လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ထူးချွန်မသန်စွမ်းအားကစားသမား ဝန်ထမ်းများ၊ (၂၀၂၂-၂၀၂၃) ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သူများနှင့် (၂၀၂၃-၂၀၂၄) ပညာသင်နှစ် ဝန်ထမ်း၊ ဝန်ထမ်းမိသားစုပညာသင်ထောက်ပံ့ကြေးငွေများ ပေးအပ်ခြင်းအခမ်းအနား

နေပြည်တော်၊ ဇူလိုင် (၆) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ (၁၂) ကြိမ်မြောက် အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲတွင် ဆုရရှိခဲ့သော အရာထမ်း၊ အမှုထမ်းများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း၊ (၂၀၂၃) ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ထူးချွန်စွာ အောင်မြင်ခဲ့သူ ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် ဝန်ထမ်းများ၏ သားသမီးများအား ပညာသင်ထောက်ပံ့ ကြေးပေးအပ်ခြင်းအခမ်းအနားကို (၆-၇-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင် ဝန်ကြီးဌာနစုပေါင်းခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး‌ ဒေါက်တာသက်သက်ခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံမသန်စွမ်း အားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဌ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ထူးချွန်ဆုရရှိသော မသန်စွမ်းအားကစားသမားများ၊ ဝန်ကြီးဌာနမှ တာဝန်ရှိသူများ ဂုဏ်ထူးရကျောင်းသား/ ကျောင်းသူများ၊ ၎င်းတို့၏မိဘများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြပါသည်။

၂၀၂၃ ခုနှစ်၊ မြန်မာမျိုးသမီးများနေ့ အထိမ်းအမှတ်စာပေဟောပြောပွဲကျင်းပခြင်း

၃.၇.၂၀၂၃ ၂၀၂၃ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် စာပေဟောပြောပွဲအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ နေ့လယ် (၁၃:၀၀) နာရီတွင် ဆက်လက်ကျင်းပခဲ့ရာ စာရေးဆရာများဖြစ်သည့် မြင်းမူမောင်နိုင်မိုးမှ “အမေသာတစ်ခါပြုံးလျှင်ဖြင့် တစ်ကမ္ဘာလုံးလှနိုင်သည်” ခေါင်းစဉ်ဖြင့် လည်းကောင်း...

၂၀၂၃ ခုနှစ်၊ မြန်မာမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပခြင်း

၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၃) ရက်နေ့တွင် ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားအား ရန်ကုန်တိုင်းဒေသကြီးအမျိုးသမီးကော်မတီမှ ကြီးမှူး၍ (၃.၇.၂၀၂၃) ရက်နေ့ နံနက် (၀၉:၃၀) နာရီတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ မင်္ဂလာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့်ဇနီး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ တိုင်းဒေသကြီးအမျိုးသမီးကော်မတီဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်ရေး ကြီးကြပ်မှုအဖွဲ့၊ မြန်မာနိုင်ငံအမျိုးသမီးနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းတို့မှ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံအမျိုးသမီးအားကစား အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ခရိုင် (၁၄) ခရိုင်၊ မြို့နယ် (၄၄) မြို့နယ်မှ အမျိုးသမီးကော်မတီဥက္ကဌများနှင့်ဇနီးများ၊ ထူးချွန်အမျိုးသမီးအားကစားသမားများ၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် တစ်နိုင်ငံလုံးအဆင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသူများ၊ မြန်မာအမျိုးသမီးများနေ့အကြို အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ဆုရကျောင်းသား/ ကျောင်းသူများနှင့် မိဘများ စုစုပေါင်း (၃၈၈) ဦး တက်ရောက်ခဲ့ကြပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ ၂၀၂၃ခုနှစ် မြန်မာအမျိုးသမီးများနေ့အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

၂၀၂၃ခုနှစ် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကို ယနေ့ နံနက် ၁၀နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပရာ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ တက်ရောက်ချီးမြှင့်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ကြူကြူလှမြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရိုးရိုးယဉ်ယဉ် မြန်မာ့အသွင်၊ ရောင်စုံခြယ်သ မြန်မာအမျိုးသမီးများအလှ ဝတ်စားဆင်ယင်ထုံးဖွဲ့မှုပြပွဲသို့ တက်ရောက်အားပေး

