ရန်ကုန်တိုင်းဒေသကြီး၊၂၀၁၇၊ဒီဇင်ဘာ ၄ လူမှုဝန်ထမ်းဦးစီးဌာန၊သက်ကြီးရွယ်အိုများနေ့ပိုင်းစောင့်ရှောက်ရေးဂေဟာတွင်ပြုစုစောင့်ရှောက်လျက်ရှိသောဘိုးဘွားများအားပြည်မြို့၊ဝိဇ္ဇောဒယ ဓမ္မရိပ်သာ(သဲအင်း)ရွှေတံခါးအပိုင်း(၂)ဆရာတော်ဘုရားကြီးဥူးသီရိဓမ္မသည်(၄.၁၂.၂၀၁၇)ရက်နေ့၊နံနက်(၁၁း၅၀)နာရီတွင်တရားတော်များ ချီးမြှင့်ဟောကြားပေးခဲ့ပြီး
ကချင်ပြည်နယ်၊၂၀၁၇၊ဒီဇင်ဘာ ၄ ကချင်ပြည်နယ်၏အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အခမ်းအနားအား(၃.၁၂.၂၀၁၇)ရက်နေ့၊နံနက်(၁၀း၀၀)နာရီတွင်မြစ်ကြီးနားမြို့၊မျက်မမြင် ကျောင်းတွင်ကျင်းပရာကချင်ပြည်နယ်အစိုးရလူမှုရေးဝန်ကြီးဒေါက်တာသင်းလွင်မှအဖွင့်အမှာစကားပြောကြား၍ဒေါက်တာငွါးဆွာဒွေးမှ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ပေးပို့သောသဝဏ်လွှာကိုဖတ်ကြားပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊၂၀၁၇၊ဒီဇင်ဘာ ၄ မြန်မာ - တရုတ် ချစ်ကြည်ရေးအသင်း(ဗဟို)မှလူမှုဝန်ထမ်းဦးစီးဌာန၊ငှက်အော်စမ်းလူငယ်သင်တန်းကျောင်း၊ကော့မှူးမြို့၊ရန်ကုန်တိုင်းဒေသကြီးရှိ ကလေးသူငယ်များနှင့်ကျောင်းသား(၄၇၉)ဦးအတွက်ဗလာစာအုပ်၊အ၀တ်အထည်နှင့်အသုံးအဆောင်ပစ္စည်းများအား(၂.၁၂.၂၀၁၇)ရက်နေ့တွင် လာရောက် လှူဒါန်းခဲ့ပြီး
နေပြည်တော်၊ ၂၀၁၇၊ဒီဇင်ဘာ ၄ အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အထိမ်းအမှတ်အခမ်းအနားကို(၃.၁၂.၂၀၁၇)ရက်နေ့၊နံနက်ပိုင်းကနေပြည်တော်ရှိအပြည်ပြည်ဆိုင်ရာ ကွန်းဗင်းရှင်းဗဟိုဌာန(၂)တွင် ကျင်းပပြုလုပ်ရာ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ ဒုတိယဥက္ကဌ(၁)၊ လူမှု ၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတက်ရောက်အမှာ စကားပြော ကြားပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊၂၀၁၇၊ဒီဇင်ဘာ ၄ စစ်ကိုင်းတိုင်းဒေသကြီး၏အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေအခမ်းနားကိုမုံရွာမြို့၊မြသလ္လာခန်းမ၌(၃.၁၂.၂ဝ၁၇)ရက်နေနံနက်(ဝ၉းဝဝ) နာရီတွင်ကျင်းပပြုလုပ်ခဲ့ရာစစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်မှအဖွင့်အမှာစကားပြောကြားပြီး၊လူမှုရေး ဝန်ကြီးဒေါက်တာဇော်ဝင်း က ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ပေးပို့သော သဝဏ်လွှာကို ဖတ်ကြားပါသည်။
