ဂျပန်နိုင်ငံ လေ့လာရေး ခရီးစဉ်

    လူမှုဝန်ထမ်းဦးစီးဌာနသည် ဂျပန်နိုင်ငံတကာ ပူးပေါင်း ဆောင်ရွှက်မှု အဖွဲ့နှင့် ပူးပေါင်း၍ လူမှုဝန်ထမ်း လုပ်ငန်းရပ်များ စီမံခန့်ခွဲမှုဆိုင်ရာ အထောက်အကူပြု စီမံကိန်းအောက်ရှိ နားမကြား သူများ လူ့အသိုင်း အ၀ိုင်းအတွင်း ၀င်ဆန့်မှုမြှင့်တင်ရေး စီမံချက်ကို အကောင် အထည်ဖော် ဆောင်ရွက် နေပါသည်။ အဆိုပါ စီမံချက်၏ အစိတ်အပိုင်း တစ်ခုအဖြစ် လူမှုဝန်ထမ် ဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်သည် ဂျပန် နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှုအဖွဲ့၏ စီစဉ်ပံ့ပိုးမှုဖြင့် (၂၅.၆.၂၀၁၂) မှ (၂၈.၆.၂၀၁၂) ရက်နေ့အထိ ဂျပန်နိုင်ငံ၊ တိုကျိုမြို့သို့ လေ့လာရေးခရီး သွားရောက် ခဲ့ပါသည်။

    အဆိုပါ အစီအစဉ်တွင် ညွှန်ကြား ရေးမှူးချုပ်သည် ဂျပန် နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှု အဖွဲ့၏ တိုကျို နိုင်ငံတကာ သင်တန်းဌာန၊ တိုကျိုမြို့ရှိ နားမကြားနှင့် မျက်မမြင် ကျောင်းများ၊ အင်အိပ်ခ်ျကေ (NHK)အသံလွှင့်ဌာန၏ Sign Language ဖြင့် သတင်းထုတ်လွှင့်မှု အစီအစဉ်၊ ဂျပန် နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှုအဖွဲ့၏ ရုံးချုပ်သို့ သွားရောက်၍ အဆာဟိရှင်ဘွန်း သတင်းစာနှင့် တွေ့ဆုံခြင်း၊ ဂျပန်နိုင်ငံ အမျိုးသားအဆင့် မသန်စွမ်းသူများ ပြန်လည်ထူထောင်ရေး ဌာနစသည့် နေရာတို့ကိုသွားရောက်၍ မသန်စွမ်းသူများ ပြုစု စောင့်ရှောက်ရေးဆိုင်ရာ အလေ့ အကျင့်ကောင်းများနှင့် နည်းစနစ် အသစ်များကို လေ့လာခဲ့ပါသည်။

 

PWD1

Shinagawa, Tokyo ရှိ Gakuen School for the Deafတွင် လေ့လာစဉ်

 

PWD2

Saitama District ရှိ National Rehabilitation Centre for the Persons with Disabilities (NRCD) တွင် တင်ပြချက်ဗီဒီယို ကြည့်ရှုစဉ်