စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၌ လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုအသိပညာပေးသင်တန်းဖွင့်လှစ်သင်ကြား

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့    ၂၉.၆.၂၀၂၁
လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုအသိပညာပေးသင်တန်းကိုစစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး ၌ (၂၉-၆-၂၀၂၁)ရက်နေ့တွင် ကျင်းပခဲ့ရာမိခင်နှင့်ကလေးပြုစုစောင့်ရှောက်ရေးအသင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပညာရေးမှူးရုံး၊ ကြက်ခြေနီအသင်း၊ မီးသတ်တပ်ဖွဲ့မှကိုယ်စားလှယ်စုစုပေါင်း(၃၄)ဦးတက်ရောက်ခဲ့ပါသည်။ အဆိုပါသင်တန်းတွင် လူမှုဝန်ထမ်းဦးစီးဌာန၏ လုပ်ငန်းကြီး(၇)ရပ်နှင့် လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုလုပ်ငန်းစဉ်အကြောင်းကိုတက်ရောက်လာသည့် ဌာန၊ အဖွဲ့အစည်းများကြားပူးပေါင်းလာမှုအားကောင်းစေရန် ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားခဲ့ပါသည်။

ရွှေဘိုမြို့နယ်အမျိုးသမီးကော်မတီးအစည်းအဝေးကျင်းပ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့   ၂၉.၆.၂၀၂၁
(၂၉.၆.၂၀၂၁)ရက်နေ့တွင် ရွှေဘိုမြို့နယ် အမျိုးသမီးကော်မတီအစည်းအဝေးအား မြို့နယ်စီမံအုပ်ချုပ်ရေးရုံးအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ ကော်မတီဝင် (၁၁)ဦး တက်ရောက်ခဲ့ပါသည်။အဆိုပါအစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌကိုယ်စား တာဝန်ရှိသူ တစ်ဦးမှအဖွင့်အမှာစကားပြောကြားခြင်းကော်မတီအတွင်းရေးမှူးမှလုပ်ငန်းဆောင်ရွက်ချက်များ တင်ပြခြင်းနှင့် တက်ရောက်လာကြသောကော်မတီဝင်များမှ လုပ်ငန်းဆောင်ရွက်ချက်များနှင့်ပတ်သက်၍ဝိုင်းဝန်းဆွေးနွေးခဲ့ကြပါသည်။
 

ကချင်ပြည်နယ်၊ လူမှုဝန်ထမ်းရုံးမှ လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုသင်တန်းကျင်းပခြင်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့  ၂၄.၆.၂၀၂၁
လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုသင်တန်းကို သင်တန်းသား(၂၈)ဦးဖြင့်(၂၄.၆.၂၀၂၁)ရက်နေ့တွင် ကချင်ပြည်နယ်လူမှုဝန်ထမ်းဦးစီးမှူးရုံး ခန်းမတွင်ကျင်းပပြုလုပ်ခဲ့ပါသည်။
 

သင်တန်းကျောင်းများရှိ ပြစ်ဒဏ်ချမှတ်ခြင်းခံရသော ကလေးသူငယ်များစိစစ်ရေးလုပ်ငန်း လမ်းညွှန်(မူကြမ်း)ဒုတိယအကြိမ်နှင့်ပတ်သက်၍ သုံးသပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

၂၃.၆.၂၀၂၁၊ နေပြည်တော်    
    သင်တန်းကျောင်းများရှိ ပြစ်ဒဏ်ချမှတ်ခြင်းခံရသော ကလေးသူငယ်များစိစစ်ရေး လုပ်ငန်း လမ်းညွှန်(မူကြမ်း)ဒုတိယအကြိမ်နှင့်ပတ်သက်၍ သုံးသပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်း က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဘာသာရပ်ဆိုင်ရာညွှန်ကြားရေးမှူးများ၊ သက်ဆိုင်ရာ တိုင်း ဒေသကြီး/ပြည်နယ်လူမှုဝန်ထမ်းဦးစီးမှူးများနှင့် သင်တန်းကျောင်းအသီးသီးက တာဝန်ခံများ၊ ကျောင်းအုပ်များOnline ဖြင့် တက်ရောက်ခဲ့ကြပါသည်။

မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ လေးလပတ်လုပ်ငန်းညှိနှိုင်း အစည်းအဝေး၏ လမ်းညွှန်မှာကြားချက်များအာ ထပ်ဆင့်ရှင်းလင်းခြင်း

၂၃.၆.၂၀၂၁   မော်လမြိုင်မြို့
(၂၃.၆.၂၀၂၁)  ရက်နေ့၊ မွန်းလွဲ (၂ : ၀၀)  နာရီအချိန် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊  အမှတ်(၁)   မူလတန်းကြိုကျောင်းခန်းမ၌    လူမှုဝန်ထမ်း၊  ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီးရုံးအစည်းအဝေးခန်းမ၌    ကျင်းပပြုလုပ်ခဲ့သည့် (၄) လပတ်    လုပ်ငန်းညှိနှိုင်းအစည်းအဝေးလမ်းညွှန်မှာကြားချက်များအား အရာထမ်း၊ အမှုထမ်းများအား သိရှိလိုက်နာ စေရေး ထပ်ဆင့်ရှင်းလင်းခြင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။ 

မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီအစည်းအဝေး (၁/၂၀၂၁) ကျင်းပ

နေပြည်တော်   ၂၂.၆.၂၀၂၁
    မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီအစည်းအဝေး (၁/၂၀၂၁)ကို ယနေ့နံနက်တွင် နေပြည်တော်ရှိ   လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီးရုံး စုပေါင်းအစည်းအဝေးခန်းမ၌ လူကိုယ်တိုင်တက်ရောက်၍လည်းကောင်း၊ Online မှတက်ရောက်၍လည်းကောင်း ပုံစံ(၂)မျိုးပေါင်းစပ်ကျင်းပပြုလုပ်ခဲ့ပါသည်။ 

ညွှန်ကြားရေးမှူး၊ ရှမ်းပြည်နယ်လူမှုဝန်ထမ်းရုံးက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ လေးလပတ်လုပ်ငန်းညှိနှိုင်း အစည်းအဝေး၏ လမ်းညွှန်မှာကြားချက်များအာ ထပ်ဆင့်ရှင်းလင်းခြင်း

ရှမ်းပြည်နယ်၊ တောင်ကြီး        ၂၂.၆.၂၀၂၁


    ရှမ်းပြည်နယ်လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး ဦးထွန်းဦးသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ လေးလပတ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၏ လမ်းညွှန်မှာကြားချက်များအား လက်အောက်ရှိ အရာထမ်း၊ အမှုထမ်းများအား သိရှိလိုက်နာ စေရေး ထပ်ဆင့်ရှင်းလင်းခြင်းကို ပြုလုပ်ခဲ့သည်။ 

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်အမျိုးသမီးကော်မတီအစည်းအဝေးကျင်းပ

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်အမျိုးသမီးကော်မတီအစည်းအဝေးကို (၁၇-၆-၂၀၂၁)ရက်နေ့တွင် မော်လမြိုင်ခရိုင်စီမံအုပ်ချုပ်ရေးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။ အဆိုပါ အစည်းအဝေး တွင် ခရိုင်အမျိုးသမီးကော်မတီဥက္ကဋ္ဌက အမှာစကားပြောကြားပြီး အတွင်းရေးမှူးက ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ခဲ့သော အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် ကျား၊ မ အခြေပြုအကြမ်းဖက်မှုဆိုင်ရာဖြစ်ရပ်များ ဖြေရှင်းဆောင်ရွက်မှုတို့ကို ရှင်းလင်းတင်ပြီး တက်ရောက် လာသော ကော်မတီဝင်များက အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်စပ်၍ မိမိတို့ လက်ရှိဆောင်ရွက် နေသော လုပ်ငန်းများနှင့် ကော်မတီအနေဖြင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များက