အားကစားပွဲကျင်းပပြုလုပ်ခြင်း

ဧရာဝတီတိုင်းဒေသကြီး၊၂၀၁၇ ၊ဒီဇင်ဘာ ၂၆ လူမှုဝန်ထမ်းဦးစီးဌာန၊ ကလေးပြုစုရေးဌာန၊ ပုသိမ်မြို့တွင် ပြုစုစောင့် ရှောက်လျက်ရှိသော ကလေးများ ၏အားကစားပွဲအား(၂၅.၁၂.၂၀၁၇) ရက်နေ့၌ ယင်းဌာန တွင် ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးမှ တိုင်းဒေသကြီးဦးစီးမှူး ၊ကျောင်းအုပ်နှင့် ၀န်ထမ်းများ တက်ရောက် အားပေခဲ့ပြီး

ရတနာမဉ္ဇူပရဟိတဂေဟာသို့သွားရောက်ကြည့်ရှုစစ်ဆေးခြင်း

ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊၂၀၁၇၊ဒီဇင်ဘာ ၂၆ လူမှုဝန်ထမ်းဦးစီးဌာန၊ဖျာပုံခရိုင်လူမှုဝန်ထမ်းရုံးမှခရိုင်ဦးစီးမှူးနှင့်အဖွဲ့သည်(၂၁.၁၂.၂၀၁၇)ရက်နေ့တွင်ဧရာဝတီတိုင်းဒေသကြီး၊ဘိုကလေးမြို့နယ်၊ ရုပ်ဆိုင်ကျေးရွာရှိရတနာမဉ္ဇူပရဟိတဂေဟာသို့သွားရောက်ကြည့်ရှုစစ်ဆေးခြင်း၊

မတူညီသောအသိုင်းအဝိုင်းနှစ်ခုကြား ရှင်းလင်းပြတ်သားသော သတင်းအချက်အလက်များ ရောက်ရှိရေးသည် လူမှုသဟဇာတဖြစ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် အရေးကြီးကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား

ရန်ကုန်၊၂၀၁၇၊ဒီဇင်ဘာ ၂၆ ပြဿနာဖြစ်ပွားနေသည့်လူမှုအသိုင်းအဝိုင်းတွင်လူမှုဝန်ထမ်းလုပ်ငန်းများဆောင်ရွက်ခြင်းဆိုင်ရာဒုတိယအကြိမ်သင်တန်းဖွင့်ပွဲကို(၂၅.၁၂.၂၀၁၇) ရက်နေ့၊ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်း မြို့နယ်ရှိ လူမှုဝန်ထမ်းအတတ်သင်သိပ္ပံကျောင်းတွင် ကျင်းပပြုလုပ်ရာ UEHRD ဒုတိယဥက္ကဌ၊လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးတက်ရောက် အမှာစကားပြောကြားပါသည်။

သေချာသောအကျိုးအမြတ်ရရှိမည့် ရင်းနှီးမြှုပ်နှံအဖြစ် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းအကောင်အထည်ဖော်ရေးပူးပေါင်းဆောင်ရွက်ရန် ပြည်သူများနှင့်တွေ့ဆုံ

နေပြည်တော် ၊၂၀၁၇၊ဒီဇင်ဘာ ၂၆          လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည်လွှတ်တော်ကိုယ်စား လှယ်များ၊ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ(၂၄.၁၂.၂၀၁၇)ရက်နေ့၊နံနက် ပိုင်းကပဲခူးတိုင်း ဒေသကြီးကျောက်တံခါးမြို့နယ်ခန်းမ၌ ဒေသခံပြည်သူလူထုနှင့် တွေ့ဆုံခဲ့ပါသည်။

ရပ်ရွာအခြေပြုအခြေခံစက်ချုပ်သင်တန်းဆင်းပွဲကျင်းပခြင်း

ရခိုင်ပြည်နယ်၊၂၀၁၇၊ ဒီဇင်ဘာ ၂၆ လူမှုဝန်ထမ်းဦးစီးဌာန၊ကျောက်ဖြူခရိုင်လူမှုဝန်ထမ်းရုံးမှကြီးမှူး၍ရခိုင်ပြည်နယ်သံတွဲခရိုင်၊သံတွဲမြို့နယ်နွားစားပြင်(ခြံပြင်)ကျေးရွာတွင် ရပ်ရွာ အခြေ ပြုအခြေခံ စက်ချုပ် သင်တန်းဆင်းပွဲ အခမ်းအနားအား (၂၃.၁၂.၂၀၁၇) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်ဦးစီးမှူးမှ သင်တန်းဆင်းအမှာ စကားပြောြ ကားခဲ့ပြီး သင်တန်းဆင်း လက်မှတ် ချီးမြှင်ခဲ့ပါသည်။

