ဒုတိယဝန်ကြီး၊ဦးစိုးအောင်အား ဖိလစ်ပိုင်နိုင်ငံကြက်ခြေနီအသင်းဥက္ကဌ Senator Richard Gordon နှင့်မြန်မာနိုင်ကြက်ခြေနီအသင်းဂုဏ်ထူးဆောင်ဥက္ကဌ ပါမောက္ခဒေါက်တာသာလှရွှေတို့က လာရောက်တွေ့ဆုံ

နေပြည်တော်။၂၀၁၇၊အောက်တိုဘာ၁၉

          ဒုတိယဝန်ကြီး ဦးစိုးအောင်အား ဖိလစ်ပိုင်နိုင်ငံကြက်ခြေနီအသင်းဥက္ကဌ Senator Richard Gordon ၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဂုဏ်ထူးဆောင်ဥက္ကဌပါမောက္ခဒေါက်တာသာလှရွှေနှင့်ဥက္ကဌဖြစ်သူပါမောက္ခဒေါက်တာဒေါ်မြသူတို့အဖွဲ့က(၁၇.၁၀.၂၀၁၇)ရက်နေ့၊ညနေပိုင်း တွင်အဆိုပါဝန်ကြီးရုံး၊မေခလာခန်းမ၌လာရောက် တွေ့ဆုံခဲ့ပါသည်။

          ထိုသို့တွေ့ဆုံရာတွင်ယခုလိုလက်ခံတွေ့ဆုံသည့်အတွက်ကျေးဇူးတင်ရှိပါကြောင်း၊ရခိုင်ပြည်နယ်မြောက်ပိုင်းတွင်နိုင်ငံတော်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်နေသည့် Red Cross Movement ကြက်ခြေနီလှုပ်ရှားမှု မှတဆင့် လူသားချင်းစာနာကူညီမှုလုပ်ငန်းများ ဆောင်ရွက်နေ သည်ကိုသိရှိထောက်ခံပါကြောင်း၊အဆိုပါလှုပ်ရှားမှုအနေနှင့်နေရပ်စွန့်ခွာရွှေ့ပြောင်းနေရသူများအားတပြေးညီထောက်ပံ့ပေးလျက်ရှိသည့် ကိစ္စများ၊ နိုင်ငံတော်အဆင့်နှင့် ဒေသခံအဆင့် ကြက်ခြေနီအဖွဲ့များ ပိုမိုခိုင်မာစေရးကိစ္စများ၊ အခက်အခဲများ၊ စိန်ခေါ်မှုများကို နိုင်ငံတော် အစိုးရနှင့်ပူးပေါင်း၍ အဖြေရှာ ဆောင်ရွက်သွားးမည် ဖြစ်ကြောင်း၊ အသက်အိုးအိမ်စည်းစိမ်များကို ကယ်တင်၍ လူနေမှုဘဝ တိုးတက်မြင့်မားစေရန် ဆောင်ရွက်သွားမည့်ကိစ္စရပ်များ၊ လူငယ်များ၏ အင်အားကို အသုံးပြု၍ အရေးပေါ်အခြေအနေန တုံ့ပြန်နိုင်ရေး ကိစ္စရပ်များ၊ ရခိုင်ပြည်နယ် မြောက်ပိုင်း ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ကူညီမည့်ကိစ္စရပ်များ၊ ကြက်ခြေနီ အဖွဲ့အနေဖြင့် မြန်မာနိုင်ငံအား ကူညီရန်အသင့်ရှိပါကြောင်း တို့ကို ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

         

FacebookTwitter