ပဲခူးတိုင်းဒေသကြီး၊ ၂၀၁၈ ၊ဇန်န၀ါရီ ၁၉
(၁၉.၁.၂၀၁၈)ရက်နေ့၊နံနက်(၉း၃၀)နာရီတွင် လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်းအမှတ်(၁)၊ပဲခူးမြို့၌ ကိုရီးယားနိုင်ငံမှ လှူဒါန်း မှုပြု ပစ္စည်းများ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာပဲခူးတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၊တိုင်းဒေသကြီးဦးစီးမှူးအဖွင့်အမှာ စကားပြောကြားပြီးKorea University Council For Social Service Under by KOICA (KUCSS)မှ Volunteer များကနှုတ်ဆက် စကားပြောကြား၍ လှူဒါန်းပစ္စည်းများအား လွှဲပြောင်းပေးအပ် လှူဒါန်းခဲ့ပါသည်။ထို့နောက် တိုင်းဒေသကြီးဦးစီးမှူးမှ ဂုဏ်ပြု မှတ်တမ်းလွှာများပြန်လည်ပေးအပ်ပြီး အမှတ်(၁) မူလတန်းကြိုကျောင်း ၊ကျောင်းအုပ် မှကျေးဇူးတင် စကားပြန်လည်ပြောကြား ခဲ့ပါသည်။