မိခင်ဝိုင်းများအား ကြည့်ရှုစစ်ဆေးခြင်းနှင့် နေ့လည်စာ ၊ ဖြည့်စွက်စာကျွေးမွေးရန်အတွက် ငွေကြေးပံ့ပိုးမှုပေးအပ်ခြင်း

ရခိုင်ပြည်နယ်၊ ၂၁.၁၂.၂၀၁၇ ရခိုင်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ ဦးစီးအရာရှိ ဒေါ်စိမ်းလဲ့ရည်နှင့် စစ်တွေမူလတန်းကြိုကျောင်း ကျောင်းအုပ် ဒေါ်ထွေးထွေးရီတို့မှ စစ်တွေမြို့နယ်အတွင်းတွင် ဖွင့်လှစ်ထားသော နာရီကန်ကျေးရွာရှိ မိခင်ဝိုင်း(၂)ဝိုင်း၊ ဆတ်ရိုးကျရပ်ကွက်(၁)ရှိ မိခင်ဝိုင်း(၂)ဝိုင်းနှင့် ဆတ်ရိုးကျရပ်ကွက်(၂)ရှိ မိခင်ဝိုင်း (၁)ဝိုင်း စုစုပေါင်း (၅)ဝိုင်းတို့အား (၂၀.၁၂.၂၀၁၇)ရက်နေ့တွင် ကွင်းဆင်းသွားရောက်ခဲ့ပြီး မိခင်ဝိုင်း များရှိ ကလေးများအား ပြုစုစောင့်ရှောက်နေမှု အခြေအနေများ၊ ကလေးများအား ကျွေးမွေးမှုအခြေအနေများနှင့် ကလေးများဖွံ့ဖြိုးတိုးတက်လာမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ကလေးများ အား နေ့လည်စာနှင့် ဖြည့်စွက်စာအာဟာရ နေ့စဉ်ကျွေးမွေးနိုင်ရန်အတွက် ဦးစီးဌာနရန်ပုံငွေမှ ခွဲဝေချထားသော ကလေးဦးရေအလိုက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။

မိခင်ဝိုင်းများအား ကြည့်ရှုစစ်ဆေးခြင်းနှင့် နေ့လည်စာ ၊ ဖြည့်စွက်စာကျွေးမွေးရန်အတွက် ငွေကြေးပံ့ပိုးမှုပေးအပ်ခြင်း

ခိုင်ပြည်နယ်၊၂၀၁၇၊ ဒီဇင်ဘာ ၂၁ ရခိုင်ပြည်နယ်လူမှုဝန်ထမ်းရုံးမှဦးစီးအရာရှိဒေါ်စိမ်းလဲ့ရည်နှင့်စစ်တွေမူလတန်းကြိုကျောင်း၊ကျောင်းအုပ်ဒေါ်ထွေးထွေးရီတို့မှစစ်တွေမြို့နယ်အတွင်းတွင် ဖွင့်လှစ်ထားသော နာရီကန်ကျေးရွာရှိ မိခင်ဝိုင်း(၂)ဝိုင်း၊ ဆတ်ရိုးကျရပ်ကွက်(၁)ရှိ မိခင်ဝိုင်း(၂)ဝိုင်းနှင့် ဆတ်ရိုးကျရပ်ကွက်(၂)ရှိ မိခင်ဝိုင်း (၁)ဝိုင်း စုစုပေါင်း (၅)ဝိုင်းတို့အား (၂၀.၁၂.၂၀၁၇)ရက်နေ့တွင် ကွင်းဆင်းသွားရောက်ခဲ့ပြီး မိခင်ဝိုင်း များရှိ ကလေးများအား ပြုစုစောင့်ရှောက်နေမှု အခြေအနေများ၊ကလေးများအား ကျွေးမွေးမှုအခြေ အနေများနှင့် ကလေးများဖွံ့ဖြိုးတိုးတက်လာမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး

