၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ(၃)ရက်နေ့တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့အကြို သစ်ပင်စိုက်ပျိုးခြင်းကို နေပြည်တော်တွင်ဆောင်ရွက်

ဇူလိုင်   ၂ ၊ နေပြည်တော်
၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ(၃)ရက်နေ့တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့အကြို သစ်ပင်စိုက်ပျိုးခြင်းကို ၂-၇-၂၀၂၀ ရက်နေ့၊ နံနက်(၀၇:၀၀)နာရီတွင် နေပြည်တော်၊ မြို့ရှောင် လမ်း(V-4) လမ်း၊ ရန်အောင်မြင်ကြိုးဝိုင်း အကွက်အမှတ်(၁၃)၊ သစ်တောမြေနေရာတွင် Covid-19 စည်းကမ်းချက်များနှင့်အညီ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံလုံး ဆိုင်ရာအမျိုးသမီးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသည့်၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံမိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ၊ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင် ရေးအသင်းဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ် စောင့်ရှောက်ရေးအသင်းမှအလုပ်အမှုဆောင်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က မန်ဂျန်ရှားပင်၊ ကျွန်းပင်၊ ပျဉ်းကတိုးပင်၊ ပိ‌တောက်ပင်နှင့် အော်ရေးရှားပင်များကို စိုက်ပျိုးခဲ့ကြပါသည်။ ထို့အတူ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အမျိုးသမီးကော်မတီများကလည်း Covid-19 စည်းကမ်းချက်များနှင့်အညီ သက်ဆိုင်ရာဒေသ အလိုက် သစ်ပင်များစိုက်ပျိုးခဲ့ကြကြောင်း သတင်းရရှိပါသည်။

FacebookTwitter