လူမှုဝန်ထမ်းဦးစီးဌာန၏ ဖွဲ့စည်းပုံ တိုးချဲ့ပြင်ဆင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပခြင်း

၈-၁၁-၂၀၂၁                            နေပြည်တော်
    လူမှုဝန်ထမ်းဦးစီးဌာန၏ ဖွဲ့စည်းပုံတိုးချဲ့ပြင်ဆင်ရေးနှင့်ပတ်သက်၍ ညှိနှိုင်းအစည်း အဝေးအား ယနေ့မွန်းလွဲပိုင်းတွင် ညွှန်ကြားရေးမှူးချုပ်(ရုံးခန်း)၌ ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ပါသည်။ 
    ညွှန်ကြားရေးမှူးချုပ်မှ အမှာစကားပြောကြားရာတွင် ဖွဲ့စည်းပုံတိုးချဲ့ရာတွင် အခြေခံမူ အားဖြင့် ဌာန၏ လက်ရှိ မူရင်းဖွဲ့စည်းပုံ  အင်အားကိုမပြောင်းလဲဘဲ ဌာနမှ တာဝန်ယူ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော UNCRC ၊ UNCEDAW ကို ပီပီပြင်ပြင် အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရန်၊ လူမှုဝန်ထမ်းလုပ်ငန်းရပ်များ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် အခြေခံ၍ စဉ်းစားဆောင်ရွက်နှင့် နှစ်ရှည်စီမံချက်အနေဖြင့် Social work Institute တည်ထောင်နိုင်ရန် တိုးချဲ့သည့် ဖွဲ့စည်းပုံကို စဉ်းစား ဆောင်ရွက်လိုကြောင်း ပြောကြားခဲ့ပါသည်။
    ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများမှ ရှိရင်း ဖွဲ့စည်းပုံ၊ လက်ရှိဖွဲ့စည်းပုံနှင့် ထပ်မံတိုးချဲ့ဖွဲ့စည်းလိုသည့် ဖွဲ့စည်းပုံတို့နှင့်ပတ်သက်၍ လူမှုဝန် ထမ်းဦးစီးဌာန၏ လုပ်ငန်းများကို  ရုံးချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ပိုမိုထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ဝိုင်းဝန်အကြံပြု ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို ရုတ်သိမ်းခဲ့ပါသည်။ 

FacebookTwitter