စစ်ကိုင်းတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းရုံး၌ အခြေခံလူမှုဝန်ထမ်းသင်တန်း ဖွင့်လှစ်ပြီးစီးခြင်း

အခြေခံလူမှုဝန်ထမ်းသင်တန်းကို စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံး၌ (၂၈-၁၂-၂၀၂၁)ရက် နေ့တွင် ကျင်းပခဲ့ရာ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း(၂၀)ဦး တက်ရောက်ခဲ့ပါသည်။ အဆိုပါသင်တန်းတွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ အရာရှိ(၃)ဦးက လူမှုဝန်ထမ်း ဦးစီးဌာန၏ လုပ်ငန်းကြီး(၇)ရပ်အကြောင်းရှင်းလင်းခဲ့ပါသည်။ အဆိုပါသင်တန်းတွင် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် ဆက်စပ်ဌာနဆိုင်ရာများအကြား ပူးပေါင်းမှုအားကောင်းလာစေရန်ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားခဲ့ပါသည်။

FacebookTwitter