လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်အား International Development Law Organization ၊ Country Manager Ms.MORGANE LANDEL မှ မိတ်ဆက်တွေ့ဆုံ

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၂၅) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန(နေပြည်တော်)၌ လူမှုဝန်ထမ်းဦးစီးဌာန ဒေါက်တာစန်းစန်းအေး၊ ညွှန်ကြားရေးမှူးချုပ်အား International Development Law Organization၊ Country Manager Mrs. MORGANE LANDELနှင့်အဖွဲ့က Video Conferencing ဖြင့် တွေ့ဆုံမိတ်ဆက်ခဲ့ပါသည်။ လက်ခံတွေ့ဆုံရာတွင် ညွှန်ကြားရေးမှူးချုပ်က မိမိတို့ဦးစီးဌာန အနေဖြင့် ယခုလက်ရှိလုပ်ငန်းစဉ်များအနေဖြင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေကို (၂၃-၇-၂၀၂၀)ရက်နေ့တွင် အသစ်ပြန်လည်ပြဋ္ဌာန်းခဲ့ပြီးကလေးသူငယ်များအား ပိုမိုထိရောက်စွာ ကာကွယ်ဆောင်ရွက်နိုင်ရန်အတွက် ပိုမိုအကျိုးရှိထိရောက်သော ပြုပြင်ပြောင်းလဲမှုတစ်ရပ်ဖြစ်ခဲ့ ပါကြောင်း၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေအရ ကလေးသူငယ်တိုင်း ခွဲခြားဆက် ဆံမှုကင်းပြီး တန်းတူညီမျှစွာဖြင့် ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုရပိုင်ခွင့်များ အပြည့် အဝရရှိနိုင်ရေးအတွက် အရည်အသွေးပြည့်ဝသော ဝန်ဆောင်မှုများကို လက်လှမ်းမှီရရှိရန် အတွက် တိကျသော နည်းဥပဒေပြဋ္ဌာန်းချက်များ လိုအပ်ခြင်းကြောင့် ရေးဆွဲရခြင်းဖြစ်ပါကြောင်း International Development Law Organization (IDLO)  မှ ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာ နည်းဥပဒေ (မူကြမ်း) နှင့်ပတ်သက်၍ Zero Draft၊ Deaft (1)၊ Draft (2) ထိ ပေးပို့ထားခဲ့ခြင်းအပေါ် ကျေးဇူး တင်ရှိပါကြောင်း၊ နည်းဥပဒေ(မူကြမ်း)တွင် သင်တန်းကျောင်း၊ ပရဟိတဂေဟာနှင့် ယာယီစောင့် ရှောက်ရေးဂေဟာများ တည်ထောင်ဖွင့်လှစ်ခြင်းနှင့် ကြီးကြပ် ကွပ်ကဲခြင်းအခန်း၊ ကလေးသူငယ်အား မွေးစားခြင်းအခန်း၊ အခြားနည်းဖြင့်ပြုစုစောင့်ရှောက်ခြင်း အခန်းနှင့် အခြားနည်းလမ်းဖြင့် လွှဲပြောင်းဆောင်ရွက်ခြင်း၊ ပညာရေး၊ ကျန်းမာရေး၊ အဆိုးရွားဆုံးပုံစံဖြင့်အလုပ်ခိုင်းစေခြင်း၊ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခ၊ ကလေးသူငယ်တရားစီရင်ရေးစသည့် အခန်းများ အလိုက်နည်းဥပဒေ (မူကြမ်း)အစည်းအဝေး အား ကျင်းပပြုလုပ်ခဲ့ရာ စုစုပေါင်း(၈)ကြိမ် ကျင်းပ ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း ပြောကြား ခဲ့ပါသည်။
ထို့နောက် International Development Law Organization၊ Country Manger ၊ Mrs. MORGANE LANDEL မှ ယခုကဲ့သို့ တွေ့ဆုံခြင်းအပေါ် ဝမ်းမြောက်ပါကြောင်း၊ နောက်နောင်တွင် ယခုကဲ့သို့ ဆက်လက်ပူးပေါင်းဆက်လက်လုပ်ဆောင်သွားရန် ဆန္ဒရှိပါကြောင်း၊ မိမိတို့အနေဖြင့် Time line များ၊ Draft များအား လူမှုဝန်ထမ်းဦးစီးဌာနဖြင့် ပူးပေါင်း၍ နည်းဉပဒေအမြန်ဆုံး ထွက်ရန် ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ နည်းဉပဒေရေးဆွဲရေးအဖွဲ့ဝင်များဖြစ်ကြသော သက်ဆိုင်ရာညွှန်ကြားရေး မှူးများမှ ၎င်းတို့အနေဖြင့် ဆောင်ရွက်လျှက်ရှိသောလုပ်ငန်းစဉ်များနှင့် ဆက်လက်ဆောင်ရွက် မည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်က ဖြည့်စွက်ဆောင်ရွက် လိုသည်များအား ပြောကြားခဲ့၍ တွေ့ဆုံဆွေးနွေးပွဲကို မွန်းလွဲ(၃)နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။

FacebookTwitter