လူမှုဝန်ထမ်းဦးစီးဌာန အောက်ရှိ လူငယ်သင်တန်းကျောင်း များနှင့် မသန်စွမ်း သင်တန်းကျောင်းများမှ (၂၀၁၁-၂၀၁၂) ပညာသင်နှစ်တွင် ထူးချွန်စွာအောင်မြင် ခဲ့ကြသော ကျောင်းသား/သူများအား ဂုဏ်ပြုပွဲအခမ်းအနား

ရန်ကုန်။ ၂၀၁၂ခုနှစ်၊ သြဂုတ်လ(၁၈)ရက် -

၂၀၁၂ခုနှစ်၊ သြဂုတ်လ(၁၈)ရက်နေ့ တွင် လူမှုဝန်ထမ်းဦးစီးဌာန အောက်ရှိ လူငယ်သင်တန်းကျောင်း များနှင့် မသန်စွမ်း သင်တန်းကျောင်းများမှ (၂၀၁၁-၂၀၁၂) ပညာသင်နှစ်တွင် ထူးချွန်စွာအောင်မြင် ခဲ့ကြသော ကျောင်းသား/သူများအား ဂုဏ်ပြုပွဲအခမ်းအနားကို အမှတ်(၆၅) ကျိုက်ဝိုင်းဘုရားလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်တိုင်း ဒေသကြီးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးကြည်နှင့်တကွ ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ အလှူရှင်များနှင့် ထူးချွန်ကျောင်းသား/ သူ(၁၀)ဦးတို့ တက်ရောက်ခဲ့ကြပြီး ထူးချွန် ကျောင်းသား/သူများက ဆုများကို လက်ခံရယူခဲ့ကြောင်း သတင်းရရှိပါသည်။

FacebookTwitter