လူမှုဝန်ထမ်း၊ ကယ်ဆယ်‌ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် AYA Bank ၊ KBZ Bank တို့အကြား ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် MCCT အစီအစဉ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မူဘောင်သဘောတူညီချက် လက်မှတ်ရေးထိုးခြင်း အခမ်းအနားကျင်းပ

၉-၁၂-၂၀၂၁ ရက်နေ့                                လူမှုဝန်ထမ်းဦးစီးဌာန
    ၂၀၂၁ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ခုနှစ်၊ မတ်လအထိ (၆)လဘဏ္ဍာရေးနှစ်အတွင်း အကောင် အထည်ဖော်ဆောင်ရွက်မည့် ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်အတွင်းရှိ ကိုယ် ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးအထောက်အပံ့ပေးရေး အစီအစဉ် (Maternal and Child Cash Transfer Program – MCCT) နှင့်ပတ်သက်၍ အကျိုးခံစားခွင့် ရှိသူများအား ထောက်ပံ့ကြေးများ ပေးအပ်ရာတွင် Electronic Cash Transfer နည်းလမ်းဖြင့် ထောက်ပံ့နိုင်ရေး၊ အကျိုးခံစားခွင့်ရှိသူများကို ဒီဂျစ် တယ်ပိုင်းဆိုင်ရာ သိရှိနားလည်ကျွမ်းကျင်မှု Digital Literacy မြင့်မားစေရေး အသိပညာပေး လုပ်ငန်းများဆောင်ရွက်ရန်အတွက် လူမှုဝန်ထမ်းဦးစီးဌာနနှင့် AYA Bank ၊ KBZ Bank တို့ အကြား မူဘောင်သဘောတူညီချက် လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို လူမှုဝန်ထမ်းဦးစီးဌာန၌ ကျင်းပခဲ့ပါ သည်။
    အဆိုပါအစည်းအဝေးသို့ လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ ဘာသာရပ်ဆိုင်ရာ တာဝန်ခံညွှန်ကြားရေးမှူး၊ ဧရာဝတီဘဏ်နှင့် ကမ္ဘောဇဘဏ်တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အခမ်းအနားကို ညနေ ၃ : ၃၀ တွင် ရုပ်သိမ်းခဲ့ပါသည်။

 

FacebookTwitter