ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီအစည်းအဝေး (၁/၂၀၂၁)

(၁၅.၁၁.၂၀၂၁)ရက်နေ့ နေ့လည်(၁၃:၀၀)နာရီတွင် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်း ဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီအစည်းအဝေး (၁/၂၀၂၁)ကို  နေပြည်တော်ရှိ   လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ဝန်ကြီးရုံးစုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပြီး  ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်း ဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီဉက္ကဋ္ဌ၊ လူမှုဝန် ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာစန်းစန်းအေး၊ သက်ဆိုင်ရာဌာနများမှ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင် ရွက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပါသည်။
အဆိုပါအစည်းအဝေးတွင်  လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စန်းစန်း အေးက အဖွင့်အမှာစကားပြောကြားရာတွင်  ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တား ဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက်ကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီရုံးနှင့် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဉပဒေစိုးမိုးရေး ကော်မတီတို့က သဘောတူခွင့်ပြုသည့်အတွက် အမျိုးသားအဆင့်ကော်မတီက (၁၀.၁၁.၂၀၂၁)  ရက်နေ့မှစ၍ စီမံချက်ကာလ တစ်နှစ်သတ်မှတ်၍ ဆောင်ရွက်ခဲ့ပြီဖြစ်ပါကြောင်း၊ လုပ်ငန်းကော်မတီ အနေဖြင့် စီမံချက်ပါလုပ်ငန်းရပ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် စီမံချက် ကာလ ပထမ(၃)လပတ်ကာလအတွင်း လုပ်ငန်းအကောင်အထည်ဖော်မှုများအား အမျိုးသား အဆင့်ကော်မတီသို့တင်ပြနိုင်ရန် သက်ဆိုင်ရာကဏ္ဍအလိုက် အကောင်အထည်ဖော်ရမည့် လုပ်ငန်း ရပ်များနှင့် ဌာနများပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ရမည့် လုပ်ငန်းအစီအမံများအား ဆောင်ရွက်သွားရ မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။  
    ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင် ရွက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေလင်းက အမျိုးသားအဆင့်လုပ်ငန်းစီမံချက် အကောင်အထည်ဖော်ရေးနှင့်စပ်လျဉ်း၍ လုပ်ငန်းကော်မတီအနေဖြင့် အကြံပြုဆွေးနွေးရမည့် အချက်အလက်များ၊ ဌာနအလိုက်ဆောင် ရွက်ရမည့် လုပ်ငန်းရပ်များ၊ အစီရင်ခံစာပေးပို့ရမည့် ပုံစံများ၊ အမျိုးသားအဆင့် ရုံးအဖွဲ့ဝင်များ၏ တာဝန်များစသည်ဖြင့် ရှင်းလင်းတင်ပြဆွေးနွေးခဲ့ရာ ဆွေးနွေးတင်ပြမှုအပေါ် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့်  တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်း ကော်မတီဝင်များက ဖြည့်စွက်အကြံပြုဆွေးနွေးခြင်း၊ သက်ဆိုင်ရာဌာနအလိုက် ဆောင်ရွက်မည့် လုပ်ငန်းရပ်များ တင်ပြဆွေးနွေးခဲ့ကြပြီး အစည်းအဝေးအား ညနေ(၄:၃၀)တွင် ရုပ်သိမ်းခဲ့ပါသည်

FacebookTwitter