ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးထံ လူမှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် World Bank အဖွဲ့က လာရောက်ဆွေးနွေး

နေပြည်တော်၊ ၁၇.၁.၂၀၂၀

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအား World Bank Global Director for Social Development ဖြစ်သူ Ms. Louise Cord ဦးဆောင်သောအဖွဲ့က ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။

 ထိုသို့တွေ့ဆုံရာတွင် ဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသော လူမှုကာကွယ် စောင့်ရှောက်မှုများနှင့် လူမှုရေးဆိုင်ရာ  ဝန်ဆောင်မှုများ၊ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှ မွေးဖွားလာသော ကလေးသူငယ်များအား အသက်()နှစ်ထိ ငွေကြေးထောက်ပံ့သည့် အစီအစဉ်(MCCT) ကဲ့သို့ စီမံချက်များအား ကျန်ရှိနေသေးသော ပြည်နယ်/တိုင်းဒေသကြီးများသို့ တိုးချဲ့ဆောင်ရွက်နိုင်ရေး ကမ္ဘာ့ဘဏ်က Grant ပေးအပ်စေလိုသည့် ကိစ္စရပ်များ၊ ကျား/မရေးရာနှင့် အမျိုးသမီးများအပေါ်အကြမ်းဖက်မှု တိုက်ဖျက်ရေးအတွက် ဝန်ကြီးဌာနက ဆောင်ရွက်နေမှုများနှင့် ကမ္ဘာ့ဘဏ်နှင့်ပူးပေါင်း၍ ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့် ပတ်သက်၍ လူထုအခြေပြု သဘာဝဘေးလျော့ပါးရေး လုပ်ငန်းများ၊ သဘာဝဘေးခံစားရလေ့ရှိသည့် ဒေသများတွင် ဘေးအန္တရာယ်အလိုက် ဆိုင်ကလုန်း Shelterများ၊ ဘက်စုံသုံး Shelter များနှင့် လိုအပ်သော အခြေခံအဆောက်အဦးများ တည်ဆောက်ရေး၊ ရာသီဥတု ပြောင်းလဲမှုနှင့် ပတ်သက်၍ လိုအပ်သော အစီအမံများကို ကျေးရွာအဆင့်မှ စတင်၍ ပြင်ဆင်ဆောင်ရွက်နိုင်ရေး စသည့်တို့နှင့် ပတ်သက်၍ ကမာ့္ဘဘဏ်မှ ကူညီဆောင်ရွက်ပေးနိုင်မည့် အခြေအနေများ၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေး၊ မူးယစ်ဆေးဝါးသုံးစွဲသူများအား ပြန်လည်ထူထောင်ရေး လူကုန်ကူးခံရသူများနှင့် တပ်မတော်မှ နူတ်ထွက်ခွင့်ပေးလိုက်သော ကလေးသူငယ်များစသည့်တို့  ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေး၊ လူမှုရေးပြသာနာများဖြေရှင်း ဆောင်ရွက်ရေးနှင့် ပတ်သက်၍ ကမာ့္ဘဘဏ်နှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ မသန်စွမ်းသူများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အခွင့်အရေးများတိုးမြှင့် ကာကွယ်ပေးရေး၊ မသန်စွမ်းသူများအနေဖြင့် လူ့အဖွဲ့အစည်းအတွင်း အပြည့်အဝပါဝင်ဆောင်ရွက်နိုင်ရေး အကူအညီများ ရယူနိုင်ရေးတို့နှင့် စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကို တွေ့ဆုံဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိပါသည်။

FacebookTwitter