လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်၌မွေးကင်းစကလေးငယ်များစွန့်ပစ်ခြင်းမှ ကာကွယ်တားဆီးရေးလုပ်ငန်းဆိုင်ရာပြခန်းပြသမှုညှိနှိုင်း အစည်းအဝေးကျင်းပခြင်း

နေပြည်တော်၊၂၀၁၇၊နိုဝင်ဘာ၂၇ ရန်ကုန်တက္ကသိုလ်တွင်၂၀၁၇ခုနှစ်၊ဒီဇင်ဘာလ(၁)ရက်နေ့မှ(၃)ရက်နေ့အထိကျင်းပပြုလုပ်မည့်လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်၌မွေးကင်းစ ကလေးငယ်များစွန့်ပစ်ခြင်းမှကာကွယ်တားဆီးရေးလုပ်ငန်းဆိုင်ရာပြခန်းခင်းကျင်းပြသမှုနှင့်ပတ်သက်၍ညှိနှိုင်းအစည်းအဝေးကိုရန်ကုန်မြို့၊ အမျိုးသမီးများဖွံ့ဖြိုး တိုးတက်ရေးဌာနတွင် (၂၅.၁၁.၂၀၁၇)ရက်နေ့၊ နေ့လည်(၂း၀၀) နာရီတွင် ကျင်းပခဲ့ပါသည်။

ကျား၊မအခြေပြုအကြမ်းဖက်ခံနေရသောအမျိုးသမီးများအတွက် စိတ်ပိုင်းဆိုင်ရာနှစ်သိမ့် ဆွေးနွေးခြင်းသင်တန်းဖွင့်လှစ်ခြင်း

ရန်ကုန်တိုင်းဒေသကြီး၊၂၀၁၇၊ဒီဇင်ဘာ ၅ ကျား၊မအခြေပြုအကြမ်းဖက်ခံနေရသောအမျိုးသမီးများအတွက်စိတ်ပိုင်းဆိုင်ရာနှစ်သိမ့်ဆွေးနွေးခြင်းသင်တန်းကိုတိုင်းဒေသကြီး /ပြည်နယ်များတွင် ကျား၊မအခြေပြုအကြမ်းဖက်ခံရသူများအား လက်တွေ့ဝန်ဆောင်မှုပေးနေသော လူမှုဝန်ထမ်းဦးစီးဌာနမှ Case Manager (၁၉)ဦးဖြင့် (၁၄-၁၁-၂၀၁၇ မှ ၁၇-၁၁-၂၀၁၇)ရက်နေ့အထိ ရန်ကုန်မြို့၊ လူမှုဝန်ထမ်းအတတ်သင်သိပံ္ပကျောင်းတွင် ဖွင့်လှစ်ခဲ့ရာ

လူမှုသဟဇာတဆိုင်ရာ အရည်အသွေးမြှင့်တင်ရေး အဆင့်မြင့်အရာရှိကြီးများ ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတက်ရောက်အမှာစကားပြောကြား

နေပြည်တော်၊၂၀၁၇၊ဒီဇင်ဘာ ၅ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့်ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်(UNDP)တို့ပူးပေါင်းပြီးလူမှုသဟဇာတ ဆိုင်ရာ အရည်အသွေးမြှင့်တင်ရေး အဆင့်မြင့် အရာရှိကြီးများ ဆွေးနွေးပွဲကို (၃.၁၂.၂၀၁၇) ရက်နေ့ ၊(၁၅း၀၀)နာရီတွင် နေပြည်တော်၊ Kempinski Hotel တွင်ကျင်းပပြုလုပ်ရာပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးတက်ရောက်အမှာစကားပြောကြား ပါသည်။

အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပခြင်း

ရှမ်းပြည်နယ်၊၂၀၁၇၊ဒီဇင်ဘာ ၅ အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အထိမ်းအမှတ်အခမ်းအနားကို၂ဝ၁၇ခုနှစ်၊ဒီဇင်ဘာလ(၃)ရက်နေ့၊နံနက်(၁ဝးဝဝ)နာရီတွင်ရှမ်းပြည်နယ် (တောင်ပိုင်း)တောင်ကြီးမြို့၊ဘုရားဖြူရပ်ကွက်ရှိသူငယ်တော်ယေဇူးမသန်စွမ်းနှင့်မိဘမဲ့ဂေဟာ၌ကျင်းပခဲ့သည်။ထို့နောက်ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝင်၊ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဒေါက်တာအောင်သန်းမောင်မှဂုဏ်ပြုအမှာစကားပြောကြားခြင်း၊ရှမ်းပြည်နယ်လူမှုဝန်ထမ်းရုံး၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ချိုပြုံးနှင့် Morning Star ဥာဏ်ရည်မသန်စွမ်းအသင်းအဖွဲ့၊ ဥက္ကဌ ဒေါ်သန်းနွယ်အောင်မှ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ သဝဏ်လွှာအား ဖတ်ကြားတင်ပြခဲ့ပါသည်။

မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်ခြင်း

မွန်ပြည်နယ်၊၂၀၁၇၊ဒီဇင်ဘာ ၄ မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့်မြန်မာနိုင်ငံမျက်မမြင်အသင်းတို့ပူးပေါင်း၍မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကို (၄.၁၂.၂၀၁၇ )ရက်နေ့၌သထုံမြို့မူလတန်းကြိုကျောင်းခန်းမတွင်ဖွင့်လှစ်ခဲ့ပါသည်။

၂၀၁၇ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အခမ်းအနား ကျင်းပခြင်း

ပဲခူးတိုင်းဒေသကြီး၊၂၀၁၇၊ဒီဇင်ဘာ ၄ ပဲခူးတိုင်းဒေသကြီး၊အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အခမ်းအနားအား(၃.၁၂.၂၀၁၇)ရက်နေ့၊နံနက်(၀၉:၃၀)နာရီအချိန်တွင်ပဲခူးမြို့၊မြို့တော် ခန်းမ၌ ကျင်းပခဲ့ပါသည်။အဆိုပါ အခမ်းအနားသို့ ပဲခူးတိုင်းဒေသ ကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ များ၊ မသန်စွမ်းသူများအား အကူအညီပေးနေသည့် INGO အဖွဲ့များ၊ စုစုပေါင်း အင်အား(၃၀၀)ဦး တက် ရောက်ခဲ့ပါသည်။

တရားတော်များချီးမြှင့်ဟောကြားပေးခြင်းနှင့်ဝတ္ထုငွေလှူဒါန်းခြင်း

ရန်ကုန်တိုင်းဒေသကြီး၊၂၀၁၇၊ဒီဇင်ဘာ ၄ လူမှုဝန်ထမ်းဦးစီးဌာန၊သက်ကြီးရွယ်အိုများနေ့ပိုင်းစောင့်ရှောက်ရေးဂေဟာတွင်ပြုစုစောင့်ရှောက်လျက်ရှိသောဘိုးဘွားများအားပြည်မြို့၊ဝိဇ္ဇောဒယ ဓမ္မရိပ်သာ(သဲအင်း)ရွှေတံခါးအပိုင်း(၂)ဆရာတော်ဘုရားကြီးဥူးသီရိဓမ္မသည်(၄.၁၂.၂၀၁၇)ရက်နေ့၊နံနက်(၁၁း၅၀)နာရီတွင်တရားတော်များ ချီးမြှင့်ဟောကြားပေးခဲ့ပြီး

အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အခမ်းအနားကျင်းပခြင်း

ကချင်ပြည်နယ်၊၂၀၁၇၊ဒီဇင်ဘာ ၄ ကချင်ပြည်နယ်၏အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အခမ်းအနားအား(၃.၁၂.၂၀၁၇)ရက်နေ့၊နံနက်(၁၀း၀၀)နာရီတွင်မြစ်ကြီးနားမြို့၊မျက်မမြင် ကျောင်းတွင်ကျင်းပရာကချင်ပြည်နယ်အစိုးရလူမှုရေးဝန်ကြီးဒေါက်တာသင်းလွင်မှအဖွင့်အမှာစကားပြောကြား၍ဒေါက်တာငွါးဆွာဒွေးမှ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ပေးပို့သောသဝဏ်လွှာကိုဖတ်ကြားပါသည်။

ဗလာစာအုပ်၊အ၀တ်အထည်နှင့်အသုံးအဆောင်ပစ္စည်းများလာရောက်လှူဒါန်းခြင်း

ရန်ကုန်တိုင်းဒေသကြီး၊၂၀၁၇၊ဒီဇင်ဘာ ၄ မြန်မာ - တရုတ် ချစ်ကြည်ရေးအသင်း(ဗဟို)မှလူမှုဝန်ထမ်းဦးစီးဌာန၊ငှက်အော်စမ်းလူငယ်သင်တန်းကျောင်း၊ကော့မှူးမြို့၊ရန်ကုန်တိုင်းဒေသကြီးရှိ ကလေးသူငယ်များနှင့်ကျောင်းသား(၄၇၉)ဦးအတွက်ဗလာစာအုပ်၊အ၀တ်အထည်နှင့်အသုံးအဆောင်ပစ္စည်းများအား(၂.၁၂.၂၀၁၇)ရက်နေ့တွင် လာရောက် လှူဒါန်းခဲ့ပြီး

စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုဆိုင်ရာ ၂၀၃၀ အစီအစဉ်ကို ဖော်ဆောင်ရာတွင် မသန်စွမ်းသူ များ၏ အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုကို အလေးထားဆောင်ရွက်သွားရန် ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးမှာကြား

နေပြည်တော်၊ ၂၀၁၇၊ဒီဇင်ဘာ ၄ အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အထိမ်းအမှတ်အခမ်းအနားကို(၃.၁၂.၂၀၁၇)ရက်နေ့၊နံနက်ပိုင်းကနေပြည်တော်ရှိအပြည်ပြည်ဆိုင်ရာ ကွန်းဗင်းရှင်းဗဟိုဌာန(၂)တွင် ကျင်းပပြုလုပ်ရာ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ ဒုတိယဥက္ကဌ(၁)၊ လူမှု ၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတက်ရောက်အမှာ စကားပြော ကြားပါသည်။