နေပြည်တော်၊ ၂၀၁၇၊ဒီဇင်ဘာ ၄ တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင်၂၀၁၇ခုနှစ်၊နိုဝင်ဘာလ(၂၇)ရက်နေ့မှဒီဇင်ဘာလ(၁)ရက်နေ့အထိကျင်းပပြုလုပ်နေသည့်အာရှပစိဖိတ်ဒေသ မသန်စွမ်းသူများဆိုင်ရာဆယ်စုနှစ်နှင့်စပ်လျဉ်းသည့်အစိုးရများအကြားဝန်ကြီးများ၊အဆင့်မြင့်အရာရှိကြီးများအဆင့်ကြားကာလပြန်လည် သုံးသပ်ခြင်း အစည်းအဝေး သို့ တက်ရောက်နေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ၀န်ကြီး ဒေါက်တာ ၀င်းမြတ်အေးသည် ၂၀၁၇ခုနှစ်၊ ဒီဇင်ဘာလ(၁)ရက် နေ့ ၊နံနက်ပိုင်းတွင် ဘေဂျင်းမြို့ရှိ Occupational Rehabilitation Center for Persons with Disabilities သို့သွားရောက် လေ့လာခဲ့ ပါသည်။
နေပြည်တော်၊ (၃၀.၁၁.၂၀၁၇) ရက်နေ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ကျင်းပပြု လုပ်လျက်ရှိသော အာရှ-ပစိဖိတ် ဒေသတွင်း မသန်စွမ်းသူများအတွက် ဆယ်စုနှစ်ဆောင်ရွက်မှု ကြားကာလသုံးသပ်ရေးဆိုင်ရာ အစိုးရများအကြား ၀န်ကြီးအဆင့် အစည်းအဝေးကို ၂၀၁၇ခုနှစ်၊ နိုဝင်ဘာလ(၃၀)ရက်နေ့တွင် တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးအား အာရှနှင့် ပစိဖိတ်ဒေသအတွင်းရှိ မသန်စွမ်းသူများဆိုင်ရာ ဆယ်စုနှစ်(၂၀၁၃-၂၀၂၂)နှင့် အင်ချွန်း မဟာဗျူဟာတို့ကို ဆောင်ရွက်ရာတွင် ကြုံတွေ့ရမည့် ကွာဟချက်နှင့် စိန်ခေါ်မှုများအပါအ၀င် တိုးတက်ပြောင်းလဲမှုအခြေအနေအား ပြန်လည်သုံးသပ်ရန် ရှေ့ဆက်ဆောင်ရွက်မည့် မူဝါဒလမ်းညွှန်ချက်တို့ကို
ပဲခူးတိုင်းဒေသကြီး၊ ၁.၁၂.၂၀၁၇ ပဲခူးတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးနှင့် ပူးပေါင်းဆောင်ရွက်နေသော INGOs, NGOs အဖွဲ့များဖြစ် သော Save the Children, YKBWA , MRCS တို့မှ Service Provider များနှင့် ချိတ်ဆက်ခြင်း ညွှန်းပို့ ကွန်ယက်တည်ဆောက်ခြင်း အလုပ်ရုံဆွေးနွေးပွဲကို (၂၈.၁၁.၂၀၁၇)ရက်၊ အင်္ဂါနေ့၊ နံနက်(၁၀:ဝ၀)နာရီမှ ညနေ( ၁၄:ဝ၀)နာရီ ချိန်ထိ ပဲခူးမြို့၊တိုင်းဒေသကြီး ကြက်ခြေနီရုံးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ရခိုင်ပြည်နယ်၊၂၀၁၇၊နိုဝင်ဘာ ၃၀ လူမှုဝန်ထမ်းဦးစီးဌာန၊ကျောက်ဖြူခရိုင်လူမှုဝန်ထမ်းရုံးမှကြီးမှူး၍ရခိုင်​ပြည်နယ်သံတွဲခရိုင်သံတွဲမြို့နယ်​နွားစားပြင်(ခြံပြင်)ကျေးရွာတွင်ရပ်ရွာအခြေပြု အခြေခံစက်ချုပ်သင်တန်းဖွင့်လှစ်ခြင်းအခမ်းအနားအား(၂၆.၁၁.၂၀၁၇)ရက်နေ့၊မွန်းလွဲ(၁၄း၀၀)နာရီတွင်ကျင်းပပြုလုပ်ခဲ့ပြီး
ဧရာဝတီတိုင်းဒေသကြီး၊၂၀၁၇၊နိုဝင်ဘာ ၂၉ လူမှုဝန်ထမ်းဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံ အိမ်တွင်းမှု သက်မွေး လုပ်ငန်းပညာသင်ကျောင်းနှင့်Weithungerhilfe GRET တို့ပူးပေါင်း ဖွင့်လှစ်သော အခြေခံစက်ချုပ် သင်တန်း၊သင်တန်းဆင်းပွဲအား (၂၄.၁၁.၂၀၁၇)ရက်နေ့၌ အဆိုပါသင်တန်းကျောင်း ၊အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာကျောင်းအုပ် မှသင်တန်းဆင်းအမှာ စကားပြောကြားခဲ့ပြီး တာဝန်ရှိသူများ မှ သင်တန်းဆင်းလက်မှတ်များအသီးသီးချီးမြှင့်ခဲ့ကြပါသည်။