သင်တန်းကျောင်းများတွင် ကာကွယ်စောင့်ရှောက်ထားသော ကလေးသူငယ်များ၏ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် ဘဝရပ်တည်ရေးအတွက် ဆောင်ရွက်ပေးရေး ညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

နေပြည်တော်                                          (၈.၁၁.၂၀၂၁) ရက်နေ့
    သင်တန်းကျောင်းများတွင် ကာကွယ်စောင့်ရှောက်ထားသော ကလေးသူငယ်များ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် ဘဝရပ်တည်ရေးအတွက် ဆောင်ရွက်ပေးရေး  ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက Video Conferencing စနစ်ဖြင့် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်လူမှုဝန်ထမ်းဦးစီးမှူးများနှင့် သင်တန်းကျောင်းအသီးသီးမှ တာဝန်ခံ/ကျောင်းအုပ်များတက်ရောက်ကြပသည်။
    အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနသည် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ်၏ လုပ်ငန်းစဉ်များအပေါ် အဓိကအကောင်အထည် ဖော်ဆောင်ရွက်ရသည့် ဝန်ကြီးဌာနဖြစ်သည်နှင့်အညီ ကာကွယ်စောင့်ရှောက်ရန်လိုအပ်သော ကလေးသူငယ်များဖြစ်သည့် မိဘမဲ့နှင့်စွန့်ပစ်ကလေးသူငယ်များ၊ တရားရင်ဆိုင်ဆဲနှင့် ပြစ်ဒဏ် ကျ ကလေးသူငယ်များ၊ လမ်းပေါ်နေ ကလေးသူငယ်များအတွက် သင်တန်းကျောင်းများဖွင့်လှစ် ၍ စောင့်ရှောက်လျက်ရှိပါကြောင်း၊ အထူးသဖြင့် မွေးကင်းစအရွယ်မှစတင်၍ ရောက်ရှိသည့် ကလေးသူငယ်များအတွက် အချိန်ကာလအားဖြင့် ပိုမို၍ ပြုစုစောင့်ရှောက်ခွင့်ရရှိပါကြောင်း၊ အဆိုပါကလေးသူငယ်များအတွက် ကောင်းမွန်တဲ့ပတ်ဝန်းကျင်ကောင်းဖြစ်စေရန် အထူး အလေးထား၍ ပံ့ပိုးဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ကိုဗစ်-၁၉ ကာလအတွင်း New Normal ပုံစံဖြင့် တိုင်းဒေသကြီးအသီးသီးက ဦးစီးမှူးများ၊ သင်တန်းကျောင်း/ဌာနငယ် အသီးသီးက တာဝန်ခံများ/ ကျောင်းအုပ်များနှင့် တွေ့ဆုံဆွေးနွေး၍ ဝန်ကြီးဌာန၏ အဓိက တာဝန်ယူ ဆောင်ရွက်ရမည့် လုပ်ငန်းများကို ဆွေးနွေးခြင်း၊ လုပ်ငန်းစဉ်များအပေါ် ရေတို/ရေရှည်ဆောင်ရွက်နိုင်မည့် စီမံချက်များရေးဆွဲခြင်း၊ လက်ရှိလုပ်ငန်းများအပေါ် ဝိုင်းဝန်း ၍ ပြန်လည်သုံးသပ်ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်နိုင်ပါသဖြင့် မိမိတို့ဝန်ကြီးဌာန၏ လုပ်ငန်း များ ပိုမိုတိုးတက်အောင်မြင်နိုင်မည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။
