ရပ်ရွာအခြေပြု စက်ချုပ်ပညာ သင်တန်းဖွင့်ပွဲခြင်း

  စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီဇင်ဘာ ၈

စစ်ကိုင်းတိုင်းဒေသကြီးမုံရွာမြို့နယ် ကြာပိုင်ကျေးရွာတွင် (၆.၁၂.၂ဝ၁၇)ရက်နေ့၌ ရပ်ရွာအခြေပြု စက်ချုပ်ပညာ သင်တန်းဖွင့်ပွဲကိုအဆိုပါကျေးရွာ ၌ သင်တန်းသူ (၂၅)ဦးဖြင့်ဖွင့်လှစ်ထားရှိပါသည်။ အဆိုပါသင်တန်းကို အမျိုးသမီးများ စွမ်းဆောင်ရည်မြင့်မားရေးနှင့် အလုပ်အကိုင်   အခွင့်အလမ်း ရရှိရေးအတွက် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်းပညာအဖြစ် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ကြောင်း    စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံး၊တိုင်းဒေသကြီးဦးစီးမှူးမှ အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။

FacebookTwitter