လူငယ်ကိုယ်စားလှယ်များနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးပွဲ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးတက်ရောက်

ဇန်နဝါရီ ၂၈၊ နေပြည်တော်
    လူငယ်ကိုယ်စားလှယ်များနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ပိုင်းက နေပြည်တော်ရှိမင်္ဂ္လာသီရိဟိုတယ်၌ ကျင်းပရာပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။
    ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာ အစိုးရက ပြည်သူလူထုအားလုံး သာတူညီမျှ ခံစားရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ကဏ္ဍဍအသီးသီးကို အကောင်အထည်ဖော်ရာတွင် ပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ရပါကြောင်း၊ လူမှုအဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများက အလုပ်ရုံဆွေးနွေးပွဲများ၊ နှီးနှောဖလှယ်ပွဲများ ကျင်းပခြင်းဖြင့် အစိုးရ၏ဆောင်ရွက်မှုများတွင် ပြည်သူများပိုမိုပါဝင်လာစေခြင်းဖြစ်ကြောင်း၊ ယနေ့နှီးနှောဖလှယ်ပွဲတွင် ကဏ္ဍဍစုံမှလူငယ်များဖြစ်သော ဖွံ့ဖြိုးရေးလူငယ်များ၊ ခရိုင်အဆင့် လူငယ်ရေးရာကော်မတီဝင် လူငယ် ကိုယ်စားလှယ်များနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ လူငယ်များအပါအဝင် ကိုယ်စားလှယ်များ ပူးပေါင်းပါဝင်ကြသည့်အတွက် ဝမ်းမြောက်ပါကြောင်း၊ လူ့ဘဝစက်ဝန်းတွင် ကလေးသူငယ်ကာလ၊ လူငယ်ကာလနှင့် လူကြီးကာလဟူ၍ အပိုင်းအခြားရှိရာ အချိန်ကာလအကန့်အသတ်ရှိပါကြောင်း၊  ရှေးဦးအရွယ်ကာလတွင် ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အမိအရဆောင်ရွက်ရပါကြောင်း၊ လူငယ်ကာလတွင်လည်း အချိန်အကန့်အသတ်ရှိကြောင်း၊ လူငယ်များသည် အနာဂါတ်အတွက် လက်ဆင့်ကမ်းအမွေ ရယူကြရမည် ဖြစ်သည့်အပြင် လက်ဆင့်ကမ်းအမွေကို ပေးအပ်ခဲ့ရမည်ဖြစ်ကြောင်း၊ အရည်အချင်းပြည့်ဝပြီး ထူးချွန် ထက်မြတ်သူများအဖြစ်  လူငယ်ကာလကို အကျိုးရှိစွာဖြတ်သန်းရမည်ဖြစ်ကြောင်း၊ လူငယ်များကိုယ်တိုင် ပါဝင်ရေးဆွဲထားသော လူငယ်ရေးရာမူဝါဒ ပေါ်ပေါက်ပြီးဖြစ်ရာ မဟာဗျူဟာစီမံကိန်းကိုလည်း ရေးဆွဲပြီးဖြစ်ကြောင်း၊ ဒေသတစ်ခုနှင့်တစ်ခု အခြေအနေများ၊ လိုအပ်ချက်များ မတူညီကြသည့်အတွက် လူငယ်များအနေဖြင့် ကိုယ့်ဒေသအတွက် အကောင်းဆုံးအခြေအနေကို ဖန်တီးနိုင်အောင် ကဏ္ဍဍ(၁၆)ရပ် ထည့်သွင်းထားပါကြောင်း၊  ဒေသတစ်ခုချင်းရှိ လူငယ်များအနေဖြင့် တစ်စုတစ်ဖွဲ့တည်းသာမက လူငယ် အဖွဲ့များအားလုံး ပူးပေါင်းဆောင်ရွက်မှုသည် အရေးကြီးပါကြောင်း၊ တစ်စုတစ်ဖွဲ့ချင်းက မတူညီသော ရည်မှန်းချက်များကိုသာ ဆောင်ရွက်ပါက ဘုံရည်မှန်းချက်ဖြစ်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် အဟန့်အတားဖြစ်ပါကြောင်း၊ သာတူညီမျှခံစားရရှိမှုအတွက် တစ်ဦးလိုအပ်ချက်ကို