ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအားASEAN-Korea Centre(AKC) Secretary General ဖြစ်သူ H.E Mr.Lee Hyukဦးဆောင်သောအဖွဲကလာရောက်တွေ့ဆုံ

နေပြည်တော်၊ ၂၀၁၈ခုနှစ်၊ ဇွန်လ ၂၂ ရက်

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာ ဝင်းမြတ်အေးအား ASEAN-Korea Centre(AKC) Secretary General ဖြစ်သူ H . E Mr. LeeHyuk ဦးဆောင်သောအဖွဲ့က(၂၁.၆.၂၀၁၈)ရက်နေ့၊နံနက်ပိုင်းတွင်အဆိုပါဝန်ကြီး ရုံး မေခလာခန်းမ၌ လာရောက်တွေ့ဆုံပါသည်။          ထိုသို့တွေ့ဆုံရာတွင်ASEANKoreaCentre(AKC)အဖွဲ့အနေဖြင့်အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်လူမှုရေးနှင့်ယဉ်ကျေးမှုဆိုင်ရာကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေးမှုမြှင့်တင်ရေးအကောင်အထည်ဖေါ်နေပါကြောင်း၊အာဆီယံကိုရီးယားပူးပေါင်းဆောင်ရွက်ရေးတွင်အနာဂါတ်ေ ခါင်းဆောင်များဖြစ်သည့်ယနေ့လူငယ်များ၏အခန်းကဏ္ဍကိုနားလည်ပြီးလူငယ်လေ့လာရေး၊ဖလှယ်ရေးအစီအစဉ်များအားအဓိကထားဆောင် ရွက်နေပါကြောင်း၊ကိုရီးယားနိုင်ငံတွင်ပညာသင်ကြားနေသောမြန်မာကျောင်းသား၊ကျောင်းသူ(၅၀၀)နှင့်လည်းလူငယ်ဆိုင်ရာအစီအစဉ်များဆောင် ရွက်နေပါကြောင်း၊ဖွံ့ဖြိုးတိုးတက်မှုအလားအလာမြှင့်မားသောမြန်မာနိုင်ငံတွင်ကိုရီးယားနိုင်ငံမှရင်းနှီးမြှပ်နှံမှုများမြှင့်တင်လိုပြီးစွန့်ဦးတီထွင် လူငယ်များနှင့်သက်ဆိုင်သောအစီအစဉ်များဆောင်ရွက်လိုပါကြောင်း၊အာဆီယံ-မြန်မာပူးပေါင်းဆောင်ရွက်မှုအထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲ ကျင်းပလိုပြီး ဆုရရှိသူအား ကိုရီးယားနိုင်ငံသို့ အလည်အပတ် ဖိတ်ခေါ်မည့်အစီအစဉ်ရှိပါကြောင်း၊ ASEAN-Korea Centre(AKC)အနေဖြင့် မြန်မာ-ကိုရီးယားပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်မည့်ကိစ္စရပ်များအားမေးမြန်းဆွေးနွေးပြီးဝန်ကြီးဌာနအနေဖြင့်လည်းလူငယ်များ၏အခန်း ကဏ္ဍကို အလေးထားခြင်းဖြင့် လူငယ်ဆိုင်ရာမူဝါဒအား ချမှတ်ထားမှုနှင့်မူဝါဒအကောင်အထည်ဖေါ်ဆောင်ရေးလုပ်ငန်းအစီအစဉ်ရေးဆွဲထားပြီး အတည်ပြုရန်တင်ပြထားသည့်ကိစ္စများ၊၀န်ကြီးဌာနရှိမူလတန်းကြိုကျောင်းများနှင့်သင်တန်းကျောင်းများတွင်ကိုရီးယားလူငယ်စေတနာ့ဝန်ထမ်းများ လာရောက်လုပ်အားပေးနေမှုနှင့်၎င်းတို့၏ပူးပေါင်းဆောင်ရွက်နေမှုကိစ္စများ၊စေတနာ့ဝန်ထမ်းလုပ်အားပေးကိုရီးယားလူငယ် များ ကာလတို ကာလရှည်လာရောက် ကူညီဆောင်ရွက်နိုင်ရေးကိစ္စများနှင့် လူငယ်ကဏ္ဍ၌နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စများကိုဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

FacebookTwitter