နှစ်နိုင်ငံသဘောတူစာချုပ်အရ မောင်တောဒေသမှ နေရပ်စွန့်ခွာတိမ်းရှောင်သူများ ပြန်လည်လက်ခံရေးအတွက်ရက်သတ်မှတ်သည့် ဇန်နဝါရီ ၂၃ ရက်တွင် မြန်မာနိုင်ငံဘက်မှအဆင်သင့်ဖြစ်သော်လည်း ပြန်လာမည့်သူများ ရောက်မလာသည့်အပြင် စာရင်းလည်းရောက်မလာ

နေပြည်တော်၊၂၀၁၈၊ ဇန်နဝါရီ ၂၅ ရခိုင်ပြည်နယ်မောင်တောဒေသမှနေရပ်စွန့်ခွာတိမ်းရှောင်သူများပြန်လည်လက်ခံရေးအတွက်မြန်မာနိုင်ငံဘက်မှတောင်ပြို လက်ဝဲ စိစစ်ပြန်လည် လက်ခံရေးစခန်း ၊ငါးခူရ စိစစ်ပြန်လည် လက်ခံရေးစခန်းနှင့် ယာယီနေထိုင်မည့် လှဖိုးခေါင်ကြားစခန်းတို့တွင် အဆင်သင့်ပြင်ဆင်ဆောင်ရွက်ပြီးစီး မှုနှင့်ဝန်ထမ်းများအသင့်ရောက်ရှိနေမှု အခြေအနေများကို ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ်အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မ တီ၏အကြံပေးအဖွဲ့မှအဖွဲ့ဝင်များ၊ အတွင်းရေးမှူးရုံးဝန်ထမ်းများ ၊ပြည်တွင်းပြည်ပ သတင်းဌာနများမှ သတင်းထောက် များ ပါဝင်သော အဖွဲ့သည် ဇန်နဝါရီ ၂၄ ရက်တွင် သွားရောက်ကြည့်ရှု လေ့လာကြသည်။ ပြန်လည်လက်ခံရေး အတွက်နိုင်ငံတော် အပိုင်းက အဆင်သင့်ပြီးစီးအောင်ပြင်ဆင်ဆောင်ရွက် ထားမှုများနှင့် စပ်လျဉ်း၍ လူမှုဝန်ထမ်း ၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား တွေ့ဆုံမေးမြန်းထားသည် - မေး။ အခုဆိုရင် ရခိုင်ပြည်နယ် အတွက် ရွှေ့ပြောင်းသူတွေကို ပြန်လည် လက်ခံဖို့ စီစဉ်ဆောင်ရွက် နေတာတွေရှိပါတယ်။ အဲဒီအခြေအနေနဲ့ပတ် သက်ပြီး ပြောကြားပေးစေလိုပါတယ်။ ဖြေ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက် ထွက်သွားတဲ့သူတွေ ကိုပြန်လည်လက်ခံဖို့အတွက်အစီအစဉ်ကို ကျွန်တော်တို့ ဆောင်ရွက်နေပါတယ်။ အဲဒီလိုဆောင် ရွက်ဖို့အတွက် နှစ်နိုင်ငံ သဘောတူညီချက် လိုအပ် ပါတယ်။ အဲဒီနှစ်နိုင်ငံ သဘောတူညီချက်ကိုလည်း ကျွန်တော်တို့ ဆောင်ရွက်ပြီးသားဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နဲ့မြန်မာ နှစ်နိုင်ငံ သဘောတူညီချက်ဖြစ်ပါတယ်။ တိမ်းရှောင်သွားတဲ့သူတွေ ပြန်လည်လက်ခံ ဖို့ပါ။ အဲဒါကိုလည်းသဘောတူဆောင်ရွက်ပြီးပါပြီ။ သဘောတူစာချုပ်လည်း လုပ်ပြီးပါပြီ၊ အဲဒီအပြင် ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်ကလည်း နှစ်နိုင်ငံ Joint Working Group တွေ၊ နှစ်နိုင်ငံ ပူးတွဲ ဆောင်ရွက်မယ့်အဖွဲ့တွေ အစည်းအဝေးလုပ်ပြီးပါပြီ၊ အစည်းအဝေးလုပ်ပြီးတော့ သဘောတူညီချက်လည်း ရခဲ့ပါတယ်။ အဲဒီ သဘော တူညီချက်ရတဲ့ ဇန်နဝါရီ ၁၆ ရက်မှာပဲ ကျွန်တော်တို့က ဒီဘက်ကနေ ပြန်လည်လက်ခံနိုင်တယ်ဆိုတဲ့ စာရင်းတစ်ခုကို ပေးလိုက်ပါတယ်။ အဲဒီမှာ မူဆလင် ၇၅၀ နဲ့ ဟိန္ဒူဘာသာ ကိုးကွယ်တဲ့သူတွေ ၅၀၈ ဦး ပါဝင်ပါတယ်။ ဒါကို စာရင်းလည်း ပေးလိုက်တယ်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ အကြံပေးအဖွဲ့မှ အဖွဲ့ဝင်များ၊အတွင်းရေးမှူးရုံးဝန်ထမ်းများ၊ ပြည်တွင်းပြည်ပသတင်းဌာနများမှ သတင်းထောက်များ ပါဝင်သောအဖွဲ့ရခိုင်ပြည်နယ် မောင်တောဒေသနှင့် ကျောက်ဖြူမြို့တို့၌ ကြည့်ရှု လေ့လာ

