Universal Periodic Review – Myanmar အစီရင်ခံစာ၏ အကြံပြုတိုက်တွန်းချက်နှင့် အကောင်အထည်ဖော်ဆောင်ရွက်မှု

လူမှုဝန်ထမ်းဉီးစီးဌာနရှိ သင်တန်းကျောင်းများတွင် ကလေးသူငယ်ဥပဒေပါ ကလေးသူငယ်များ၏ အခွင့်အရေးများ ရရှိအောင် ဆောင်ရွက်လျက်ရှိရာတွင် လူမျိုး၊ ဘာသာ၊ ခွဲခြားမှု မရှိဘဲ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ပေးခြင်း၊ ကျား/မခွဲခြားမှုမရှိဘဲ တန်းတူ ပညာ သင်ယူစေခြင်းနှင့် ပါဝင်ဆောင်ရွက်ခွင့် အခွင့်အလမ်းများ ပေးခြင်း၊ ကလေးများ၏ ရင်တွင်းခံ စားချက်များကို နားထောင်ပေး၍ လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်း၊ ကလေးတိုင်း မွေးစာရင်းရရှိရေးအတွက် ကျန်းမာရေး ဝန်ကြီးဌာနနှင့်လည်းကောင်း၊

လူငယ်စောင့်ရှောက်ရေးလုပ်ငန်း

သင်တန်းကျောင်းအခြေပြုစောင့်ရှောက်ရေးလုပ်ငန်း ၁။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနသည် ကာကွယ်စောင့်ရှောက်ရန် လိုအပ်သော ကလေးနှင့်လူငယ်များအတွက် လူငယ်သင်တန်း ကျောင်း (၁၀)ကျောင်း ဖွင့်လှစ်၍ မိမဲ့၊ဘမဲ့၊မိဘမဲ့၊ခိုကိုးရာမဲ့ကလေးများ၊ လေလွင့် ကလေးငယ်များ၊ လမ်းပေါ်နေကလေးများ၊ ကလေးသူငယ်တရားရုံးမှ အမိန့်ချမှတ်၍ အကျင့် စာရိတ္တပြုပြင်ရန် ပို့အပ်လာသောကလေးများ၊ ကလေးသူငယ် တရားရုံးတွင် ပြစ်မှုရင်ဆိုင်ဆဲ ကလေးများ၊ ကလေးသူငယ် ဥပဒေ ပုဒ်မ ၃၂ အရ ကာကွယ်စောင့်ရှောက်ရန် လိုအပ်သူများ အား လက်ခံ၍ အခြေခံစားဝတ်နေရေး ဖြည့်ဆည်းပေးခြင်း၊ စိတ်ပိုင်း၊ ရုပ်ပိုင်း၊ အကျင့် စာရိတ္တပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်လာရေးအတွက် လူမှုဝန်ထမ်းနည်းလမ်းများဖြင့် ဆောင်ရွက်ပေးခြင်း၊ အတန်းပညာ၊ သက်မွေးပညာများ သင်ကြားပေးခြင်းနှင့် သင်ကြားနိုင် ရေးအတွက် ချိတ်ဆက်ပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှု ရရှိနိုင်ရေးအတွက် သက်ဆိုင်သည့် ဝန်ကြီးဌာနများ၊ ဦးစီးဌာနများနှင့် ချိတ်ဆက်ခြင်းများကို ဆောင်ရွက်ပေးလျက် ရှိပါသည်။ လက်ရှိတွင် ကလေးသူငယ် (၁၅၉၀)ဦး ကို လက်ခံစောင့်ရှောက်ပေးလျက် ရှိပါသည်။

