ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက ပြည်သူ့အတွက် လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရေး ယူနီဆက် (မြန်မာ)နှင့် ဆွေးနွေး

နေပြည်တော်
၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀)ရက်

ယမန်နေ့ညနေပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား အဆိုပါဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ယူနီဆက် (မြန်မာ) လူမှုကာကွယ်စောင့်ရှောက်ရေး အကြံပေးဖြစ်သူ Mr. Michael Samson က လာရောက်တွေ့ဆုံပြီး လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်ခြင်းနှင့် စပ်လျဉ်း၍ စီမံချက်ရေးဆွဲရာတွင် အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် အဓိကထည့်သွင်းသင့်သည့် အချက်များ၊ ထည့်သွင်းစဉ်းစားရမည့် ကုန်ကျငွေများ၊ လိုအပ်မည့် လူသားအရင်းအမြစ်များ၊ စောင့်ကြည့်လေ့လာခြင်းနှင့် အကဲဖြတ်ခြင်း လုပ်ငန်းများကို ကာလလတ် အစီအစဉ်ဖြင့် စီမံချက်ချ ရေးဆွဲထားမှုကို တင်ပြခဲ့ပါသည်။

လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများသည် ပြည်သူကို တိုက်ရိုက်အကျိုးရှိစေပြီး နိုင်ငံတော် အစိုးရက ဦးစားပေး ဆောင်ရွက်လျှက်ရှိသည့် လုပ်ငန်းများဖြစ်ရာ အခြားသက်ဆိုင်ရာ ၀န်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပြီး ရန်ပုံငွေပိုင်းဆိုင်ရာ စီစဉ်ထားရှိကာ နိုင်ငံတော်၏ ဦးစားပေးအဆင့် သတ်မှတ်ချက်ဖြင့် ရန်ပုံငွေခွဲဝေမှုတွင် တိုးမြှင့်ရရှိရန် လိုအပ် ကြောင်း ဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် ယူနီဆက်(မြန်မာ)မှ တာဝန်ရှိ သူများ တက်ရောက်ခဲ့ကြပါသည်။

FacebookTwitter