၂၀၁၂ခုနှစ် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနား ကျင်းပရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

နေပြည်တော်၊ စက်တင်ဘာလ (၂၁)ရက် -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာန၊ အစည်း အဝေးခန်းမတွင် (၂၀.၉.၂၀၁၂)ရက်၊ နေ့လည် (၀၂း၀၀)နာရီ၊ အချိန်၌ ၂၀၁၂ခုနှစ်၊ အောက်တိုဘာလ၊ (၁)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့အခမ်းအနား အောင်မြင် စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား ကျင်းပခဲ့ပါသည်။

       အဆိုပါ ညှိနှိုင်း အစည်းအဝေးတွင် အခမ်းအနား ကျင်းပရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဌ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (လူမှုဝန်ထမ်းစီးဌာန) မှ ဦးဆောင် ကျင်းပခဲ့ပြီး၊ သက်ကြီးရွယ်အို စောင့်ရှောက်ရေးလုပ်ငန်း ဆောင်ရွက်နေသော မိတ်ဖက်အဖွဲ့အစည်းများ ဖြစ်သည့် UNFPA, Help Age International(Myanmar), World Vision(Myanmar), Caritas(Thailand), မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်း၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ Global Vision နှင့် National YMCAs မှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ပြီး လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီများ အလိုက် အခမ်းအနား ကျင်းပရေးနှင့် ပတ်သက်၍ လုပ်ငန်းဆောင်ရွက် ထားရှိမှုများကို တင်ပြညှိနှိုင်း ဆွေးနွေး ခဲ့ကြပါသည်။

FacebookTwitter