ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်အဖွဲ့နှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့ တွေ့ဆုံ

မြစ်ကြီးနား၊ ၁၇.၁၀.၂၁၀၈

 ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် Ms. Christine Burgener၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးစိုးအောင် နှင့်အဖွဲ့သည် ယမန်နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အစိုးရအဖွဲ့ရုံး ဧည့်ခန်းမဆောင်၌ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ ရွှေ့ပြောင်းဒုက္ခသည်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။

 ဒုတိယဝန်ကြီးဦးစိုးအောင်သည် မူးယစ်ဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်းအား ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ပြန်လည်ပြုပြင် တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ရွှေစက်ရပ်ကွက်၊ တောင်တန်းဒေသ ကျောင်းသား /ကျောင်းသူများ ပြုစု စောင့်ရှောက်ရေးဂေဟာသို့သွားရောက် ကြည့်ရှုခဲ့ပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံကာ လိုအပ်ချက်များကို ဖြည့်ဆည်း ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

FacebookTwitter