ရခိုင်ပြည်နယ်၊ သံတွဲ ၊ဇန်န၀ါရီ ၂၅ နိုင်ငံတော်အတိုင်ပင်ခံရုံး ၀န်ကြီးဌာ နပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ ၊ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာ နပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းနှင့် လူမှုဝန်ထမ်း ၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနြ ပည်ထောင်စုဝန်ကြီးဒေါက်တာ ၀င်းမြတ်အေး တို့ ဦးဆောင်သော ရခိုင်ပြည်နယ် ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီအကြံပေးအဖွဲ့မှ အဖွဲ့ဝင် များ၊ အတွင်းရေးမှူးရုံးဝန်ထမ်းများ၊ ပြည်တွင်းပြည်ပသတင်းဌာနများမှ သတင်းထောက်များ ပါဝင်သော အဖွဲ့သည် (၂၄.၁.၂၀၁၈)ရက်နေ့၊ နံနက် ၈ နာရီ ၄၅ မိနစ်တွင် နေပြည်တော်မှ လေကြောင်းခရီးဖြင့် စစ်တွေမြို့သို့ ရောက်ရှိကြသည်။

မိသားစုထံပြန်လည်ဝင်ဆံ့ပေါင်းစည်းရေး ဆွေးနွေးခြင်း

ရန်ကုန်တိုင်းဒေသကြီး၊၂၀၁၈၊ ဇန်နဝါရီ ၂၅ (၂၄.၁.၂၀၁၈)ရက်နေ့၊မွန်းလွဲ(၁၅း၀၀)နာရီတွင်လူမှုဝန်ထမ်းဦးစီးဌာန၊ငှက်အော်စမ်းလူငယ်သင်တန်းကျောင်း၌ကျောင်းအုပ်ကြီး၊ဒုကျောင်းအုပ်၊ တာဝန်ရှိဝန်ထမ်းများနှင့်Tdh-Lအဖွဲ့တို့ပူးပေါင်း၍သင်တန်းကျောင်းသားများ မိသားစု ထံပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပတ်သက် ၍ဆွေးနွေး

ဂုဏ်ပြုပွဲ အခမ်းအနားကျင်းပခြင်း

မန္တလေးတိုင်းဒေသကြီး၊၂၀၁၈၊ဇန်နဝါရီ ၂၄ မန္တလေးမြို့၊အခြေခံပညာအထက်တန်းကျောင်း၊အမှတ်(၅)၌တက်ရောက်ပညာသင်ကြားနေသောလူမှုဝန်ထမ်းဦးစီးဌာန၊ လူငယ်သင်တန်းကျောင်း ၊မန္တလေးမြို့မှကျောင်းသားများတွင် အတန်းပညာ အရည်အချင်း ထူးချွန်ဆု၊ စာစီစာကုံးပြိုင်ပွဲထူးချွန်ဆုနှင့် အားကစားပြိုင်ပွဲ ထူးချွန်ဆု ရရှိခဲ့သော ကျောင်းသားများအား ထပ်ဆင့်ချီးမြှင့်ဂုဏ်ပြုပွဲအား (၂၀.၁.၂၀၁၈)ရက်နေ့၊ နံနက်(၉း၃၀)နာရီတွင် ယင်းသင်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါ သည်။

တတိယအကြိမ် မိဘအသိပညာပေးဆွေးနွေးပွဲ ကျင်းပခြင်း

ရှမ်းပြည်နယ်၊ ကျိုင်းတုံခရိုင်၊၂၀၁၈၊ဇန်နဝါရီ ၂၄ လူမှုဝန်ထမ်းဦးစီးဌာန၊ကျိုင်းတုံခရိုင်လူမှုဝန်ထမ်းရုံးကြီးကြပ်မှုအောက်ရှိတာချီလိတ်မူလတန်းကြိုကျောင်းတွင်(၂၃.၁.၂၀၁၈)ရက်နေ့၌တတိယ အကြိမ်မိဘအသိပညာပေးဆွေးနွေးပွဲအားကျင်းပပြုလုပ်ခဲ့ရာကျိုင်းတုံခရိုင်လူမှုဝန်ထမ်းရုံးမှလက်ထောက်ညွှန်ကြားရေးမှူးမှအဖွင့်အမှာ စကားပြောကြားခဲ့ပြီးကျိုင်းတုံမူလတန်းကြိုကျောင်းနှင့်တာချီလိတ်မူလတန်းကြိုကျောင်းတို့မှကျောင်းအုပ်များနှင့်တာဝန်ရှိဝန်ထမ်းများမှအသိ ပညာပေး ဆွေးနွေးဟောပြောခဲ့ပါသည်။

