စမတောင် ပရဟိတဂေဟာသို့ ရွှေပါရမီပဲနို့အာဟာရ ဖောင်ဒေးရှင်းမှ ပဲနို့စက်နှင့် ဆက်စပ်ပစ္စည်းများ လှူဒါန်းပွဲ အခမ်းအနား

နေပြည်တော်၊၂၀၁၈၊ဇန်န၀ါရီ ၁၀ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန အသိအမှတ်ပြု လယ်ဝေးမြို့နယ်၊ စမတောင်ပရဟိတဂေ ဟာသို့ ရွှေပါရမီပဲနို့အာဟာရ ဖောင်ဒေးရှင်းမှ ပဲနို့စက်နှင့် ဆက်စပ်ပစ္စည်းများ လှူဒါန်းပွဲအခမ်းအနားကို (၁၀.၁.၂၀၁၈)ရက်နေ့ နံနက် (ဝ၈:ဝ၀) နာရီ တွင် စမတောင်ပရဟိတ ဂေဟာ၌ ကျင်းပခဲ့သည်။ ရှေးဦးစွာ မွေးကင်းစကလေးငယ်များ စွန့်ပစ်ခြင်းမှ ကာကွယ်တားဆီးရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်မေယဉ်ထွန်းက အဖွင့် အမှာစကားပြောကြားပြီး

အသက်(၆)လ မှ အသက်(၃)နှစ်ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ သင်တန်း(၁/၂၀၁၈) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပခြင်း

ရှမ်းပြည်နယ်၊၂၀၁၈၊ဇန်န၀ါရီ ၁၀ လူမှုဝန်ထမ်းဦးစီးဌာန၊ရှမ်းပြည်နယ်လူမှုဝန်ထမ်းရုံးမှကြီးမှူး၍အသက်(၆)လမှအသက်(၃)နှစ်ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ သင်တန်း(၁/၂၀၁၈) သင်တန်းဖွင့်ပွဲ အခမ်းအနားအား (၈.၁.၂၀၁၈) ရက်နေ့၌တောင်ကြီးမြို့ ၊အေးသာယာမူလတန်းကြိုကျောင်း တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ကာယစွမ်းရည်ပြိုင်ပွဲနှင့်ဆုပေးပွဲအခမ်းအနားကျင်းပခြင်း

ရှမ်းပြည်နယ်၊ကျိုင်းတုံခရိုင်၊၂၀၁၈၊ဇန်န၀ါရီ ၁၀ လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးသက်မွေးအတတ်ပညာသင်ကျောင်း၊ကျိုင်းတုံမြို့တွင်ကာယစွမ်းရည်ပြိုင်ပွဲနှင့်ဆုပေးပွဲအခမ်းအနားအား (၆.၁.၂၀၁၈) ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့ရာကျိုင်းတုံခရိုင်လူမှုဝန်ထမ်းရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဌာနငယ်/မူကြိုများ မှကျောင်းအုပ်များ၊ တာဝန်ရှိဝန်ထမ်းများ၊ ဖိတ်ကြားထား သူများ တက်ရောက် အားပေး၍

ကျဘမ်းစကားပြောပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ ၂၀၁၈ ၊ဇန်နဝါရီ ၁၀ (၈.၁.၂၀၁၈)ရက်နေ့တွင်ရန်ကုန်တိုင်းဒေသကြီး၊ဗိုလ်တထောင်မြို့နယ်၊အခြေခံပညာအထက်တန်းကျောင်းအမှတ်(၆)၌ကျင်းပပြုလုပ်သောကလေး စာပေပွဲတော်တွင် လူမှုဝန်ထမ်းဦးစီးဌာန၊ကြည့်မြင်တိုင်မျက်မမြင်ကျောင်း မှကျောင်းသူတစ်ဦး ကျဘမ်းစကားပြောပြိုင်ပွဲ၌ ဝင်ရောက် ယှဉ်ပြိုင်

ငြိမ်းချမ်းရေးနှင့်ပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်များကို UEHRD စီမံကိန်း၏ ရည်ရွယ်ချက်များနှင့်အညီ ပူးပေါင်းဆောင်ရွက်နိုင်ရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား Centre for Humanitarian Dialogue (CHD) အဖွဲ့က လာရောက်တွေ့ဆုံဆွေးနွေး

နေပြည်တော် ၊၂၀၁၈၊ဇန်နဝါရီ ၁၀ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအား(၉.၁.၂၀၁၈)ရက်နေ့၊ မွန်းလွဲပိုင်းတွင် Centre for Humanitarian Dialogue (CHD) မှ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Adam Cooper က အဆိုပါ ဝန်ကြီးရုံး မေခလာခန်းမ၌ လာရောက်တွေ့ဆုံပါသည်။

ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပခြင်း

ပဲခူးတိုင်းဒေသကြီး၊ ၂၀၁၈၊ ဇန်န၀ါရီ ၉ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊လူမှုဝန်ထမ်းဦးစီးဌာန၊ပဲခူးတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးမှကြီးမှူး၍ အသက်(၆) လမှ (၃)နှစ်အရွယ် ကလေးသူငယ်ပြုစု စောင့်ရှောက်သူများအတွက် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ သင်တန်းဖွင့်ပွဲ အခမ်းအနားအား (၈.၁.၂၀၁၈)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီချိန်တွင် လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်း အမှတ်(၂)၊ပဲခူးမြို့၌ ကျင်းပ

အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း (ရန်ကုန်)အပတ်စဉ်(၈/၂၀၁၇)သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပခြင်း

ရန်ကုန်တိုင်းဒေသကြီး၊၂၀၁၈၊ဇန်န၀ါရီ ၉ လူမှုဝန်ထမ်းဦးစီးဌာန၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၊ ရန်ကုန်မြို့တွင်အပတ်စဉ် (၈/၂၀၁၇) သင်တန်းဆင်းပွဲ အခမ်းအနားအား (၅.၁.၂၀၁၈)ရက်နေ့၌ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးမှ တိုင်းဒေသကြီးဦးစီးမှူးဒေါက်တာကေသီကျော် တက်ရောက်ပြီး သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပါသည်။

ရခိုင်ပြည်နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးအထောက်အပံ့ပေးရေး အစီအစဉ် အကောင်အထည်ဖော်ရေးသင်တန်းဖွင့်လှစ်

နေပြည်တော်၊၂၀၁၈ ၊ဇန်နဝါရီ ၉ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနသည် ရခိုင်ပြည်နယ် အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင် များနှင့် ၎င်းတို့ မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအားငွေကြေး အထောက်အပံ့ပေးရေး အစီအစဉ် အကောင် အထည်ဖော်နိုင်ရေးအတွက်ပြင်ဆင်ဆောင်ရွက် လျက်ရှိပါသည်။ အဆိုပါ အစီအစဉ်အားအောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် အစီအစဉ် အကောင်အထည်ဖော်ရေးဆိုင်ရာ သင်တန်းအား ၂၀၁၈ခုနှစ် ၊ဇန်နဝါရီလ(၉)ရက်နေ့မှ(၁၀)ရက်နေ့ အထိနေပြည်တော် ၊မင်္ဂလာသီရိဟိုတယ် ၌ ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်းဦးစီးဌာန ၊ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေး တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။

မြိုင်ကြီးငူ IDP Camp များရှိ အမျိုးသမီးများအတွက် အသက်မွေး ဝမ်းကြောင်းလုပ်ငန်းများထောက်ပံ့ပေးခြင်း

ကရင်ပြည်နယ်၊၂၀၁၈၊ဇန်န၀ါရီ ၉ (၈.၁.၂၀၁၈)ရက်နေ့တွင် ကရင်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ ကရင်ပြည်နယ်မြိုင်ကြီးငူအထူးဒေသရှိ IDPCampများ တွင်နေထိုင်ကြသောအမျိုးသမီး (၄၁)ဦးအားအသက်မွေးဝမ်းကျောင်းပြုလုပ်သည့်ဂျက်ခုတ်လုပ်ငန်းတွင်အသုံးပြုရန်အတွက်ဘတ်ဂျက်ရန်ပုံငွေဖြင့်ထောက်ပံ့ပေးသောတစ်ဦးလျှင် (၃၀၀၀၀ိ/-) နှုန်းဖြင့် ချည်ငင်(၂၄၆) လုံးစာ ငွေကျပ် (၁၂၁၀၀၀၀ိ/-)(ကျပ်တစ်ဆယ့် နှစ်သိန်း တစ်သောင်း) တိတိအား

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မြန်မာနိုင်ငံ လူငယ်ရေးရာ မူဝါဒမိတ်ဆက်ဖြန့်ချိခြင်း အခမ်းအနား တက်ရောက်

နေပြည်တော် ၊ဇန်န၀ါရီ ၉ အနာဂတ်တွင်တိုင်းပြည်၏အခန်းကဏ္ဍအားလုံး၌လူငယ်များ၏ဦးဆောင်မှုစွမ်းရည်မြှင့်တင်နိုင်ရေးအတွက်လိုအပ်သောအရည်အသွေးပြည့်မီ သည့် ပညာသင်ယူရေး အခွင့်အလမ်းများဖော်ထုတ်ပေးနိုင်ရန်စသည့် ရည်ရွယ်ချက် များဖြင့် မြန်မာနိုင်ငံ လူငယ်ရေးရာ မူဝါဒမိတ်ဆက် ဖြန့်ချိခြင်း အခမ်းအနားကို (၅.၁.၂၀၁၈)ရက်နေ့၊နံနက်( ၉း၀၀)နာရီတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ၂ ၌ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်၍ မိန့်ခွန်းပြောကြားသည်။