    ဆက်လက်၍ ဒုတိယဝန်ကြီးက ကာကွယ်စောင့်ရှောက်ရန်လိုအပ်သော ကလေးသူငယ် များအတွက် သင်တန်းကျောင်းများ ဖွင့်လှစ်၍ ပြုစုစောင့်ရှောက်ပေးခြင်းသည် လူမှုဝန်ထမ်း ဦးစီးဌာန၏ အရေးကြီးသော လုပ်ငန်းများပင်ဖြစ်ပါကြောင်း၊ ကလေးသူငယ်များအတွက် အလို အပ်ဆုံးအရာမှာ မေတ္တာတရားဖြစ်ပြီး နွေးထွေးတဲ့ဆက်ဆံမှုများကပို၍ အရေးကြီးပါကြောင်း၊ သို့မှသာ အရွယ်အလိုက် ဖွံ့ဖြိုးတိုးတက်မှုများရရှိပြီး သင်ကြားရေးမှာ အဆင်ပြေနိုင်မှာဖြစ်ပါ ကြောင်း၊ ဉာဏ်ရည်ပိုင်းဆိုင်ရာ အားနည်းသည့် ကလေးများအတွက်လည်း လိုအပ်ချက်အပေါ် အဖြေရှာ၍ လိုက်ဖက်သင့်တော်သည့် သက်မွေးပညာရပ်များသင်ကြားပေးနိုင်ရေး စောစီးစွာ စီစဉ်ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ နောက်ဆက်တွဲ စောင့်ကြပ်ကြည့်ရှုမှုများကိုလည်း ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း ဆွေးနွေးခဲ့ပါသည်။
    လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(လုပ်ငန်း)က (မူကြမ်း) ရေးဆွဲထား ရှိသည့် သင်တန်းကျောင်းများတွင် ကာကွယ်စောင့်ရှောက်ထားသော ဌာနပိုင်ကလေးသူငယ် များ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် ဘဝရပ်တည်ရေးအတွက် ဆောင်ရွက်ပေးရေးစီမံချက်နှင့် ဆောင်ရွက်ချက်များအပေါ် တိုင်းတာနိုင်မည့် အညွှန်းကိန်းများ၊ အကဲဖြတ်မှတ်တမ်းများ ရေးဆွဲ ထားရှိမှုတို့ကိုလည်းကောင်း၊ ညွှန်ကြားရေးမှူး (အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲ) က အမျိုးသမီးသင်တန်းကျောင်းများ၏ ရည်ရွယ်ချက်များ ပြင်ဆင်ရေးဆွဲထားရှိမှုများကိုလည်း ကောင်း တင်ပြဆွေးနွေးခဲ့ကြပါသည်။
    လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အညွှန်းကိန်းများရေးဆွဲရာတွင် လက် တွေ့ လုပ်ငန်းစဉ်များအပေါ် အခြေခံ၍ တိုင်းတာနိုင်ရေး ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ပညာ သင်ကြားရန်အခက်အခဲရှိပြီး သက်မွေးပညာသင်ကြားရန် လိုအပ်သည့် လူငယ်များအတွက် သက်မွေးပညာသင်တန်းကျောင်းအဖြစ်  သင်တန်းကျောင်းတစ်ခု ဖွင့်လှစ်နိုင်ရေး လျာထား ဆောင်ရွက်ရန် စီစဉ်ထားရှိပါကြောင်း၊ ကလေးသူငယ်များအတွက် လုံခြုံစိတ်ချရပြီး ဘဝ အာမခံချက်ရှိသည့် အလုပ်အကိုင်နေရာချထားပေးမှုများအတွက်လည်း စနစ်တကျမှတ်တမ်း ထားရှိ၍ နောက်ဆက်တွဲ အခြေအနေအား ဆန်းစစ်လေ့လာခြင်းကို ဆက်လက်ဆောင်ရွက် သွားရန်လည်းလိုအပ်ပါကြောင်း ဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများက သင်တန်းကျောင်း များမှ ကလေးသူငယ်များအတွက် ဘဝရပ်တည်ရေးစီမံချက် (မူကြမ်း)၊ အညွှန်းကိန်းများ၊ အကဲ ဖြတ်မှတ်တမ်းများနှင့် အမျိုးသမီးကျောင်းများ၏ ရည်ရွယ်ချက်များအပေါ် ဝိုင်းဝန်းဆွေးနွေးခဲ့ ကြကြောင်း သတင်းရရှိပါသည်။ 
 

FacebookTwitter