UNHCR မှ အာရှ ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူးဖြစ်သူ Mr. Indrika Ratwatte နှင့်အဖွဲ့က ဒုတိယ၀န်ကြီး ဦးစိုးအောင်အား လာရောက်တွေ့ဆုံ

UNHCR မှ အာရှ ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူးဖြစ်သူ Mr. Indrika Ratwatte နှင့်အဖွဲ့သည် ယနေ့နံနက်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးစိုးအောင်အား လာရောက်တွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် ၀န်ကြီးဌာနနှင့် သဘောတူညီမှုစာလွှာ (LOA) ရေးထိုးI ကချင် ပြည်နယ်ရှိ ခိုလှုံရေးစခန်းများတွင် လူသားချင်းစာနာမှုအကူအညီများ ထောက်ပံ့ပေးမှုကိစ္စများ၊ လုပ်ငန်းများ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရန် နားလည်မှုစာချွန်လွှာ (MOU) ရေးထိုးနိုင်ရန် ဆောင်ရွက်နေမှုများ၊ ရခိုင်ပြည်နယ်တွင် နေရပ်စွန့်ခွာသူများအား  လူသားချင်းစာနာကူညီမှုများ ထောက်ပံ့နိုင်ရေး ဒေသဆိုင်ရာအစိုးရအဖွဲ့၏ အကူအညီအပြင် စေတနာ့ဝန်ထမ်းလူငယ်များ နှင့်လည်း ပူးပေါင်းဆောင်ရွက်မှုများ၊ ခိုလှုံရေးစခန်းများ ပိတ်သိမ်းနိုင်ရေး နိုင်ငံတော်အဆင့် မဟာဗျူဟာချမှတ်နိုင်ရေး UNHCR မှ ကူညီပံ့ပိုးမည့်ကိစ္စများ၊ မြန်မာ-ထိုင်းနယ်စပ်ရှိ နေရပ်ရွှေ့ပြောင်းသူများ ပြန်လာနိုင်ရေးအတွက် ၀န်ကြီးဌာနမှ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်နေမှုများ၊ မိုင်းအန္တရာယ်အသိပညာပေးလုပ်ငန်းများအား ကရင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ပဲခူးတိုင်းတို့တွင် ၀န်ကြီးဌာနမှ ဦးဆောင်ပြုလုပ်နေမှုများ ဆွေးနွေးပြီး UNHCR အနေဖြင့် ၀န်ကြီးဌာန၏ ကြိုးပမ်းဆောင်ရွက်နေမှုများအား အသိအမှတ်ပြု ကျေးဇူးတင် ကြောင်း ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

FacebookTwitter