စစ်ကိုင်းတိုင်းဒေသကြီးအမျိုးသမီးကော်မတီအစည်းအဝေး

စစ်ကိုင်းတိုင်းဒေသကြီးအမျိုးသမီးကော်မတီ အစည်းအဝေးကို (၂၉-၁၂-၂၀၂၁)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး အမျိုးသမီးကော်မတီ၊ ဥက္ကဌနှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။အဆိုပါအစည်းအဝေးတွင် တိုင်းဒေသကြီးအမျိုးသမီးကော်မတီ၊ ဥက္ကဌ လူမှုရေးရာဝန်ကြီးက  အဖွင့်အမှာစကား ပြောကြားခဲ့ရာ အမျိုးသမီးများအားလုံး နောက်တွင်မကျန်ခဲ့စေဘဲ အားလုံးပူးပေါင်းပြီးသာတူညီမျှသော၊ တန်းတူ ညီမျှသော အခွင့်အရေးများကို ကျား/ မ မရွေးခံစားခွင့်နိုင်ရန် ဖော်ဆောင်သွားနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားခဲ့ပါသည်။ ထို့နောက် အမျိုးသမီးကော်မတီအဖွဲ့ဝင်များက    လုပ်ငန်းအကောင်အထည်ဖော်ဆောင်မှုများကို အသီးသီးတင်ပြကြပြီး    ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ခဲ့ကြပါသည်။

FacebookTwitter