မိခင်ဝိုင်းများတိုးချဲ့ဖွင့်လှစ်ခြင်းနှင့်လေဘေးအန္တ ရာယ် ကြိုတင်ကာကွယ်ပြင်ဆင်ရေးနှင့်‌ လူမှုကာကွယ်စောင့်‌ရှောက်ရေးလုပ်ငန်းများ ပြည်သူအကြားကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊၂၀၁၈၊ဇန်နဝါရီ ၃၀ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဦးစိုးအောင်သည်ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊တိုင်းဒေ သကြီးဦးစီးမှူးများနှင့်‌တာဝန်ရှိသူများ၊သက်ဆိုင်ရာမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးတို့လိုက်ပါလျက် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းတစ်ရပ်ဖြစ်သည့်မိခင်ဝိုင်းများတိုးချဲ့ဖွင့်လှစ်နိုင်ရေးအတွက်မင်းဘူးမြို့ ၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်လူမှုဝန်ထမ်းဦးစီးဌာနမှဖွင့်လှစ်သင်ကြားလျက်ရှိသောမင်းဘူးမြို့နယ်ေကျးရွာ(၅)ရွာမှသင်တန်းသူမိခင်များ နှင့်‌ ပံ့ပိုးသူများ အဖွဲ့ ကို မွန်းလွဲပိုင်းတွင် သွား‌ရောက်တွေ့ဆုံရာတွင် မိခင်ဝိုင်းများဖွင့်လှစ်ရသည့်‌ ရည်ရွယ်ချက် များ ဖြစ်သည့် ကလေးသူငယ်များပပြုစုပျိုးထောင်ပေးသည့်နည်းလမ်းကိုရပ်ရွာလူထုအတွင်းပျံ့နှံ့‌ရောက်ရှိစေရန်ကလေးသူငယ်များဖွံ့ဖြိုးတိုးတက်ရေးအ တွက်ပျြစုပျိုးထောင်ခြင်းလုပ်ငန်းကိုရပ်ရွာမှစုပေါင်းတာဝန်ယူလုပ်တတ် စေရန်နှင့်‌ က‌လေးဘက်စုံဖွံ့ဖြိုးရေးအတွက် ပြုစုပျိုး ထောင်တတ်စေရန် စသည့် ရည်ရွယ်ချက်များကို အကောင်အ ထည်ဖော်နေမှုများ ရှင်းလင်း ပြောကြား ပြီး သင်တန်းအဖွဲ့က ဖြည့်ဆည်းပေးရန် လိုအပ်ချက်များကို ပြန်လည်ဆွေးနွေးမှုအပါ် ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။

အာဆီယံလူသားချင်းစာနာကူညီမှုဆိုင်ရာညှိနှိုင်းရေးအဖွဲ့က ရခိုင်ပြည်နယ် အတွင်းရှိ ပြန်လည်လက်ခံရေးစခန်းများကို သွားရောက်လေ့လာ

နေပြည်တော်၊၂၀၁၈၊ဇန်နဝါရီ ၂၉ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့်လူသားချင်းစာနာကူညီမှုဆိုင်ရာ အာဆီယံညှိနှိုင်းရေးမှူးရုံး (AHA Centre) ကရခိုင်ပြည်နယ်ရှိနေရပ် စွန့်ခွာ တိမ်းေ ရှာင်ပြည်သူများအတွက် (၁၄-၁၁-၂၀၁၇)ရက်နေ့ တွင် အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ လှူဒါန်းသည့် အမေရိကန် ဒေါ်လာလေးသိန်းခွဲခန့် တန်ဖိုးရှိသော လူသုံးကုန်ပစ္စည်းများနှင့် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ အကူအညီများကိုလည်းကောင်း၊ (၁၄-၁၂-၂၀၁၇)ရက်နေ့တွင် စင်္ကာပူနိုင်ငံ မှလှူဒါန်းသည့် အမေရိကန်ဒေါ်လာ(၇)သောင်းခွဲခန့်တန်ဖိုး ရှိသည့် မီးဖိုချောင်သုံးပစ္စည်းများကိုလည်းကောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ ပါသည်။

ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းသို့လာရောက်လေ့လာခြင်း

ရန်ကုန်တိုင်းဒေသကြီး၊၂၀၁၈၊ဇန်နဝါရီ ၂၉ လူမှုဝန်ထမ်းဦးစီးဌာန၊ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းသို့ရန်ကုန်တက္ကသိုလ်၊စိတ်ပညာဌာနမှဆရာ/ဆရာမများနှင့်သင်တန်းသား၊သင်တန်း သူများသည်(၂၇.၁.၂၀၁၈)ရက်နေ့တွင်လာရောက်လေ့လာခဲ့ကြရာကျောင်းအုပ်ကြီးမှသင်တန်းကျောင်း၏လုပ်ငန်းဆောင်ရွက်နေမှုများအားရှင်း လင်းပြောကြားခဲ့ပြီးသင်တန်းကျောင်းသားများမှအိုးစည်၊ဒိုးပတ်များဖြင့်ဖျော်ဖြေတင်ဆက်ခဲ့ကြပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊တိုင်းအဆင့်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ၏(၁/၂၀၁၈)လုပ်ငန်း ညှိနှိုင်းအစည်းအ‌ဝေးကျင်းပခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ ၂၀၁၈၊ဇန်နဝါရီ ၂၉ (၁၉.၁.၂၀၁၈)ရက်နေ့၊နံနက်(၉း၃၀)နာရီတွင်ရန်ကုန်တိုင်းဒေသကြီး၊တိုင်းအဆင့်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ၏(၁/၂၀၁၈) လုပ်ငန်းညှိနှိုင်းအစည်းအ‌ဝေးအားရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊အစည်းအ‌ဝေးခန်းမ(၃)တွင်ကျင်းပပြုလုပ်ခဲ့ပြီးကလေးသူငယ်အခွင့်အရေး များဆိုင်ရာကော်မတီအဖွဲ့ဥက္ကဌလူမှုရေးဝန်ကြီးဦးနိုင်ငံလင်းမှတက်ရောက်အမှာစကားပြောကြား၍အဖွဲ့ဝင်များနှင့်ရှေ့ဆက်မည့်လုပ်ငန်းစဉ်များ အားဆွေးနွေးမေးမြန်းဆုံးဖြတ်ခဲ့ကြပါသည်။

မိခင်ဝိုင်းတိုးချဲ့ဖွင့်လှစ်နိုင်ရေး အသိပညာပေးရှင်းလင်းခြင်းနှင့်သင်တန်းဖွင့်လှစ်ခြင်းအခမ်းအနား ကျင်းပခြင်း

ဧရာဝတီတိုင်းဒေသကြီး၊၂၀၁၈၊ဇန်နဝါရီ ၂၆ (၂၅.၁.၂၀၁၈)ရက်နေ့၊နံနက်(၁၀း၃၀)နာရီအချိန်တွင်လူမှုဝန်ထမ်းဦးစီးဌာန၊ဖျာပုံခရိုင်လူမှုဝန်ထမ်းရုံးမှဦးဆောင်၍ရပ်ရွာများအတွင်းမိခင်ဝိုင်း(၁၀) ဝိုင်းတိုးချဲ့ဖွင့်လှစ်နိုင်ရေး၊မိဘများအားအသိပညာပေးခြင်း၊ပံ့ပိုးမှုကော်မတီများဖွဲ့စည်းခြင်းနှင့်သင်တန်းဖွင့်လှစ်ခြင်းအခမ်းအနားအားကျင်းပပြုလုပ် ခဲ့ပါသည်။

ခရိုင်​အမျိုးသမီး​ရေးရာ​ကော်​မတီ လုပ်​ငန်းညှိနိုင်းအစည်းအ​ဝေးကျင်းပခြင်း

ရခိုင်ပြည်နယ်၊၂၀၁၈၊ ဇန်နဝါရီ ၂၆ (၂၅.၁.၂၀၁၈)ရက်နေ့၊နံနက်(၁၀း၀၀)နာရီအချိန်တွင်ကျောက်ဖြူခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊အစည်းအဝေးခန်းမ၌ခရိုင်အမျိုးသမီးရေး ရာကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း ဦးစီးဌာန၊ကျောက်ဖြူခရိုင်လူမှုဝန်ထမ်းရုံး၊ ခရိုင်ဦးစီးမှူး တက်ရောက်၍ လုပ်ငန်းဆောင်ရွက်ချက်များ ပါဝင်ဆွေးနွေး ဆောင်ရွက်ခဲ့ပါသည်။

