ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး အား လက်ခံတွေ့ဆုံ

ဖေဖော်ဝါရီ ၆ ၊ နေပြည်တော်
    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် မြန်မာနိုင်ငံဆိုင်ရာဂျပန်သံအမတ်ကြီး H.E Mr. Ichiro MARUYAMA  အား ယမန် နေ့လည်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
    တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်ရှိနေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့်စပ်လျဉ်း၍ ဂျပန်နိုင်ငံက ကူညီဆောင်ရွက်ပေးနေသောကိစ္စရပ်များ၊ စီမံချက်များနှင့်စပ်လျဉ်း၍ ရှေ့ဆက် ဆောင်ရွက်မည့် အခြေအနေများ၊ ပြန်လည်လက်ခံရေးအစီအမံများနှင့် ပတ်သက်၍ မြန်မာနိုင်ငံ က ပြင်ဆင် ဆောင်ရွက် ထားရှိမှုများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်ခြမ်းရှိ နေရပ်စွန့်ခွာသူများသိရှိနိုင်ရေးအတွက် အဓိကသတင်းအချက်အလက်များပါဝင်သည့် Factsheet စီစဉ် ဆောင်ရွက်နေမှုနှင့် အဆိုပါ Factsheet အား နေရပ်စွန့်ခွာသူများသို့ ဖြန့်ဝေနိုင်ရန် မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံပူးပေါင်း၍ ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ လက်ရှိဆောင်ရွက်မှုများတွင် ဂျပန်နိုင်ငံ က ပူးပေါင်းကူညီဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

 

FacebookTwitter