ဇူလိုင်လ (၃) ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ရိုးရိုးယဉ်ယဉ် မြန်မာ့အသွင်၊ ရောင်စုံခြယ်သ မြန်မာအမျိုးသမီးများအလှ ဝတ်စားဆင်ယင်ထုံးဖွဲ့မှုပြပွဲကို ယနေ့မွန်းလွဲ (၁၃:၀၀) နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပရာ

၂၀၂၃ ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အကြိုလှုပ်ရှားမှု “သစ်ပင်စိုက်ပျိုးပွဲ” အခမ်းအနား

၂၀၂၃ ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် အကြိုလှုပ်ရှားမှုအနေဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီကကြီးမှူး၍ သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက် (၈:၀၀) နာရီတွင် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ရာဇသင်္ဂဟလမ်းမကြီးအနီးတွင် ကျင်းပခဲ့ရာ

၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၃) ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် စာတမ်းဖတ်ပွဲ အခမ်းအနား

၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၃) ရက်နေ့တွင် ကျရောက်မည့် “မြန်မာအမျိုးသမီးများနေ့”ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီကကြီးမှူး၍ စာတမ်းဖတ်ပွဲအခမ်းအနားကို ဇွန်လ (၃၀) ရက်နေ့၊ နံနက် (၉:၀၀) နာရီတွင် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၌ ကျင်းပရာ

ရခိုင်ပြည်နယ်အတွင်းရှိ မိုခါမုန်တိုင်းဒဏ်ကြောင့်ထိခိုက်ခံစားနေရသော ပြည်သူများအားစိတ်လူမှု‌‌ရေးပိုင်းဆိုင်ရာ ပံ့ပိုးခြင်းနှင့်နှစ်သိမ့်ဆွေးနွေးခြင်းများဆောင်ရွက်နိုင်ရေး

ရခိုင်ပြည်နယ်အတွင်းရှိ မိုခါမုန်တိုင်းဒဏ်ကြောင့် ထိခိုက်ခံစားနေရသော ပြည်သူများအား စိတ်လူမှုရေးပိုင်းဆိုင်ရာပံ့ပိုးခြင်းနှင့်နှစ်သိမ့်ဆွေးနွေးခြင်းများဆောင်ရွက်နိုင်ရေး၊ လိုအပ်သောကူညီထောက်ပံ့မှုများ ပံ့ပိုးပေးနိုင်ရေးအတွက် လူမှုဝန်ထမ်းဦးစီးဌာနမှ ဖွဲ့စည်းထားသော စိတ်လူမှုပိုင်းဆိုင်ရာပံ့ပိုးမှုအဖွဲ့ (Psycho Social Care and Support Team) (၃)ဖွဲ့ အဖွဲ့ဝင် (၆)ဦးတို့အား

Gender/ CEDAW/ NSPAW/ UNSCR 1325 အသိပညာဖလှယ်မှု အစီအစဉ် ကျင်းပပြုလုပ်ခြင်း

၂၀၂၃ ခုနှစ်၊ ဇွန်လ (၂၃) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီ ၊ နေပြည်တော်     လူမှုဝန်ထမ်းဦးစီးဌာနမှ  Gender/ CEDAW/ NSPAW/ UNSCR 1325 အသိပညာဖလှယ်မှု အစီအစဉ်အား  ၂၃.၆.၂၀၂၃ ရက်နေ့၊ နံနက် (၀၉:၃၀) နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပခဲ့ရာ အခမ်းအနားသို့ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (လုပ်ငန်း)၊ ညွှန်ကြားရေးမှူးများ၊ ဘာသာရပ်ဆိုင်ရာ တာဝန်ရှိသူများ၊ သင်တန်းတက်ရောက်မည့်ဦးစီးဌာန (၄၆) ခုမှ Gender Focal Person (၄၆) ဦးတို့ တက်ရောက်ခဲ့ကြပါသည်။

မွန်ပြည်နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး

မွန်ပြည်နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၂၆-၆-၂၀၂၃) ရက်နေ့၊ မွန်းလွဲ (၁၃:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်လူမှုဝန်ထမ်းရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။