စာအုပ်များမိတ်ဆက်ဖြန့်ချီခြင်းအခမ်းအနားကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ ၂၀၁၈၊ဇန်နဝါရီ ၂၅ (၂၅.၁.၂၀၁၈)ရက်နေ့၊နံနက်(၁၀း၀၀)နာရီအချိန်တွင်ပဲခူးမြို့၊သီရိဟံသာခန်းမ၌လူမှုဝန်ထမ်းဦးစီးဌာန၊ပဲခူးတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးမှကြီးမှူး၍ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းတည်ထောင်ခွင့်ပြုမိန့်မှတ်ပုံတင်ခြင်းနှင့်ထောက်ပံ့ရေးလုပ်ငန်းလမ်းညွှန်၊ဂေဟာ/သင်တန်းများတွင်အနိမ့်ဆုံးရှိရ မည့်ပြုစုစောင့်ရှောက်ခြင်းနှင့်အကာအကွယ် ပေးခြင်းဆိုင်ရာစံချိန်စံညွှန်းစာအုပ်များမိတ်ဆက်ဖြန့်ချီခြင်းအခမ်းအနားကျင်းပပြုလုပ်ခဲ့ပါသည်။

ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ်အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ၏ ပြည်သူသို့ထုတ်ပြန်ရမည့် (၄)လ (၁)ကြိမ် အစီရင်ခံစာ ပြုစုရေးသားနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော်၊ ၂၀၁၈၊ ဇန်န၀ါရီ၂၅ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင် အထည်ဖော် ဆောင်ရွက်ရေးကော်မတီ၏ပြည်သူ သို့ ထုတ်ပြန်ရမည့် (၄)လ (၁)ကြိမ် အစီရင်ခံစာပြုစုရေး သားနိုင်ရေး အတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် (၂၄-၁-၂၀၁၈) ရက်နေ့၊ နေ့လည် (၁) နာရီ တွင် ကျင်းပခဲ့ပါသည်။

ပြန်လည်ထူထောင်မှုခံယူပြီးသူများအားနောက်ဆက်တွဲစောင့်ရှောက်ရေးဆောင်ရွက်နေမှုအပေါ်သုံးသပ် ဆွေးနွေးပွဲ ကျင်းပခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ ၂၀၁၈၊ဇန်န၀ါရီ ၂၅ လူမှုဝန်ထမ်းဦးစီးဌာန၊ လူမှုဝန်ထမ်းအတတ် သင် သိပ္ပံကျောင်း၊ ရန်ကုန်မြို့၌ မူးယစ်ဆေးဖြတ်ပြီး၍ပြန်လည် ထူထောင်မှုခံယူပြီးသူများ အားနောက် ဆက် တွဲစောင့်ရှောက်ရေးဆောင် ရွက်နေမှု အပေါ် သုံးသပ်ဆွေးနွေး ပွဲအား (၂၄.၁.၂၀၁၈)ရက်နေ့တွင် ကျင်း ပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း ဦးစီးဌာနဒုတိ ယညွှန်ကြားရေးမှူးချုပ်(လုပ်ငန်း)နှင့် ဒုတိယညွှန်ကြားမှူး (မူးယစ်/ပြန်ထူ) တို့မှ ဦးဆောင်၍ ပိုမိုကောင်း မွန်သော လုပ်ငန်းဖြစ်ပေါ် လာရေး ၊ရှေ့လုပ်ငန်း စဉ်များ အားဆွေးနွေး ခဲ့ရာ တက်ရောက် လာသော အဖွဲ့အစည်း အသီးသီးမှ ကိုယ်စားလှယ်များ ပါဝင်ဆွေးနွေး

နှစ်နိုင်ငံသဘောတူစာချုပ်အရ မောင်တောဒေသမှ နေရပ်စွန့်ခွာတိမ်းရှောင်သူများ ပြန်လည်လက်ခံရေးအတွက်ရက်သတ်မှတ်သည့် ဇန်နဝါရီ ၂၃ ရက်တွင် မြန်မာနိုင်ငံဘက်မှအဆင်သင့်ဖြစ်သော်လည်း ပြန်လာမည့်သူများ ရောက်မလာသည့်အပြင် စာရင်းလည်းရောက်မလာ

