ကြည့်မြင်တိုင်မျက်မမြင်ကျောင်းတွင် လူမှုဝန်ထမ်းဦးစီးဌာနမှဖွင့်လှစ်သည့် အကြောပြင်အနှိပ်(၁)နှစ်သင်တန်း ဖွင့်ပွဲအခမ်းအနား

လူမှုဝန်ထမ်းဦးစီးဌာနမှ ဖွင့်လှစ်သည့် အကြောပြင်အနှိပ်(၁)နှစ်သင်တန်း ဖွင့်ပွဲအခမ်းအနားကို (၁၉.၆.၂၀၂၃)ရက်နေ့တွင် လူမှုဝန်ထမ်းအတတ်သင်သိပ္ပံကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ မသန်စွမ်းသူများ ဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး၊ မသန်စွမ်းသူများဖွံ့ဖြိုးတိုးတက်ရေးဌာနစုမှ တာဝန်ရှိသူများမှ Online ဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများ၊ ကြည့်မြင်တိုင်မျက်မမြင်ကျောင်းမှကျောင်းအုပ်၊ သင်တန်းတာဝန်ခံများ၊ သင်တန်းသား၊ သင်တန်းသူများမှ Inpersonဖြင့်လည်းကောင်း တက်ရောက်ခဲ့ကြပါသည်။

မသန်စွမ်းသင်တန်းကျောင်း (၈) ကျောင်း၏ တစ်နှစ်တာလုပ်ငန်း ဆောင်ရွက်ချက်များအား ပြန်လည်သုံးသပ်ခြင်းနှင့် ရှေ့လုပ်ငန်းစီမံကိန်းများဆိုင်ရာ ညှိနှိုင်းအစည်းအဝေးသို့ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်တက်ရောက်

၂၀၂၃ ခုနှစ်၊ ဇွန်လ (၁၅) ရက်၊ နေပြည်တော် မသန်စွမ်းသင်တန်းကျောင်း (၈)ကျောင်း၏ (၁) နှစ်တာလုပ်ငန်းဆောင်ရွက်ချက်များအား ပြန်လည်သုံးသပ်ခြင်းနှင့် ရှေ့လုပ်ငန်းစီမံကိန်းများဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို (၁၅.၆.၂၀၂၃) ရက်နေ့တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ မသန်စွမ်းသူများ ဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲ၊ ညွှန်ကြားရေးမှူး၊ ဌာနခွဲညွှန်ကြားရေးမှူးများ၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးများမှ ညွှန်ကြားရေးမှူးများ၊ မသန်စွမ်းသူများ ဖွံ့ဖြိုးတိုးတက်ရေးဌာနစုမှ တာဝန်ရှိသူများ၊ သင်တန်တာဝန်ခံများ၊ မသန်စွမ်း သင်တန်းကျောင်းများမှ ကျောင်းအုပ်များနှင့် ICT Training Center မှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

လူမှုဝန်ထမ်းဦးစီးဌာနနှင့် Care Support Clover အဖွဲ့တို့ ပူးပေါင်း၍ ဂျပန်နည်းစနစ်ဖြင့် သက်ကြီးရွယ်အိုစောင့်ရှောက်ရေးနှင့် ဂျပန်ဘာသာသင်တန်းဆင်းပွဲနှင့် ဒုတိယအကြိမ် သင်တန်းဖွင့်ပွဲသို့ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်တက်ရောက်

၂၀၂၃ ခုနှစ်၊ ဇွန် ၁၂ လူမှုဝန်ထမ်းဦးစီးဌာနနှင့် Care Support Clover အဖွဲ့တို့သည် (၂) နှစ် သက်တမ်းရှိ သဘောတူညီမှုစာလွှာ (LoA) အား (၅.၅.၂၀၂၂) ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့၍ လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ လူမှုဝန်ထမ်းဦးစီးဌာန လက်အောက်ရှိ သင်တန်းကျောင်းများ၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လူမှုဝန်ထမ်းဦးစီးဌာန အသိအမှတ်ပြုပရဟိတဂေဟာများရှိ မိဘမဲ့ကလေးများအား ဂျပန်နည်းစနစ်ဖြင့် သက်ကြီးရွယ်အိုစောင့်ရှောက်ရေး၊ ဂျပန်ဘာသာသင်တန်းဆင်းပွဲနှင့် ဒုတိယအကြိမ် သင်တန်းဖွင့်ပွဲအား ရန်ကုန်မြို့ရှိ Melia Hotel ၌ ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ Care Support Clover အဖွဲ့မှ Chief Executive Officer, Mr. Mineo Yamashita ၊ Managing Director, ဒေါ်ကေကေခိုင်နှင့် တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး၊ ဘာသာရပ်ဆိုင်ရာတာဝန်ခံများ၊ သင်တန်းကျောင်း၊ ဌာနငယ်များမှ ကျောင်းအုပ်များ၊ ပရဟိတဂေဟာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း(၂၀၂၃-၂၀၃၂) မူဘောင်(မူကြမ်း)ရေးသားထားရှိမှုနှင့်ပတ်သက်ပြီး ညှိနှိုင်းအစည်းအဝေးကျင်းပခြင်း

