ရွှေဂုံတိုင်ကလေးပြုစုရေးဌာနတွင် Corona virus disease (COVID-19) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ အသိပညာပေး

    (၁၁.၃.၂၀၂၀)ရက်နေ့တွင် ရန်ကုန်မြို့ရှိ ရွှေဂုံတိုင်ကလေးပြုစုရေးဌာနတွင် Corona virus disease (COVID-19) လတ်တလော အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါ အသိပညာ ပေးခြင်းအား လူမှုဝန်ထမ်းဦးစီးဌာနမှ ဒေါက်တာနေခြည်သက်နိုင်၊ ဒုတိယညွှန်ကြားရေးမှူးမှ ဦးဆောင်၍ ပြုလုပ်ခဲ့ပြီး ကလေးများအား လက်သန့်ရှင်းရေးနှင့် ပတ်သက်၍ စနစ်တကျ ဆေးကြောရန် နှင့် နှာစေးချောင်းဆိုးပါက ဆောင်ရွက်ရမည့် နည်းလမ်းများအား သရုပ်ပြ ခြင်းများဖြင့် ရှင်းလင်းပြောကြားတက်ရောက်ခဲ့ပါသည်။

 

FacebookTwitter