ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်အား ရွှေမင်းသား ဖောင်ဒေးရှင်းမြန်မာ အမှုဆောင် အဖွဲ့မှ လာရောက် တွေ့ဆုံ

နေပြည်တော်၊ စက်တင်ဘာ (၁၈) -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်အား (၁၈-၉-၂၀၁၂) ရက်နေ့ မွန်းလွဲ (၁) နာရီ အချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးရုံးရှိ မေခလာခန်းမတွင် ရွှေမင်းသား ဖောင်ဒေးရှင်း အမှုဆောင်အဖွဲ့မှ လာရောက်တွေ့ဆုံရာ ရွှေမင်းသား ဖောင်ဒေးရှင်း (မြန်မာ) ဥက္ကဌ ဦးမြတ်သူဝင်းမှ ရွှေမင်းသား ဖောင်ဒေးရှင်း၏ မသန်စွမ်းသူများ ဆိုင်ရာလုပ်ငန်း ဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက မသန်စွမ်း သူများဆိုင်ရာ လုပ်ငန်းများသည် ပြည်သူအားလုံး၊ ကဏ္ဍအားလုံးနှင့် ဆက်ဆပ်နေသည့် လုပ်ငန်းတစ်ခုဖြစ်သည့်အတွက် ဝန်ကြီးဌာနအနေဖြင့် မသန်စွမ်းအဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်မှုများအား အစဉ်တစိုက် အားပေးဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

      အဆိုပါဆွေးနွေးပွဲသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးများဖြစ်သော ဦးဘုန်းဆွေ နှင့် ဒေါ်စုစုလှိုင်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။

FacebookTwitter