နေပြည်တော်၊ မူလတန်းကြိုကျောင်းများကို ဒုတိယ၀န်ကြီး ဒေါ်စုစုလှိုင် လှည့်လည်ကြည့်ရှုစစ်ဆေး။

နေပြည်တော် -

     နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်အတွင်း၊ လူမှုဝန်ထမ်းဦးစီးဌာနအောက်ရှိ မူလတန်းကြိုကျောင်းများ ဖြစ်သော ရင်သွေးရတနာ မူလတန်းကြိုကျောင်း၊ တော်ဝင်ရတနာ မူလတန်းကြိုကျောင်းနှင့် နန်းထိုက်ရတနာ မူလတန်းကြိုကျောင်း တို့ကို ယနေ့နံနက် (၁၀း၀၀)နာရီ အချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဒေါ်စုစုလှိုင် သွားရောက်ကြည့်ရှုရာ မူလတန်းကြိုကျောင်း တာဝန်ခံ ကျောင်းအုပ်များက ကလေးများအား လေ့ကျင့်သင်ယူ ပေးရေး၊ ရှေးဦးကလေးသူငယ် ဖွံ့ဖြိုးမှု ပြုစုပျိုးထောင်ပေးရေး (Early Childhood Care and Development -ECCD) နည်းဖြင့် သင်ကြားခြင်း၊ ကျန်းမာရေးနှင့် အာဟာရ ဖြည့်စွမ်း ကျွေးမွေးရေးတို့နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ဒုတိယ၀န်ကြီးက ကလေးများ ကာယ၊ ဥာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးမှုနှင့် သင်ကြားရေး နည်းလမ်းများ မှန်ကန်မှု ရှိစေရန်နှင့် လိုအပ်သည်များကို ဖြည့်စွက်မှာကြားပြီး ကလေးများ၏ လေ့ကျင့်သင်ယူလျက် ရှိသည့် နေရာများကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

FacebookTwitter

Recent News