လူငယ်ရေးရာမူဝါဒ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနတို့မှ ဦးဆောင်၍ ဆက်စပ်ဝန်ကြီးဌာနများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ လူငယ်များနှင့် ပူးပေါင်း ပြီး မြန်မာနိုင်ငံအတွင်းရှိ လူငယ်များဘက်စုံ တိုးတက်သောနိုင်ငံ့သားကောင်းများ ဖြစ်လာ စေရေးအတွက် လူငယ်မူဝါဒ တစ်ရပ် စတင်ရေးဆွဲအကောင် အထည်ဖော်ဆောင်ရွက်ခဲ့ရာ မြန်မာ့လူငယ်ထုအတွက် အောင်မြင်မှု မှတ်တိုင်ဖြစ်သည့် မြန်မာနိုင်ငံလူငယ် ရေးရာမူဝါဒကို ၂၀၁၇ခုနှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့တွင် ပြည်ထောင်စုအစိုးရအဖွဲ့မှ အတည်ပြုပေးခဲ့ပြီး၊ ၂၀၁၈ခုနှစ်၊ ဇန်နဝါရီလ (၅) ရက်နေ့တွင် နေပြည်တော်၊ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန(၂)တွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ကိုယ်တိုင် မိတ်ဆက်ဖြန့်ချိပေးခဲ့ပါသည်။

လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုစနစ်တည်ဆောက် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း

လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုစနစ်တည်ဆောက် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများ၊ နိုင်ငံတကာနှင့် ပြည်တွင်းအစိုးရ မဟုတ်သော အဖွဲအစည်းများနှင့်ပူးပေါင်း၍ လူမှုရေးရာဖြစ်ရပ် စီမံခန့်ခွဲမှုလုပ်ငန်းစဉ်ကို ၂၀၁၅ ခုနှစ်တွင်မြို့နယ်(၂၇)မြို့နယ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။ ၂၀၁၆ ခုနှစ်တွင် မြို့နယ်(၁၀)မြို့နယ် တိုးချဲ့ခဲ့ပါသည်။ လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှု လုပ်ငန်းလမ်းညွှန် ကို ၂၀၁၅ခုနှစ်၊ နိုဝင်ဘာလတွင် ထုတ်ပြန်နိုင်ခဲ့ပါသည်။
လူမှုရေးရာ ဖြစ်ရပ်စီမံခန့်ခွဲမှုစနစ်ဆိုသည်မှာ ရပ်ရွာအတွင်းလူမှုရေးဆိုင်ရာ ပြဿနာ များဖြေရှင်းရာတွင် စနစ်တကျလေ့ကျင့်ပေးထားသော

လူမှုကာကွယ်စောင့်ရှောက်ရေးဌာနခွဲ (Social Protection Division)

လူမှုကာကွယ်စောင့်ရှောက်ရေးဌာနခွဲ (Social Protection Division)
ကိုယ်ဝန်ဆောင်မိခင်များနှင့်၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက်ကလေးသူငယ် များအားငွေကြေးထောက်ပံ့သည့်အစီအစဉ် (Maternal and Child Cash Transfer)
၁။ ကိုယ်ဝန်ဆောင် မိခင်နှင့်၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေး သူငယ်များအား ငွေကြေးထောက်ပံ့ခြင်းအစီအစဉ်ကို ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ များတွင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ၎င်း အစီအစဉ်၏ ရည်ရွယ်ချက်မှာ လူ့ဘဝအစရက်(၁၀၀၀)အတွင်း အာဟာရဆိုင်ရာ လိုအပ်ချက်များ အပြည့်အဝရရှိနိုင်ပြီး ဦးနှောက်နှင့်ခန္ဓာကိုယ် ကောင်းစွာဖွံ့ဖြိုးနိုင်စေရန် ဖြစ်ပါသည်။

မသန်စွမ်းသူများ ပြုစုစောင့်ရှောက်ရေးလုပ်ငန်း

    လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် မသန်စွမ်းသူများအား သင်တန်းကျောင်းအခြေပြုစောင့် ရှောက်ခြင်းလုပ်ငန်းကို စောင့်ရှောက်ပေးလျက်ရှိပါသည်။ မသန်စွမ်းသူများ၏ အသက်အရွယ်နှင့် မသန်စွမ်းမှုအမျိုးအစားအလိုက် အောက်ပါသင်တန်းကျောင်း(၈)ကျောင်းကို ဖွင့်လှစ်ပြီး မသန်စွမ်း သူများအား ပြုစုစောင့်ရှောက်ပေးလျက်ရှိပါသည်-