တစ်ဦးကဖြည့်ဆည်းဆောင်ရွက်ပေးခြင်းဖြင့်သာ ဘုံရည်မှန်းချက်အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ ရေရှည် တည်တံ့မှုရှိသော လုပ်ငန်းစဉ်များအတွက် အစိုးရက မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေ၊  မဟာဗျူဟာ၊ စီမံချက် များဖြင့် စနစ်တကျပုံဖော်ပေးလျက်ရှိကြောင်း၊ လူငယ်များပါဝင်ရေးဆွဲခဲ့သော လူငယ်ရေးရာမဟာဗျူဟာ အကောင်အထည်ဖော်ရေးနှင့်ပတ်သက်၍ အပြန်အလှန် ညှိနှိုင်းဆွေးနွေး အဖြေရှာကြပြီး စိန်ခေါ်မှုများကို ကျော်လွှားနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ မိမိတို့လျှောက်လှမ်းနေသော ဖယ်ဒရယ်ဒီမိုကရေစီ အကူးအပြောင်းတွင် ပြုပြင်စရာ၊ ညှိနှိုင်းစရာများ များစွာရှိမည်ဖြစ်ကြောင်း၊ လူငယ်များအနေဖြင့် မိမိဖြတ်သန်းရမည့် အချိန်အကန့်အသတ်ကို ဥပဒေဘောင်အတွင်း အကျိုးရှိစွာအသုံးချတက်ရန် လိုပါကြောင်း၊ လူငယ်မူဝါဒနှင့်ပတ်သက်၍ မဟာဗျူဟာအရ ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် လူငယ်ရေးရာကော်မတီများ ဖွဲ့စည်းထားပြီး ဖြစ်ကြောင်း၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဆက်လက် ဖွဲ့စည်းသွားမည်ဖြစ်ရာ လူငယ်များအနေဖြင့် ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းလိုပါကြောင်း၊ လူငယ်များအနေဖြင့် တဒင်္ဂ္ဆုံးဖြတ်ချက်ဖြင့် မဆောင်ရွက်ဘဲ အမျှော်မြင်ရှိစွာ စဉ်းစားဆောင်ရွက် ကြစေလိုကြောင်း၊ အပြောင်းအလဲများသည် အချိန်ယူရပြီး ရေရှည်ဆောင်ရွက်ရမည်ဖြစ်သောကြောင့် စိတ်ရှည်သည်းခံ၍ ပူးပေါင်းဆောင်ရွက်စေလိုကြောင်း၊ အစိုးရအနေဖြင့် မည်သည့်လူငယ်များကိုမဆို တန်ဖိုးထားပါကြောင်းနှင့် ချန်လှပ်ထားခြင်းမရှိဘဲ ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။
    ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အခမ်းအနားသို့တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ပါသည်။
    အဆိုပါ လူငယ်ကိုယ်စားလှယ်များနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများတွေ့ဆုံ ဆွေးနွေးပွဲကို (၂၈.၁.၂၀၂၀)ရက်နေ့မှ (၃၀.၁.၂၀၂၀)ရက်နေ့အထိ (၃)ရက်ကြာကျင်းပသွားမည်ဖြစ်ပြီး အဆိုပါ (၃)ရက်တာ တွေ့ဆုံနှီးနှောဖလှယ်ပွဲကာလအတွင်း မြန်မာနိုင်ငံရှိ အရပ်ဘက်လူမှုအဖွဲ့အစည်းများကို စနစ်တကျ ဖွဲ့စည်းတည်ထောင်ခြင်းဆိုင်ရာ သုတေသနစာတမ်း၊ မြန်မာနိုင်ငံတွင် ကောင်းမွန်သောအုပ်ချုပ်ရေး မြှင့်တင်နိုင်မည့်နည်းလမ်းကောင်းများစာတမ်းနှင့် မြန်မာနိုင်ငံလူငယ်ရေးရာရေးဆွဲမှုဖြစ်စဉ်၊ လူငယ်နှင့် ရွေးကောက်ပွဲ၊ လူငယ်နှင့်ငြိမ်းချမ်းရေးဆိုင်ရာများကို ဆွေးနွေးကြမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
    

 

FacebookTwitter