ရန်ကုန်မြို့ရှိ ဌာနငယ်သင်တန်းကျောင်းများနှင့် မူလတန်းကြိုကျောင်းများတွင် ကလေးများ၊ မိဘများနှင့် ဝန်ထမ်းများအား Corona virus disease(COVID-19) လတ်တလော အသက်ရှူ လမ်းကြောင်း ဆိုင်ရာရောဂါ အသိပညာပေး

ရန်ကုန်မြို့ရှိ ဌာနငယ်သင်တန်းကျောင်းများနှင့် မူလတန်းကြိုကျောင်းများတွင် ကလေးများ၊ မိဘများနှင့်  ဝန်ထမ်းများအား  Corona virus disease(COVID-19) လတ်တလော အသက်ရှူ လမ်းကြောင်း ဆိုင်ရာရောဂါ အသိပညာပေး
ရန်ကုန်တိုင်းဒေသကြီး၊ ၁၁.၃.၂၀၂၀
(၁၁.၃.၂၀၂၀)ရက်နေ့တွင် ရန်ကုန်မြို့ရှိ နားမကြားသော ကလေးများကျောင်း၊ မသန်စွမ်း သက်ကြီးသင်တန်းကျောင်း၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဌာန၊ အမျိုးသမီး ကလေးများ သင်တန်းကျောင်းများနှင့် မူလတန်းကြိုကျောင်းများရှိ ကလေးများ၊ မိဘများနှင့်  ဝန်ထမ်းများ အား  Corona virus disease (COVID-19) လတ်တလော အသက်ရှူ လမ်းကြောင်း ဆိုင်ရာ ရောဂါဆိုင်ရာ အခြေအနေအား ရှင်းလင်းခြင်း၊ ရောဂါပိုးကူးစက်မှုမရှိစေရေးအတွက် မိမိကိုယ်ကို ကာကွယ်ရမည့်နည်းလမ်းများအား ရှင်းလင်းခြင်းနှင့်  သရုပ်ပြသခြင်းတို့အား ဒေါက်တာ နေခြည်သက်နိုင်၊ဒုတိယညွှန်ကြားရေးမှူး၊ ဒေါက်တာရဲမြတ်ဦး၊ လက်ထောက် ညွှန်ကြားရေးမှူး တို့ ဦးဆောင်သော အဖွဲ့(၂)ဖွဲ့ ခွဲ၍ ဆောင်ရွက်ခဲ့ကြပါသည်။

 

FacebookTwitter