ဇွန်လ (၇) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီ မင်္ဂလာသီရိဟိုတယ်၊ ရွှေဘိုခန်းမ၊ နေပြည်တော် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၃၂) မူဘောင် (မူကြမ်း) ရေးသားထားရှိမှုနှင့်ပတ်သက်ပြီး ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၁၀:၀၀)နာရီတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၊ ရွှေဘိုခန်းမတွင် ကျင်းပခဲ့ရာ အစည်းအဝေးသို့ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်း (၂၀၂၃-၂၀၃၂) ရေးဆွဲရေး လုပ်ငန်းကော်မတီ (၁၂) ရပ်မှ ကော်မတီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

“ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းဗဟိုကြီးကြပ်ရေးအဖွဲ့ ရန်ပုံငွေဆိုင်ရာ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများ” နှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခြင်း

နေပြည်တော်၊ ဇွန်လ ၆ ရက် “ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း ဗဟိုကြီးကြပ်ရေးအဖွဲ့ ရန်ပုံငွေဆိုင်ရာ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများ” စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၆.၆.၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင် လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများနှင့် Online ဖြင့် ကျင်းပခဲ့ပါသည်။

အမျိုးသမီးများအားနည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာကုလသမဂ္ဂကွန်ဗင်းရှင်း (CEDAW) ဆဋ္ဌမအကြိမ်မြောက် အစီရင်ခံစာရေးသားရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး

၂.၆.၂၀၂၃၊ နေပြည်တော် အမျိုးသမီးများအားနည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း (CEDAW) ဆဋ္ဌမအကြိမ်မြောက် (Second draft) အစီရင်ခံစာရေးသားရေးဆိုင်ရာညှိနှိုင်း အစည်းအဝေးကို (၂.၆.၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးစုပေါင်းအစည်းအဝေးခန်းမတွင်ကျင်းပခဲ့ရာ အစည်းအဝေးသို့ အမျိုးသမီးများအားနည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း (CEDAW) ဆဋ္ဌမအကြိမ်မြောက် အစီရင်ခံစာရေးသားရေးအဖွဲ့ ကိုယ်စားလှယ် (၃၀) ဦးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

VideoConferencing စနစ်ဖြင့် ကျင်းပသည့် (၁၈) ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့်ဆက်စပ်အစည်းအဝေးများသို့ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဘာသာရပ်ဆိုင်ရာတာဝန်ခံများပါဝင်တက်ရောက်

မလေးရှားနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၁၈) ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများဆိုင်ရာဖိုရမ်အား မေလ(၂၂)ရက်နေ့တွင်လည်းကောင်း၊ (၁၈)ကြိမ်မြောက်အာဆီယံ လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးအား မေလ(၂၃) ရက်နေ့တွင်လည်းကောင်း၊...

ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးလုပ်ငန်း မွန်ပြည်နယ် ကြီးကြပ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပမှုမှတ်တမ်း

ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း မွန်ပြည်နယ် ကြီးကြပ်ရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၂၆-၅-၂၀၂၃) ရက်နေ့၊ မွန်းလွဲ (၁၃:၀၀)နာရီ အချိန် မွန်ပြည်နယ်လူမှုဝန်ထမ်းရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ...

မိုခါမုန်တိုင်းကြောင့် ထိခိုက်ဆုံးရှုံးမှုများသော ရပ်ကွက်/ကျေးရွာများသို့ စိတ်လူမှုရေးပိုင်းဆိုင်ရာပံ့ပိုးပေးရေး၊ လိုအပ်သည့်အထောက်အပံ့များ ရရှိနိုင်ရန်အတွက် ချိတ်ဆက်ညှိနှိုင်းဆောင်ရွက်ဆွေးနွေး

စစ်တွေမြို့နယ်အတွင်း မိုခါမုန်တိုင်းကြောင့် ထိခိုက်ဆုံးရှုံးမှုများသော ရပ်ကွက်/ကျေးရွာများသို့ စိတ်လူမှုရေးပိုင်းဆိုင်ရာပံ့ပိုးပေးရေး၊ လိုအပ်သည့်အထောက်အပံ့များ ချိတ်ဆက်ပံ့ပိုးပေးရေးအတွက် စစ်တွေမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌...

၂၀၂၂-၂၀၂၃ခု၊ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထဲရေးဝန်ကြီးဌာန၊ အကျဉ်းဦးစီးဌာန အောက်ရှိ အကျဉ်း‌ထောင်/အချုပ်ထောင်များမှ အကျဉ်းသူ/အချုပ်သူ ကိုယ်ဝန်ဆောင်မိခင်များနှင့် အကျဉ်းကျ/အချုပ်ကျမိခင်နှင့်အတူပါသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအတွက် ထောက်ပံ့ကြေးပေးအပ်မှုအခြေအနေ

၂၀၂၂-၂၀၂၃ခု၊ ဘဏ္ဍာရေးနှစ်အတွင်း တစ်နိုင်ငံလုံးရှိ အကျဉ်းထောင်/အချုပ်ထောင် အသီးသီးတွင် ထိန်းသိမ်းထားရှိသော အကျဉ်းသူ/ အချုပ်သူကိုယ်ဝန်ဆောင်မိခင်များနှင့် အကျဉ်းကျ/ အချုပ်ကျ မိခင်နှင့်အတူပါလာသော...