NV Card ကိုင်ဆောင်သူများအခွင့်အရေးအပြည့်အဝရရှိစေရေး ဖော်ဆောင်ပေးရန် ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ ၂၀၁၈၊ ဇန်နဝါရီ ၂၄ ရခိုင်ပြည်နယ်အတွင်းရှိNVCardကိုင်ဆောင်ထားသူများရရှိသင့်သည့်အကျိုးများရရှိနိုင်ရန်အတွက်ဆောင်ရွက်ပေးနိုင်ရန်ညှိနှိုင်းအစည်းအဝေး ကို(၂၂.၁.၂၀၁၈)ရက်နေ့၊ညနေပိုင်းတွင်လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြားပါသည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ အကြံပေးအဖွဲ့နှင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီတို့ တွေ့ဆုံ

နေပြည်တော်၊ ၂၀၁၈၊ဇန်နဝါရီ ၂၄ ထိုင်းနိုင်ငံအငြိမ်းစားဒုတိယဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီးProf.DrSurakiartSathirathaiဦးဆောင်သည့်ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက် များအပေါ်အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီအကြံပေးအဖွဲ့နှင့်ပြည်ထောင်စုဝန်ကြီးဒေါက်တာ ဝင်းမြတ်အေး ဦးဆောင်သည့် ရခိုင်ပြည် နယ် ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီတို့၏တွေ့ဆုံဆွေးနွေးပွဲ ကို (၂၃.၁.၂၀၁၈)ရက်နေ့ ၊နံနက် (၁၀း၀၀) နာရီ တွင်နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

စေတနာ့ဝန်​ထမ်းမူးယစ်​ကြီးကြပ်​​ရေးမှူးသင်​တန်း အမှတ်​စဉ်​ (၁ ) ၂၀၁၈ သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပခြင်း

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ၂၀၁၈၊ဇန်နဝါရီ ၂၃ လူမှုဝန်ထမ်းဦးစီးဌာန၊ ဗန်း​မော်ခရိုင်လူမှုဝန်ထမ်းရုံးခန်းမတွင်​ ​စေတနာ့ ဝန်ထမ်း မူးယစ်ကြီးကြပ်​​ရေးမှူး သင်တန်း အမှတ်စဉ် (၁)၂၀၁၈ ဆင်းပွဲ အခမ်း အနားအား (၁၉.၁.၂၀၁၈) ရက်နေ့၊ မွန်းလွဲ (၁၅း၀၀) နာရီ တွင် ကျင်းပခဲ့ရာ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဖိတ်ကြား ထားသူများနှင့်သင်တန်းသားများ တက်ရောက်ခဲ့ကြပါသည်။

ဆံသသင်တန်း အမှတ်စဉ်(၂/၂၀၁၇) သင်တန်းဆင်းပွဲကျင်းပခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ ၂၀၁၈၊ဇန်နဝါရီ ၂၃ လူမှုဝန်ထမ်းဦးစီးဌာန၊ငှက်အော်စမ်းလူငယ်သင်တန်းကျောင်း၊ကော့မှူးမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီးတွင်(၁၉.၁.၂၀၁၈)ရက်နေ့၊နံနက်(၉း၀၀) နာရီအချိန်၌ဆံသသင်တန်းအမှတ်စဉ်(၂/၂၀၁၇)သင်တန်းဆင်းပွဲအခမ်းအနားအားကျင်းပပြုလုပ်ခဲ့ရာငှက်အော်စမ်းလူငယ်သင်တန်းကျောင်း မှကျောင်းအုပ်ကြီးနှင့်ဝန်ထမ်းများ၊ဖိတ်ကြားထားသူများနှင့်သင်တန်းကျောင်းသားများတက်ရောက်ခဲ့ကြပြီးကျောင်းအုပ်ကြီးမှသင်တန်းဆင်းအမှာ စကားပြောကြားခဲ့ပါသည်။

မိခင်ဝိုင်းများဖွင့်လှစ်နိုင်ရေး အသိပညာပေးရှင်းလင်းခြင်း

မန္တလေးတိုင်းဒေသကြီး၊ ၂၀၁၈၊ဇန်နဝါရီ ၂၃ (၂၁.၁.၂၀၁၈)ရက်နေ့တွင်ပြင်ဦးလွင်မြို့နယ်၊အောင်ချမ်းသာကျေးရွာတွင်လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှမိခင်ဝိုင်းများဖွင့်လှစ်နိုင်ရေးအသိပညာပေးရှင်းလင်းခြင်းအခမ်းအနားအားကျင်းပပြုလုပ်ခဲ့ရာလူမှုဝန်ထမ်းဦးစီးဌာနဒုတိယ ညွှန်ကြားရေးမှူးချုပ်(စီမံ/ဘဏ္ဍာ)ဦးအောင်ကျော်မိုး၊တက်ရောက်အမှာစကားပြောကြားခဲ့ပြီးမန္တလေးတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၊တိုင်းဒေသကြီး ဦးစီးမှူးဦးကျော်ဝင်း၊ပြင်ဦးလွင်ခရိုင်လူမှုဝန်ထမ်းရုံးမှခရိုင်ဦးစီးမှူး၊ပြင်ဦးလွင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ဒုအုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိပုဂ္ဂိုလ်များမှအသိပညာပေးရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။