COVID – 19 ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းစဉ်များတွင် ပါဝင်ကူညီကြသည့် စေတနာ့ ဝန်ထမ်းများ၏ လုပ်ငန်းလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ညှိနှိုင်းဆွေးနွေး

စက်တင်ဘာလ၊ ၂၂ ၊ နေပြည်တော်
    အမျိုးသားအဆင့်စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့အတွင်းရေးမှူးပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် COVID – 19 ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ကူညီကြသည့် စေတနာ့ဝန်ထမ်းများ၏ လုပ်ငန်း လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရေးနှင့် အခက်အခဲများ ဖြေရှင်းပေးနိုင်ရေးအတွက် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ညှိနှိုင်းဆွေးနွေး ခြင်းကို ယနေ့မွန်းလွဲပိုင်းက Video Conferencing စနစ်ဖြင့် ဆောင်ရွက်ခဲ့ကြပါ သည်။
    ဆွေးနွေးရာတွင် ပြည်ထောင်စုဝန်ကြီးက COVID - 19 ကပ်ရောဂါကို ထိန်းချုပ်နိုင်ရန် ဆောင်ရွက်ရာတွင် အဓိကဖြစ်သည့် Quarantine လုပ်ငန်းစဉ်နှင့် Quarantine Center များ တွင် ပါဝင်ကူညီဆောင်ရွက်ကြသည့် စေတနာ့ဝန်ထမ်းများကို အသိအမှတ်ပြုခြင်းနှင့် ပံ့ပိုး ကူညီခြင်း၊ လက်ရှိကျင့်သုံးဆောင်ရွက်လျက်ရှိသော နည်းဗျူဟာကို စနစ်တကျ အကောင် အထည်ဖော်ရာတွင် ဒေသအလိုက်လိုအပ်ချက်များကို ဖြည့်ဆည်းပံ့ပိုးပေးခြင်းတို့ကို အချိန် မဆိုင်းဘဲ ပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ယခု COVID-19 ကပ်ရောဂါသည် ရခိုင် ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် ကူးစက်မှုများပြားလျက်ရှိပြီး တစ်နိုင်ငံလုံးတွင် လည်း ကူးစက်ပြန့်နှံ့လျက်ရှိကြောင်း၊ COVID – 19 ကပ်ရောဂါ၏ စိန်ခေါ်မှုများကို ကျော် လွှားနိုင်ရန်ဘက်ပေါင်းစုံက အဖြေရှာ၍ မဖြစ်ပွားမီကြိုတင်ကာကွယ်ခြင်း ၊ ရောဂါကူးစက်ခံ ရပါက စနစ်တကျကုသမှုခံယူနိုင်ရန် သက်ဆိုင်ရာပညာရှင်များ၏ အကြံဉာဏ်များကိုပါ ရယူဆောင်ရွက်လျက်ရှိကြောင်း၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ်များ အလိုက် Quarantine လုပ်ငန်းစဉ်များနှင့် စေတနာ့ဝန်ထမ်းလိုအပ်ချက်များကို ဖော်ထုတ် ပေးရန်ဖြစ်ကြောင်း၊ အမျိုးသားအဆင့်စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့က သက်ဆိုင်ရာ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများနှင့် ပိုမိုထိရောက်စွာ ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်လာပြီဖြစ်ကြောင်း၊ ယမန်နေ့ကလည်း ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်အသီးသီးမှ စေတနာ့ဝန်ထမ်းများ၊ လူငယ်ရေးရာကော်မတီဝင်များ၊ ပရဟိတအဖွဲ့အစည်းများနှင့် ညှိနှိုင်းဆွေးနွေးမှုများကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုဖြစ်ပွား လျက်ရှိသော COVID – 19 ဒုတိယလှိုင်းသည် ကူးစက်မှုပိုမိုလျင်မြန် ပြင်းထန်သည့်အတွက်  