(က) မျက်မမြင်ကျောင်း(၂)ကျောင်း(ကြည့်မြင်တိုင်၊ စစ်ကိုင်း)
( ခ) နားမကြားသောကလေးများကျောင်း(၂)ကျောင်း (ရန်ကုန်၊ မန္တလေး)
( ဂ) မသန်စွမ်းသက်ငယ်သင်တန်းကျောင်း(၂)ကျောင်း (ရန်ကုန်၊ မန္တလေး)
(ဃ) မသန်စွမ်းကလေးများပြုစုစောင့်ရှောက်ရေးဂေဟာ (၁)ခု (ရန်ကုန်)
( င) မသန်စွမ်းသက်ကြီးသင်တန်းကျောင်း(၁)ကျောင်း (ရန်ကုန်)

အာဆီယံ ကလေးသူငယ်များ ဘက်စုံဖွံ့ဖြိုးမှုဆိုင်ရာလုပ်ငန်းများ

    -    ၁၉၉၅ခုနှစ်၊ အောက်တိုဘာ လတွင် စင်ကာပူ နိုင်ငံ၌ ကျင်းပခဲ့သည့် မိသားစုနှင့် ကလေးများ ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ အစည်းအဝေးတွင် အာဆီယံ ဒေသဆိုင်ရာ ဗဟိုအဖွဲ့ ထူထောင်ခြင်းနှင့် ကွန်ယက် ချိတ်ဆက် ဆောင်ရွက်ရေးကို ဆောင်ရွက်ရန် အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ အတည်ပြုခဲ့ပါသည်။

    -    အာဆီယံ ဒေသအတွင်း ECCD စီမံချက်ကို အဆင့်(၂)ဆင့်ဖြင့် ဆောင်ရွက်ခဲ့ပါသည်။

    -    ပထမ အကြိမ် အဖြစ် စင်ကာပူ နိုင်ငံတွင် ၁၉၉၉ ခုနှစ် ဇွန်လ (၂)ရက် မှ (၄)ရက်ထိ ကျင်းပပြုလုပ် သည့် အာဆီယံ- ECCD ဆိုင်ရာ ပထမအဆင့် ကျွမ်းကျင်သူများ အစည်းအဝေး၊

    -    ဖိလစ်ပိုင် နိုင်ငံ၊ အီလိုအီလိုမြို့တွင် ၂၀၀၀ ခုနှစ်၊ အောက်တိုဘာလ (၁၀)ရက်မှ (၁၂)ထိ ကျင်းပ ပြုလုပ်သည့် အာဆီယံ- ECCDဆိုင်ရာ ဒုတိယအဆင့် ပထမအကြိမ် အစည်းအဝေး၊

    -    ထိုင်းနိုင်ငံ၊ ဘန်ကောက် မြို့တွင် ၂၀၀၃ ခုနှစ်၊ မတ်လ (၃)ရက် မှ (၆)ရက်ထိ ကျင်းပ ပြုလုပ်သည့် အာဆီယံ- ECCD ဆိုင်ရာ ဒုတိယ အဆင့် ဒုတိယအကြိမ် အစည်းအဝေး၊

    -    အင်ဒိုနီးရှား နိုင်ငံ၊ ဂျာကာတာ မြို့တွင် ၂၀၀၄ ခုနှစ်၊ သြဂုတ်လ (၂၃)ရက် မှ (၂၆)ရက်ထိ ကျင်းပပြုလုပ် သည့် အာဆီယံ- ECCD ဆိုင်ရာ ဒုတိယ အဆင့် တတိယ အကြိမ် အစည်းအဝေး၊

    -    ဗီယက်နမ် နိုင်ငံ၊ ဟနွိုင်း မြို့တွင် ၂၀၀၅ ခုနှစ်၊ အောက်တိုဘာလ (၁၉)ရက်မှ (၂၁)ရက် ထိ ကျင်းပ ပြုလုပ်သည့် အာဆီယံ- ECCD ဆိုင်ရာ ဒုတိယ အဆင့် စတုတ္တအကြိမ် အစည်းအဝေး တို့ကို ကျင်းပ ပြုလုပ်ခဲ့ပါသည်။

