်ညှိနိုင်းပေးခဲ့ပါ သည်။ ထို့အပြင် ဒုတိယဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်လျက်ရှိသော မိခင်ဝိုင်းများ အကြောင်းကိုလည်း သင်တန်းသူများကို ရှင်းလင်းပြောကြားခဲ့ပါသည်။