ရခိုင်ပြည်နယ်အတွင်း ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းင်းတို့မှ မွေးဖွားလာသော အသက် (၂) နှစ် အောက် ကလေးသူငယ်များအား ငွေကြေးအထောက်အပံ့ပေးရေးအစီအစဉ် အကောင်အထည် ဖော်ရေး မြို့နယ်အဆင့် ရှင်းလင်းဆွေးနွေးပွဲ

ရခိုင်ပြည်နယ်၊ ၁၉.၁၂.၂၀၁၇ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းင်းတို့မှ မွေးဖွားလာသော ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ပေးရေး အစီအစဉ်အကောင်အထည်ဖော်ရေး မြို့နယ်အဆင့်ရှင်းလင်းပွဲများ ကို ဒီဇင်ဘာလ (၁၁ ၊ ၁၂ ၊ ၁၃ ) ရက်နေ့များတွင် တောင်ကုတ်မြို့နယ် ၊ သံတွဲမြို့နယ်နှင့် ဂွမြို့နယ်တို့တွင် ၎င်းင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတို့၌ ကျင်းပဆောင်ရွက်ခဲ့ရာ လူမှုဝန်ထမ်းဦးစီးဌာန (နေပြည်တော်) ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်မိုးက အဖွင့်အမှာစကားပြောကြားရာတွင် ရခိုင်ပြည်နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းင်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များ အနေဖြင့် ဘဝတစ်သက်တာ ဖွံ့ဖြိုးမှု၏ အရေးကြီးဆုံး ကာလဖြစ်သော လူသားဘဝ အစ ရက်(၁၀ဝ၀) ကာလအတွင်း အာဟာရဖွံ့ဖြိုးမှုနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာများ ၊ အလေ့အထကောင်းများ ရရှိစေရန်

အိန္ဒိယ - မြန်မာ နှစ်နိုင်ငံ အစိုးရအကြား ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုး

နေပြည်တော်၊ ၂၀-၁၂-၂၀၁၇ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့ နေ့လည်ပိုင်းတွင် အဆိုပါ ဝန်ကြီးရုံး၊ မေခလာခန်းမ၌ အိန္ဒိယနိုင်ငံ၊ Foreign Secretary ဖြစ်သူ Dr. S. Jaishankar နှင့်အဖွဲ့အား လက်ခံတွေ့ဆုံပါသည်။ တွေ့ဆုံရာတွင် အိန္ဒိယသမ္မတနိုင်ငံအစိုးရနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရတို့ အကြား ရခိုင်ပြည်နယ်တွင်နေထိုင်သော ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့ပေးခြင်းများ၊ ထောက်ပံ့မှု၏ အရေးပါမှုများ၊ ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေး မြှင့်တင်ခြင်းများအား ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်ရန်ရည်ရွယ်၍ ရေးထိုးမည့် အိန္ဒိယ- မြန်မာ နှစ်နိုင်ငံအစိုးရအကြား ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာတွင် ပါဝင်သော ကိစ္စရပ်များအား အဓိကထား ဆွေးနွေးခဲ့ကြပါသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျေးလက်အိမ်ပုံစံနမူနာနှင့် နေ့ကလေးထိန်းဌာနတို့ကို ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဒီဇင်ဘာ (၁၉) နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ညနေပိုင်းတွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဆောက်လုပ်လှူဒါန်းမည့် ကျေးလတ်အိမ်ပုံစံနမူနာနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ဖွင့်လှစ်ထားသည့် နေ့ကလေးထိန်းဌာနတို့ကို ကြည့်ရှုစစ်ဆေးသည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ညနေ ၃နာရီ ၁၀ မိနစ်တွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသို့ ရောက်ရှိပြီး ဝန်ကြီးဌာနရုံးဝန်းအတွင်း နမူနာပုံစံအဖြစ် ဆောက်လုပ်ပြသ ထားသည့် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ခုံတိုင်ကျေးရွာ၌ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း က ဆောက်လုပ်လှူဒါန်းမည့် ကျေးလက်အိမ်ပုံစံကို လှည့်လည် ကြည့်ရှုစစ်ဆေးရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် Seven King Construction Co. Ltd Managing Director ဦးမျိုးကိုကိုတို့က ကျေးလက်အိမ်ဆိုင်ရာ အချက်အလက်များနှင့်ဒေသနှင့်ကိုက်ညီမှုတို့ကို ရှင်းလင်း