ရပ်ရွာအခြေပြုသက်ကြီးရွယ်အိုစောင့်ရှောက်ရေး

      မြန်မာနိုင်ငံတွင် ကိုရီးယားအာဆီယံ အိမ်တိုင်ရာရောက် သက်ကြီး ရွယ်အို စောင့်ရှောက်ရေး စီမံကိန်းကို ၂၀၀၄ ခုနှစ်မှ စတင်၍ ဆောင်ရွက် ခဲ့ပါသည်။ စီမံကိန်း၏ အဓိက ရည်ရွယ်ချက်မှာ အကြောင်း အမျိုးမျိုးကြောင့် ဆင်းရဲ နွမ်းပါးပြီး အထီးကျန် ဆန်နေသော သက်ကြီး ရွယ်အိုများကို လူမှုရေးနှင့် ကျန်းမာရေး အရ စောင့်ရှောက်မှု ပေးခြင်းဖြင့် ၄င်းတို့၏ ဘဝ ပိုမိုကောင်းမွန်စွာ နေထိုင် နိုင်ရေး ဖြစ်ပါသည်။

သက်ကြီးရွယ်အိုစောင့်ရှောက်ရေးလုပ်ငန်း

      မြန်မာနိုင်ငံသည် အခြား နိုင်ငံများကဲ့သို့ သက်ကြီးရွယ်အို အလွန်အမင်း များပြားသည့် ပြဿ      နာကို ရင်မဆိုင်ရ သေးသော်လည်း နောင်လာမည့် ဆယ်စုနှစ်များတွင် ယင်းပြဿ      နာကို ရင်ဆိုင်ရမည် ဖြစ်ပါသည်။ တိုးပွားလာမည့် သက်ကြီးရွယ်အို များအားလုံး ဂုဏ်သိက္ခာရှိရှိနှင့် သွက်လက် ကျန်းမာပြီး လုံခြုံစိတ်ချ ရတဲ့ဘဝမျိုးဖြင့် လျှောက်လှမ်း နိုင်မည့် အစီအစဉ်ကို လူမှုဝန်ထမ်းဦးစီးဌာနမှ

မြန်မာ-ထိုင်း လူကုန်ကူးခံရသူများ ပြန်လည်ပို့ဆောင်ရေးအတွက် လိုအပ်သော စံလုပ်ငန်းဆောင် ရွက်မှုအစီအစဉ်များ

      မြန်မာ- ထိုင်းနှစ်နိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေး နားလည်မှု စာချွှန်လွှာကို ၂၀၀၉ ခုနှစ်၊ ဧပြီလ (၂၄)ရက်နေ့တွင် လက်မှတ် ရေးထိုးခဲ့ပါသည်။ ၄င်းစာချွှန်လွှာ အရ မြန်မာ-ထိုင်း လူကုန်ကူးမှု ပူးပေါင်း တိုက်ဖျက်ရေး နှစ်အလိုက် လုပ်ငန်း အစီအစဉ်ကို နှစ်နိုင်ငံ ပူးတွဲရေးဆွဲ ခဲ့ကြပြီး လုပ်ငန်း အစီအစဉ်တွင် အဓိက လုပ်ငန်းဧရိယာ (၆)ရပ် ပါဝင်ပါသည်။ လူကုန်ကူး ခံရသူများအား ပြန်လည် လက်ခံရေး၊ မိဘရပ်ထံ ပြန်လည် အပ်နှံရေးနှင့် မိသားစု ပြန်လည် ပေါင်းစည်းရေး လုပ်ငန်း ဧရိယာအရ မြန်မာ-ထိုင်း နှစ်နိုင်ငံ လူကုန်ကူး ခံရသူများအား စနစ်တကျ လွှဲပြောင်းရေး လုပ်ငန်း လမ်းညွှန်ကို ရေးဆွဲလျက် ရှိပါသည်။