ကျန်းမာရေးအကာအကွယ်ပစ္စည်း PPE ဝတ်စုံ လိုအပ်ချက်များ ပိုမိုများပြားလာပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွက် PPE ဝတ်စုံ အစုံ သုံးသောင်း ဝယ်ယူရန် စီစဉ်ဆောင်ရွက် ထားရှိပြီးဖြစ်ပါကြောင်း၊ အခြားအသုံးအဆောင် ပစ္စည်းများဖြစ်ကြသည့် ခွဲစိတ်ခန်းသုံးဝတ်စုံ၊  Mask ၊ လက်သန့်ဆေးရည် ၊ ခြေအိတ်ရှည်၊ အမှိုက်အိတ် စသည့် လိုအပ်မှုများကိုလည်း သိရှိ ခဲ့ရပါကြောင်း၊  စေတနာ့ဝန်ထမ်းများအား စိတ်ဓါတ်ရေးရာမြှင့်တင်ပေးမှုဆိုင်ရာ အားပေးမှု များကို ဆောင်ရွက်ပေးရန် လိုအပ်နေပြီဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ရခိုင် ပြည်နယ်တို့အတွက်သာမက ကျန်ပြည်နယ်၊ တိုင်းဒေသကြီးအားလုံး၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်ဖြစ်ကြောင်း၊ ယနေ့အစည်းအဝေးတွင် နေပြည်တော်ကောင်စီ၊  တိုင်း ဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ  တာဝန်ရှိသူများနှင့် ဆောင်ရွက်ပေးနိုင်သည့် ကိစ္စများကို ဆွေးနွေးဖော်ထုတ်သွားမည် ဖြစ်ပါကြောင်း၊ လိုအပ်ချက်များ၊ အားနည်းချက်များကို ညှိနှိုင်း ဆွေးနွေးကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်များက တက်ရောက်သည့် လူမှုရေးဝန်ကြီးများနှင့် တာဝန်ရှိသူများက မိမိတို့သက်ဆိုင်ရာဒေသအလိုက်  စေတနာ့ ဝန်ထမ်းများ၊ ပရဟိတအဖွဲ့များနှင့် ပူးပေါင်းပြီး Quarantine လုပ်ငန်းစဉ်ဆောင်ရွက်မှု အခြေ အနေများ၊ ကျန်းမာရေးအကာအကွယ်ပစ္စည်းနှင့် စက်သုံးဆီလိုအပ်မှုများ၊ စေတနာ့ဝန်ထမ်း များအပါအဝင် Quarantine ဝင်သူများအတွက် စားသောက်စရိတ်လိုအပ်ချက်များ၊ တာဝန်ရှိ သူများအနေဖြင့် စေတနာ့ဝန်ထမ်းများအတွက်  ကျန်းမာရေးအကာအကွယ်ပစ္စည်းများကို တတ်နိုင်သလောက် ချိတ်ဆက်ထောက်ပံ့ပေးလျက်ရှိသော်လည်း လိုအပ်ချက်များပြားနေ သည့်အခြေအနေများနှင့်  မြို့နယ်များအလိုက်လိုအပ်ချက်များကို စာရင်းပြုစု၍ တင်ပြ တောင်းခံသွားမည့်ကိစ္စများကို အသီးသီးတင်ပြဆွေးနွေးကြပါသည်။
ယင်းနောက် ဆွေးနွေးတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက လိုအပ်ချက်စာရင်းအချက်လက် စုစည်းပေး ပို့ရာတွင် မြို့နယ်များအလိုက် ကျယ်ကျယ်ပြန့်ပြန်ဆောင်ရွက်လျက်ရှိသော Community Based Facility Quarantine အရေအတွက်နှင့် စေတနာ့ဝန်ထမ်းဦးရေအလိုက် အသုံးပြုရန် လိုအပ်သော ကျန်းမာရေးအကာအကွယ်ပစ္စည်းများကို အနည်းဆုံးတစ်လစာနှင့် အရံထား ရှိရန်လိုအပ်မည့် စာရင်းများပြုစုပေးရန်ဆွေးနွေးခဲ့ကြပြီး ပြည်တွင်းကူးစက်မှုများပြားခြင်းကို လျော့ချနိုင်ရန်နှင့် ကူးစက်ခံရသူများကို စနစ်တကျကုသနိုင်ရေးအတွက် လက်တွေ့ ဆောင် ရွက်ကြရာတွင် အချိတ်အဆက်မိမိနှင့် အချိန်မဆိုင်းဘဲ အကောင်အထည်ဖော် ဆောင်ရွက နိုင်ရေးအသေးစိတ်ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

FacebookTwitter