နေပြည်တော်၊၂၀၁၈၊ ဇန်နဝါရီ ၂၅ ရခိုင်ပြည်နယ်မောင်တောဒေသမှနေရပ်စွန့်ခွာတိမ်းရှောင်သူများပြန်လည်လက်ခံရေးအတွက်မြန်မာနိုင်ငံဘက်မှတောင်ပြို လက်ဝဲ စိစစ်ပြန်လည် လက်ခံရေးစခန်း ၊ငါးခူရ စိစစ်ပြန်လည် လက်ခံရေးစခန်းနှင့် ယာယီနေထိုင်မည့် လှဖိုးခေါင်ကြားစခန်းတို့တွင် အဆင်သင့်ပြင်ဆင်ဆောင်ရွက်ပြီးစီး မှုနှင့်ဝန်ထမ်းများအသင့်ရောက်ရှိနေမှု အခြေအနေများကို ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ်အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မ တီ၏အကြံပေးအဖွဲ့မှအဖွဲ့ဝင်များ၊ အတွင်းရေးမှူးရုံးဝန်ထမ်းများ ၊ပြည်တွင်းပြည်ပ သတင်းဌာနများမှ သတင်းထောက် များ ပါဝင်သော အဖွဲ့သည် ဇန်နဝါရီ ၂၄ ရက်တွင် သွားရောက်ကြည့်ရှု လေ့လာကြသည်။ ပြန်လည်လက်ခံရေး အတွက်နိုင်ငံတော် အပိုင်းက အဆင်သင့်ပြီးစီးအောင်ပြင်ဆင်ဆောင်ရွက် ထားမှုများနှင့် စပ်လျဉ်း၍ လူမှုဝန်ထမ်း ၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား တွေ့ဆုံမေးမြန်းထားသည် - မေး။ အခုဆိုရင် ရခိုင်ပြည်နယ် အတွက် ရွှေ့ပြောင်းသူတွေကို ပြန်လည် လက်ခံဖို့ စီစဉ်ဆောင်ရွက် နေတာတွေရှိပါတယ်။ အဲဒီအခြေအနေနဲ့ပတ် သက်ပြီး ပြောကြားပေးစေလိုပါတယ်။ ဖြေ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက် ထွက်သွားတဲ့သူတွေ ကိုပြန်လည်လက်ခံဖို့အတွက်အစီအစဉ်ကို ကျွန်တော်တို့ ဆောင်ရွက်နေပါတယ်။ အဲဒီလိုဆောင် ရွက်ဖို့အတွက် နှစ်နိုင်ငံ သဘောတူညီချက် လိုအပ် ပါတယ်။ အဲဒီနှစ်နိုင်ငံ သဘောတူညီချက်ကိုလည်း ကျွန်တော်တို့ ဆောင်ရွက်ပြီးသားဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နဲ့မြန်မာ နှစ်နိုင်ငံ သဘောတူညီချက်ဖြစ်ပါတယ်။ တိမ်းရှောင်သွားတဲ့သူတွေ ပြန်လည်လက်ခံ ဖို့ပါ။ အဲဒါကိုလည်းသဘောတူဆောင်ရွက်ပြီးပါပြီ။ သဘောတူစာချုပ်လည်း လုပ်ပြီးပါပြီ၊ အဲဒီအပြင် ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်ကလည်း နှစ်နိုင်ငံ Joint Working Group တွေ၊ နှစ်နိုင်ငံ ပူးတွဲ ဆောင်ရွက်မယ့်အဖွဲ့တွေ အစည်းအဝေးလုပ်ပြီးပါပြီ၊ အစည်းအဝေးလုပ်ပြီးတော့ သဘောတူညီချက်လည်း ရခဲ့ပါတယ်။ အဲဒီ သဘော တူညီချက်ရတဲ့ ဇန်နဝါရီ ၁၆ ရက်မှာပဲ ကျွန်တော်တို့က ဒီဘက်ကနေ ပြန်လည်လက်ခံနိုင်တယ်ဆိုတဲ့ စာရင်းတစ်ခုကို ပေးလိုက်ပါတယ်။ အဲဒီမှာ မူဆလင် ၇၅၀ နဲ့ ဟိန္ဒူဘာသာ ကိုးကွယ်တဲ့သူတွေ ၅၀၈ ဦး ပါဝင်ပါတယ်။ ဒါကို စာရင်းလည်း ပေးလိုက်တယ်။