ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး Energize Myanmar အဖွဲ့အစည်းအားလက်ခံတွေ့ဆုံ

နေပြည်တော်၊ ၁၂.၆.၂၀၂၀
    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည်  Energize Myanmar အဖွဲ့အစည်း၏ Chairman Mr. William James Harkin ဦးဆောင်သောအဖွဲ့ကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံးမေခလာ ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
    ထိုသို့တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီအထောက်အပံ့ ပေးရေး ပြန်လည်နေရာချထားရေး၊ ဖွံဖြိုးရေးစီမံကိန်း (UEHRD) ကော်မတီအနေဖြင့် ရခိုင်ပြည်နယ်အတွင်း လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်း ရရှိရေး၊ မတူညီသောအသိုက်အဝန်းများအကြား ယုံကြည်မှု တည်ဆောက်ရေးစသည့် လုပ်ငန်းများ ကို ပြည်တွင်း၊ ပြည်ပ  ပုဂ္ဂလိကကုမ္ပဏီများ၊ ရင်းနှီးမြှုပ်နှံသူများနှင့် လက်တွဲဆောင်ရွက်လျက်ရှိရာ Energize Myanmar ကုမ္ပဏီ အနေဖြင့် ရခိုင်ပြည်နယ် ကျောက်ဖြူဒေသနှင့် အခြားလိုအပ်သည့် နေရာများတွင် စိုက်ပျိုးမွေးမြူရေးကများ၌ ဒေသခံများ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စနစ်အသစ်ဖြင့် အကောင်အထည်ဖော်နိုင်ရန် နည်းပညာနှင့် အရင်းအမြစ်များပံ့ပိုးပေးခြင်း၊ ဈေးကွက်ရှာဖွေပေးခြင်း စသည့်တို့ကို ပူပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် ဒေသဆိုင်ရာ အစိုးရဌာနများ ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသခံပြည်သူများနှင့် ညှိနှိုင်းဆောင်ရွက်ရေးတို့ အပေါ် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

FacebookTwitter