အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနား ကျင်းပ

      အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ (၂၆-၁၁-၂၀၂၁)ရက်နေ့တွင် ကျင်းပခဲ့ ပါသည်။ 

      အဆိုပါ အခမ်းအနားတွင် မွန်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပြီး အမျိုးသမီးများအပေါ်အကြမ်းဖက်မှုနှင့်သက်ဆိုင်သော video clip ပြသခြင်း၊ ဖြူစင်အိမ်လူမှုအဖွဲ့အစည်းမှ ‘‘ငြိမ်းချမ်းရေးလမ်းသာ’’ သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခြင်း၊ ၂၀၂၀ ပြည့်နှစ်    Online    ပြိုင်ပွဲတွင်  ပထမဆုရရှိခဲ့သော  အမျိုးသမီးများအပေါ်အကြမ်းဖက်မှု ပပျောက်ရေးအထိမ်းအမှတ်  video clip   ပြသခြင်းနှင့် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခြင်း အစီအစဉ်များဖြင့် ကျင်းပဆောင်ရွက်ခဲ့ကြပါသည်။

   အခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့်တကွ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အမျိုးသမီးကော်မတီဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ NGOs, INGOs များနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များစုစုပေါင်း (၁၀၀) ဦးခန့်တက်ရောက်ခဲ့ကြပါသည်။  

FacebookTwitter